ပုသိမ်ဆေးရုံကြီးသို့ ငွေကျပ် သိန်း ၂၀၀ သွားရောက် လှူဒါန်းခဲ့တဲ့အဆိုတော် လင်းလင်းနှင့် ဇနီး ချစ်သုဝေ

ပုသိမ်ဆေးရုံကြီးသို့ ငွေကျပ် သိန်း ၂၀၀ သွားရောက် လှူဒါန်းခဲ့တဲ့အဆိုတော် လင်းလင်းနှင့် ဇနီး ချစ်သုဝေ

ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကုတင်း ၅၀၀ ပြည့်သူဆေးရုံကြီးသို့ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းက အဆိုတော် လင်းလင်း နှင့် ဇနီးဖြစ်သူချစ်သုဝေ တို့လာရောက်ပြီး ငွေကျပ်သိန်း၂၀၀ လှူ ဒါန်းခဲ့တယ်လို့ ဆေးရုံကြီး တာဝန်ရှိသူထံက သိရပါတယ်။

အဆိုတော် လင်းလင်းနှင့် ဇနီး ချစ်သုဝေတို့သည် ခေတ်သစ် ဖောင်ဒေးရှင်း အနေဖြင့် COVID 19 ကာလအတွင်း ကျန်ရှိသောအလှူ ငွေလက်ကျန်အား ပုသိမ် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ထံ လာရောက်လှူ ဒါန်းခဲ့တယ်လို့ ချစ်သုဝေက ၎င်းရဲ့ဖေ့ဘွတ်စ့် စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။

ဧရာဝတီတိုင်း သဲကုန်းအုပ်စု အုန်းချောင်းကျေးရွာတွင် ကျေးလက် ဆေးပေးခန်း ဆောက်လုပ်ဖို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ထံ ခေတ်သစ် ဖောင်ဒေးရှင်းအနေနဲ့ ငွေကျပ်သိန်း၂၀၀ လှူဒါန်းပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကုန်းလမ်းရေလမ်းနဲ့ သွားလာရတဲ့ ဧရာဝတီတိုင်း သဲကုန်းအုပ်စု ကျေးရွာ ၇ ရွာအတွက် သားဖွားခန်းအပါ ကျေးလက် ဆေးခန်းလေးမှာ အလွန်လိုအပ်လှတဲ့ ကျန်းမာရေး လိုအပ်ချက်ဖြစ်တယ်လို့ ချစ်သုဝေက ၎င်းရဲ့ဖေ့ဘွတ်စ့် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ဒါပြင် ကျန်းမာရေး လိုအပ်ချက်တွေရှိနေတဲ့ ခရီးလမ်း ပန်းသွားလာရခက်ခဲတဲ့ နေရာတွေမှာ တာဝန်ထမ်း ဆောင်နေတဲ့ တာဝန်ကျဆရာမလေးတွေရဲ့ လုပ်ငန်းခွင် လုံခြုံမှု၊ ကာကွယ်ဆေး ထိုးခြင်း၊သားဖွားခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှူများ ပြုလုပ်နိုင်ခြင်း၊ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်နိုင်ခြင်း စတာတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက ကျန်းမာရေး လိုအပ်ချက်တွေ ရှိနေတဲ့ ခရီးလမ်းပန်း သွားလာရ ခက်ခဲတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင် နေတဲ့ ဆရာမများနဲ့လည်း ဓာတ်ပုံတွဲရိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံ – ချစ်သုဝေ (facebook)

Add a Comment

Your email address will not be published. Required fields are marked *