ရွှေကူနဲ့ ကသာမြို့တို့မှာ မနက်ဖြန် ဇူလိုင်လ ၁၅ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို ရောက်နိုင်
|ရွှေကူနဲ့ ကသာမြို့တို့မှာ မနက်ဖြန် ဇူလိုင်လ ၁၅ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို ရောက်နိုင်
ဧရာဝတီမြစ် အထက်ပိုင်း ဒေသတွေဖြစ်တဲ့ ရွှေကူမြို့နဲ့ ကသာမြို့တို့မှာ မနက်ဖြန် ဇူလိုင်လ (၁၅) ရက်နေ့ စိုးရိမ်ရေ မှတ်အမှတ်ကို ရောက်ပြီး ရေကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက သိရပါတယ်။
ရွှေကူမြို့မှာတော့ ဇူလိုင်လ (၁၄) ရက်နေ့ (၁၁) နာရီခွဲ အချိန်တိုင်းတာချက်အရ စိုးရိမ်ရေ အမှတ် (၂) စင်တီမီတာ အလိုမှာရောက်နေပြီး ကသာမှာတော့ စိုးရိမ်ရေ အမှတ်ရောက်ဖို့ (၁) ပေခွဲ လိုသေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက O Media ကို ပြောပါတယ်။
အခု အချိန်မှာတော့ ရွှေကူမြို့နယ်ထဲက ကျေးရွာအုပ်စု (၁၃) စုရဲ့ မိုးစပါး စိုက်ခင်းနဲ့ အစေ့ထုတ် ပြောင်းစိုက်ခင်းတွေ ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြစ်ကြီးနားမှာတော့ အမြင့်ဆုံး ရေတက်သွားတာဟာ (၁၀၄၀) စင်တီမီတာ အထိ မြင့်တက်လာခဲ့ပြီးမှ အခု အချိန်မှာတော့ (၇၉၀) စင်တီမီတာကို ပြန်ကျ ဆင်းသွားပြီလို့ သိရပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ မြစ်ရေကြီးတာနဲ့ပတ်သက်လို့ စိုးရိမ်စရာ မရှိသေးဘူး လို့လည်း သိရပါတယ်။ Source ; O Media
Unicode … ရွကူနဲ့ ကသာမြို့တို့မာ မနက်ဖြန် ဇူလိုင်လ ၁၅ ရက်နေ့တွင် စိုးရိမ်ရေအမတ်သို ရောက်နိုင်
ဧရာဝတီမြစ် အထက်ပိုင်း ဒေသတွေဖြစ်တဲ့ ရွကူမြို့နဲ့ ကသာမြို့တို့မာ မနက်ဖြန် ဇူလိုင်လ (၁၅) ရက်နေ့ စိုးရိမ်ရေ မတ်အမတ်ကို ရောက်ပြီး ရေကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက သိရပါတယ်။
ရွကူမြို့မာတော့ ဇူလိုင်လ (၁၄) ရက်နေ့ (၁၁) နာရီခွဲ အချိန်တိုင်းတာချက်အရ စိုးရိမ်ရေ အမတ် (၂) စင်တီမီတာ အလိုမာရောက်နေပြီး ကသာမာတော့ စိုးရိမ်ရေ အမတ်ရောက်ဖို့ (၁) ပေခွဲ လိုသေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမ ဦးစီးဌာနရဲ့ ညွန်ကြားရေးမးချုပ် ဦးကျော်မိုးဦးက O Media ကို ပြောပါတယ်။
“ကသာမာတော့ စိုးရိမ်ရေ အမတ်ရောက်ဖို့ (၁) ပေခွဲ အလိုမပဲ ရေစဝင်နေတာ၊ သူလည်း မနက်ဖြန်လောက် ဆိုရင် စိုးရိမ်ရေအမတ် ရောက်နိုင်ပါတယ်။ ကျန်တဲ့ နေရာတွေကတော့ စိုးရိမ်ရေအမတ်ရောက်ဖို့ တော်တော်လေး လိုပါ သေးတယ်။”လို့ ဦးကျော်မိုးဦးက ပြောပါတယ်။
အခု အချိန်မတော့ ရွကူမြို့နယ်ထဲက ကျေးရွာအုပ်စု (၁၃) စုရဲ့ မိုးစပါး စိုက်ခင်းနဲ့ အစေ့ထုတ် ပြောင်းစိုက်ခင်းတွေ ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြစ်ကြီးနားမတော့ အမြင့်ဆုံး ရေတက်သွားတာဟာ (၁၀၄၀) စင်တီမီတာ အထိ မြင့်တက်လာခဲ့ပြီးမ အခု အချိန်မတော့ (၇၉၀) စင်တီမီတာကို ပြန်ကျ ဆင်းသွားပြီလို့ သိရပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမာတော့ မြစ်ရေကြီးတာနဲ့ပတ်သက်လို့ စိုးရိမ်စရာ မရသေးဘူး လို့လည်း သိရပါတယ်။ Source ; O Media