ဦးကျော်ဟိန်း သေတာနဲ့ပတ်သတ်ပြီး ရုပ်ရှင်လောက ကလူတွေ ဖောရှောလုပ်ကြဦးမယ်လို့ ပြောလာတဲ့ သရုပ်ဆောင် ဖိုးကျော်
|ဦးကျော်ဟိန်း သေတာနဲ့ပတ်သတ်ပြီး ရုပ်ရှင်လောက ကလူတွေ ဖောရှောလုပ်ကြဦးမယ်လို့ ပြောလာတဲ့ သရုပ်ဆောင် ဖိုးကျော်
ပြည်သူချစ် နိုင်ငံကျော် မင်းသားကြီး ဦးကျော်ဟိန်းကတော့ ရဟန်းဘဝ နဲ့ ယမန်နေ့ မနက်က ပျံလွန်တော် မူသွားခဲ့ပါတယ်။ ဦးကျော်ဟိန်း ဟာ ၎င်းရဲ့ တူတော်စပ်သူ သရုပ်ဆောင် ဒွေး ( ကိုသားကြီး ) ကွယ်လွန်ပြီး ၁၃ နှစ်တိတိ ပြည့်တဲ့နေ့မှာပဲ ကွယ်လွန်သွားခဲ့တာပါ။
နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်ဆိုရင် ကိုသားကြီးအတွက် ရည်စူးပြီး အလှူအတန်းပြုဖြစ်တဲ့ သရုပ်ဆောင် ဖိုးကျော်က ဒီနှစ်မှာတော့ ဦးကျော်ဟိန်း နဲ့ ကိုသားကြီး နှစ်ယောက်လုံး အတွက်ပေါင်းပြီး လုပ်ဖြစ် သွားတာပေါ့လို့ ဆိုလာပါတယ်။ ဒါ့အပြင် ဦးကျော်ရဲ့ နောက်ဆုံးခရီး နဲ့ ပက်သက်ပြီး သူ့ရဲ့ အမြင်ကို ဖိုးကျော်က အခုလို ပြောပြလာပါတယ်။
” သေပြီးမှတော့ ပြီးပြီပေါ့ဗျာ။ ဘာလုပ်မှာလဲ။ ဒီရောက်လာတော့လည်း ၊ ဒီကို သယ်လာလို့ ရရင်တောင်မှပဲ အလကားနေရင်း စောက်ပို လုပ်တဲ့သူတွေ တိုးနေဦးမယ် ဖောရှောတွေ ပေါ့နော်။ ငိုပြ ၊ ရယ်ပြ ၊ လွမ်းပြ နဲ့ သူ့သီချင်းထဲကလိုပေါ့။
ငိုဟန်ဆောင်သူတွေ မနည်းပါလား။ သင်္ချိုင်းက အမှန်တရား သီချင်းလိုပေါ့။ ကျွန်တော့် သူ့သီချင်းကို အမြဲနားထောင်တယ်။ စတိတ်ရှိုး ရောက်ရင်လည်း ဆိုဖြစ်တယ်။ ကျွန်တော် သဘောကျတယ်။ ဖလော်ဆော်ဖီကို ကြိုက်လို့။ ဒီတော့ သူ့သီချင်းထဲကလိုပေါ့။ သူ ဝိဥာဉ်လောကရောက်သွားရင်တောင် ကြည့်ပြီးတော့ စောက်ပိုတွေပါကွာဆိုပြီး ဖြစ်လိမ့်မယ်။
သူက အဲ့လိုဖြစ်တတ်တဲ့ လူမျိုးလေ။ ဘာပဲဖြစ်ဖြစ် အခု ကိုဗစ်ဖြစ်နေတာလည်း ကောင်းတယ်။ သူ့ဟာသူ အေးအေးချမ်းချမ်း နဲ့ အာရုံ မနောက်တော့ဘူးဗျာ။ အုတ်အော်သောင်းနင်းတွေ မဖြစ်တော့ဘူးဗျာ။ သူ့ဟာသူ ပြီးသွားတော့ အေးဆေးပဲ။ မိသားစုအတွက်တော့ စိတ်မကောင်းပါဘူး။
သူတို့လည်း သူတို့ရဲ့ မိသားစုဝင်ကို တွေ့ချင်မှာပေါ့။ သူတို့အတွက်တော့ စိတ်မကောင်းပါဘူး။ တခြားလူတွေကို ပြောတာပါ။ မိ သားစု ဝင်တွေကိုတော့ မပြောလိုပါဘူး။ မိသားစုဝင်တွေ ခမျာတော့ တမ်းတကြ မှာပေါ့။ လွမ်းဆွတ်ကြ မှာပေါ့။ တခြား ဒီ ရုပ်ရှင်လောက က လူတွေကြတော့ ဖောရှော များတယ်ပေါ့။
ဒီမှာလည်း သူတို့အတွက် ပွဲတွေ ခင်းပေးရဦးမယ်။ ဝမ်းနည်းမှတ်တမ်းတွေကို တခုတ်တရတွေနဲ့ အရှည်ကြီးရေးတဲ့ ကောင်တွေက အပိုတွေ လုပ်ပြီးရေးဦးမယ်။ ဟုတ်လည်း မဟုတ်ဘဲနဲ့။ ဦးကျော်က အဲ့ဒါမျိုးတွေ မကြိုက်ဘူးဗျ ” လို့ဆိုလာပါတယ်။
သရုပ်ဆောင် ဖိုးကျော်ရဲ့ ဖခင်ဟာ သရုပ်ဆောင်က ကျော်ဟိန်း နဲ့ သူငယ်ချင်းတွေ ဖြစ်ကြပြီး အများစုကတော့ ဒီနေ့အချိန်အထိ ဖိုးကျော် နဲ့ ကျော်ဟိန်းကို အမျိုးတော်စပ် ကြတယ်လို့ ထင်မှတ်နေကြတာလည်း ဖြစ်ပါတယ်။ ခရက်ဒစ်