လူချစ်လူခင်များပေါများစေပြီး အမြဲချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်စေမဲ့ နည်းလမ်း ၂၀
|လူချစ်လူခင်များပေါများစေပြီး အမြဲချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်စေမဲ့ နည်းလမ်း ၂၀
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ … တချို့ မိန်းကလေးတွေဟာဆိုရင် မျက်နှာလေးက သာမန်ပုံစံလေးပဲ ဖြစ်ပေမယ့် လူတိုင်း လိုလိုရဲ့ ချစ်ခင် နှစ်သက်ခြင်း ခံရတာကို အားလုံးပဲ မြင်ဖူး ကြုံဖူးကြမှာပါ ။ ရုပ်လှတိုင်း လူတိုင်းချစ်တာ မခံရပါဘူး။
စိတ်ထားကောင်းမှ လူချစ်လူခင် များတာကိုတော့ သင်သိပြီးဖြစ်မှာပါ။ သင်က တစ်နေ့တခြား လူချစ် လူခင်များပြီး ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက် အမြဲဖြစ်နေစေဖို့ ယခုပြောပြပေးမဲ့ နည်းလမ်း အခု ၂၀ အတိုင်း လိုက်နာ ကျင့်သုံး သင့်ပါတယ်နော်။
၁။ လူတွေရဲ့ နာမည်တွေကို မှတ်မိအောင် ကြိုးစားပါ ။
၂။ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ နေတတ်အောင် ကြိုးစားပါ။
၃။ တဖက်သား ပြောတာကို အလေးထား နားထောင်ပေးပါ ။
၎။ ကိုယ်နေဟန်ထားကို တစ်ဖြောင့်တည်း ဖြစ်အောင် ထိုင်ပါ။ မတ်တပ် ရပ်ရင်လည်း ရင်ကော့ ခေါင်းမော့ပြီး ယုံကြည်မှု ရှိရှိနေပေးပါ။
၅။ တခြားသူတွေကို အမြဲ ပြုံးပြပါ။
၆။ ကျေးဇူးတင်စကားကို အမြဲ ပြောတတ်ပါစေ။
၇။ လူကြားထဲမှာ အော်ကြီးဟစ်ကျယ်နဲ့ Complaint တက် တတ်တဲ့ ပုံစံမျိုးက လူတွေအမြင်မှာ မကောင်းပါဘူး။
၈။ တစ်ခုခု မပြောခင် စဉ်းစားပြီးမှ ပြောပေးပါ။
၉။ လူတွေနဲ့စကားပြောတဲ့ အချိန် မျက်လုံးချင်း ဆုံပြီးမှ ပြောပါ။
၁၀။ အကောင်းမြင်စိတ် ရှိပါ။
၁၁။ လူတစ်ယောက်ကို ဝေဖန်တာ မမြန်ဆန်စေဖို့ သတိထားပေးပါ။
၁၂။ တခြားသူတွေ အကြောင်း စိတ်ဝင်တစားရှိပါ။
၁၃။ ကိုယ့်ကိုကိုယ် ချီးကျူးပေးပါ။
၁၄။ ကိုယ့်ရဲ့ သူငယ်ချင်းတွေအတွက် အချိန်ပေးပါ။
၁၅။ သင့်ရန်သူတွေကို လေးလေးစားစားပဲ ဆက်ဆံလိုက်ပါ။
၁၆။ အရာရာကို စူးစမ်းချင်စိတ်ရှိပါ။
၁၇။ အခြားသူတွေကို အသုံးမချပါနဲ့။
၁၈။ ရိုးသားပါ။
၁၉။ ကိုယ့်အမှားအတွက် တာဝန်ယူမှု ရှိပါစေ။
၂၀။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိပါ။
ပရိတ်သတ်ကြီးရေ အခုဖော်ပြပေးတဲ့ နည်းလမ်းလေးတွေကို လိုက်နာ ကျင့်သုံးမယ်ဆိုရင်တော့ သင်ဟာ သေချာပေါက် လူချစ်လူခင် ပေါများပြီး လူတွေအလယ်မှာ မျက်နှာပန်းပွင့်စေမှာ အသေအချာပါပဲနော် ။