အမေရိကန်တွင် တစ်နေ့တည်း ကိုဗစ်ကူးစက်သူ ၆၅၀၀၀ ကျော်တိုးလာ

အမေရိကန်တွင် တစ်နေ့တည်း ကိုဗစ်ကူးစက်သူ ၆၅၀၀၀ ကျော်တိုးလာ

ဇူလိုင်လ ၁၃ ရက်က အမေရိကန် နိုင်ငံမှာ တစ်နေ့တည်းနဲ့ Covid-19 ကူးစက်သူ ၆၅၄၈၈ ဦးထိ ရှိသွားခဲ့ပြီး သေဆုံးသူလည်း ၄၆၅ ဦး ထပ်ရှိလာခဲ့တယ်လို့ Worldometersက ဖော်ပြထားခဲ့ပါတယ်။

အခုလို ထပ်တိုးလာတဲ့ ဦးရေ ပမာဏအရ အမေရိကန် ပြည်ထောင်စုမှာ Covid-19 ကူးစက်သူ စုစုပေါင်း ၃၄၇၉၄၈၃ ဦးထိ ရှိသွားခဲ့ပြီဖြစ်ကာ Covid-19 ကြောင့် သေဆုံးသူ စုစုပေါင်း ၁၃၈၂၄၇ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကူးစက်မှုအသစ်တွေ ပြန်များလာတဲ့အတွက် ပြည်နယ်အချို့မှာ ကပ်ရောဂါ ကာကွယ်ရေးစည်းမျဉ်းတွေကို ပိုတင်းကျပ် ထားလိုက်ရပါပြီ။ ကယ်လီဖိုးနီးယား ပြည်နယ်မှာလည်း အရက်ဘား ဆိုင်တွေကို ပိတ်ထားပြီး စားသောက်ဆိုင်တွေရဲ့ ဆိုင်အတွင်းတည်ခင်း ၀န်ဆောင်မှုတွေကိုလည်း တားမြစ်ထားခဲ့ပါပြီ။

ကယ်လီဖိုးနီးယား ပြည်နယ်တွင်း ဒေသအများစုမှာ အခန်းတွင်းဘာသာရေး စုရုံးဆောင်ရွက်မှုတွေ၊ အားကစားခန်းမတွေ၊ ဆံပင်နဲ့ခြေသည်း လက်သည်း အလှပြင်ဆိုင်တွေကိုလည်း ကန့်သတ်ထားခဲ့ရပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးဂေဗင်နျူးဆမ်က ပြောကြားခဲ့ပါတယ်။

“ကာကွယ်ဆေးနဲ့ ထိရောက်တဲ့ ကုသဆေးတွေ မရှိသေးတဲ့အတွက် Covid-19 အချိန်မရွေး ကူးစက်သွားနိုင်ပြီး ကူးစက်မှုမရှိစေဖို့ဆိုရင် လူသူတွေကြားထဲ မသွားကြဘဲ အတတ်နိုင်ဆုံးအိမ်မှာသာနေထိုင်ကြဖို့ပါပဲ။ ဒါက လူတိုင်းသိထားတဲ့ အချက်ဖြစ်ပေမယ့် တိုးများလာတဲ့ ကူးစက်ဦးရေ ပမာဏကိုကြည့်မယ်ဆိုရင် လူတိုင်းက ဗိုင်းရပ်စ်ကာကွယ်ရေး ညွှန်ကြားချက်တွေအတိုင်း လိုက်နာနေထိုင်တာမျိုးမရှိတာကို အထင်အရှား မြင်ရမှာပါလို့ ဂေဗင်က ပြောကြားသွားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ ဇူလိုင်လ ၁၃ရက်က တစ်နေ့တည်းမှာတင် ကူးစက်သူ အသစ် ၈၃၅၀ ဦး အတည်ပြုခဲ့ပြီး သေဆုံးသူ ၄၅ ဦး ထပ်ရှိလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကယ်လီဖိုးနီးယားပြည်နယ် တစ်ခုတည်းမှာတင် Covid-19 ကူးစက်သူ စုစုပေါင်း ၃၃၆၀၃၇ ဦး ထိရှိလာခဲ့ပြီး သေဆုံးသူစုစုပေါင်းက ၇၀၉၆ ဦးထိ တိုးများသွားခဲ့ပြီ ဖြစ်ပါတယ်။

ကူးစက်သူ ၄၂၈၃၀၃ ဦး၊ သေဆုံးသူ ၃၂၄၄၅ ဦးနဲ့ နယူးယောက်ပြည်နယ်က အမေရိကန် ပြည်ထောင်စုမှာ Covid-19 ကူးစက် သေဆုံးသူ ဦးရေအများဆုံး ပြည်နယ်ဖြစ်နေပြီး ကယ်လီဖိုးနီးယားပြည်နယ်က ဒုတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။ Source ; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *