မိဘက တတ်နိုင်ပေမယ့်လဲ ကိုယ့်ကျောင်းစရိတ်ရအောင် ရှောက်သီးဖျော်ရည် ရောင်းတဲ့ ကလေးမလေး

မိဘက တတ်နိုင်ပေမယ့်လဲ ကိုယ့်ကျောင်းစရိတ်ရအောင် ရှောက်သီးဖျော်ရည် ရောင်းတဲ့ ကလေးမလေး

မိဘက တတ်နိုင်ပေမယ့် ကျောင်းစရိတ် ရအောင် ရှောက်သီးဖျော်ရည်ရောင်းတဲ့ ကလေးမလေး ( ဒါမျိုးက အားကျဖို့ ကောင်းလိုက်တာ ငယ်ငယ်ကထဲက ပိုက်ဆံရဲ့ တန်ဖိုးကိုလည်း သိတယ်။ အတွက် အချက်လည်း အထောက်အကူ ဖြစ်တယ်။ စီးပွားရေး သဘော အရှုံးနဲ့ အမြတ်ကိုလည်း ချိန်ဆလို့ ရသွားတယ်။

 

တချို့ ကလေးတွေလို အသက်ကြီးတဲ့ အထိ မိဘဆီက လက်ဖြန့် တောင်းချင်တဲ့ စိတ်လည်း မရှိတော့ဘူး။ ဒီကလေးမလေး အရွယ် ရောက်လာရင် ကိုယ်ပိုင် လုပ်ငန်းတခုကို ကျွမ်းကျွမ်းကျကျင် ဦးစီးနိုင်သွားမယ့် အနေအထားမှာ ရှိပါတယ်။

အနောက်နိုင်ငံတွေမှာ ဒီလို ဓလေ့မျိုးက မထူးဆန်းပေမယ့် မြန်မာနိုင်ငံကတော့ နည်းနည်း ထူးဆန်းနေပါ လိမ့်မယ်။ ကလေးတွေ ရောင်းနေတဲ့ အချိုရည်ဟာ ဆိုင်ကြီးတွေမှာလောက် ကောင်းချင်မှ ကောင်းပေမယ့် ကလေးတွေကို အားပေးတဲ့ အနေနဲ့ လူတွေက ဝယ်သောက် ကြပါတယ်။

ပြီးတော့ ကျောင်းရန်ပုံငွေ အတွက် တအိမ်တက်ဆင်း ကွတ်ကီး လိုက်ရောင်းတဲ့ ကလေးတွေလည်း ရှိပါသေးတယ်။ အဖွဲ့အစည်းနဲ့ လုပ်တတ်တဲ့ အလေ့အကျင့်ကို ရရှိစေနိုင်ပါတယ်။ ရှောက်သီးဖျော်ရည် ရောင်းတဲ့ ကလေးမလေးအကြောင်း မူလပို့စ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ် ။

ဒီနေ့ကန်တော်ကြီးနားက ပျိုးဥယျာဉ်အသွား လမ်းမှာ အဲ့ကလေးမလေးရဲ့ ဆိုင်ကို လှမ်းမြင်မိတယ်။ ရှောက်သီးဖျော်ရည် ရောင်းပြီး ကျောင်းစားရိတ် ရှာတာတဲ့။ ချစ်လိုက်တာ။ ဒါနဲ့အပြန်ကြ ဝယ်သောက် အုန်းမယ်ဆိုပြီး ဝယ်သောက်ကြည့်တော့ တစ်ကယ် အရသာရှိတယ်။ အသီးစစ်စစ် အနံ့လေးကို မွှေးလို့။ ငယ်ကတည်းက ဒီလို ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဓါတ်လေးကိုလဲ လေးစားမိတယ်။

ဒါနဲ့သဘောတွေကျပြီး Can I take a picture ဆိုတော့ of course you canတဲ့။ ချစ်ဖို့ကောင်းလိုက်တာဆိုတာ။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *