မူးယစ်ဆေးမှုဖြင့် ထောင်ကျနေသည့် တရုတ် နိုင်ငံသားတစ်ဦး ဗန်းမော်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ထွက်ပြေးသွား
|မူးယစ်ဆေးမှုဖြင့် ထောင်ကျနေသည့် တရုတ် နိုင်ငံသားတစ်ဦး ဗန်းမော်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ထွက်ပြေးသွား
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ တရုတ် နိုင်ငံသားတဦး ဗန်းမော်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့အချိန် ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်းက ထွက်ပြေး သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခု ထွက်ပြေးသွားသူဟာ ဗန်းမော် အကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၃ နှစ် ကျခံနေရတဲ့ အသက် ၂၆ နှစ်အ ရွယ် မာဒွတ်အမည်ရှိတဲ့ အကျဉ်းသား တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ လုံချွမ်ခရိုင် မန်ရွက် ကျေးရွာမှာ နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အကျဉ်းသားဟာ နှလုံးရောဂါကြောင့် အမောဖောက်တဲ့အတွက် ဗန်းမော် ပြည်သူ့ ဆေးရုံကြီးကို တင်ပို့ဖို့ အကျဉ်းထောင် လက်ထောက် ဆရာဝန်ရဲ့ ဆေးမှတ်ချက်အရ ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက အကျဉ်းထောင်ကနေ ဗန်းမော်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို ဆေးကုသမှု ခံယူနေတဲ့အချိန် ဇူလိုင်လ ၉ ရက်နေ့ မနက် ၃ နာရီက ထွက်ပြေးသွား တဲ့အတွက် ဗန်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အကျဉ်းဦးစီး ဝန်ထမ်းတွေက ပြန်လည် ဖမ်းဆီးရမိရေးအတွက် လိုက်လံရှာဖွေ စုံစမ်းနေပါတယ်။
အဆိုပါ တရုတ်နိုင်ငံသားဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လ က တရုတ် မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့မှာ ဘိန်းဖြူနဲ့ WY မူးယစ်ဆေးဝါးတွေကို တွေ့ရှိခဲ့တဲ့အတွက် ဗန်းမော် အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ကျခံနေ ရတာလည်းဖြစ်ပါတယ်။ Ref ; DVB
Unicode … မူးယစ်ဆေးမဖြင့် ထောင်ကျနေသည့် တရုတ် နိုင်ငံသားတစ်ဦး ဗန်းမော်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမ ခံယူနေစဉ် ထွက်ပြေးသွား
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မာ မူးယစ်ဆေးဝါးမနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ တရုတ် နိုင်ငံသားတဦး ဗန်းမော်ပြည်သူ့ ဆေးရုံကြီးမာ ဆေးကုသမ ခံယူနေတဲ့အချိန် ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်းက ထွက်ပြေး သွားခဲ့တယ်လို့ တာဝန်ရသူတွေက ပြောပါတယ်။
အခု ထွက်ပြေးသွားသူဟာ ဗန်းမော် အကျဉ်းထောင်မာ မူးယစ်ဆေးဝါးမနဲ့ ထောင်ဒဏ် ၁၃ နစ် ကျခံနေရတဲ့ အသက် ၂၆ နစ်အ ရွယ် မာဒွတ်အမည်ရတဲ့ အကျဉ်းသား တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ လုံချွမ်ခရိုင် မန်ရွက် ကျေးရွာမာ နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အကျဉ်းသားဟာ နလုံးရောဂါကြောင့် အမောဖောက်တဲ့အတွက် ဗန်းမော် ပြည်သူ့ ဆေးရုံကြီးကို တင်ပို့ဖို့ အကျဉ်းထောင် လက်ထောက် ဆရာဝန်ရဲ့ ဆေးမတ်ချက်အရ ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက အကျဉ်းထောင်ကနေ ဗန်းမော်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမ ခံယူခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို ဆေးကုသမ ခံယူနေတဲ့အချိန် ဇူလိုင်လ ၉ ရက်နေ့ မနက် ၃ နာရီက ထွက်ပြေးသွား တဲ့အတွက် ဗန်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အကျဉ်းဦးစီး ဝန်ထမ်းတွေက ပြန်လည် ဖမ်းဆီးရမိရေးအတွက် လိုက်လံရဖွေ စုံစမ်းနေပါတယ်။
အဆိုပါ တရုတ်နိုင်ငံသားဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနစ် မတ်လ က တရုတ် မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့မာ ဘိန်းဖြူနဲ့ WY မူးယစ်ဆေးဝါးတွေကို တွေ့ရခဲ့တဲ့အတွက် ဗန်းမော် အကျဉ်းထောင်မာ ထောင်ဒဏ် ၁၃ နစ် ပြစ်ဒဏ်ကျခံနေ ရတာလည်းဖြစ်ပါတယ်။ Ref ; DVB