အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းကာ ရေ ကြီးရေလျှံမှုကြောင့် ၇၇ ဦး ထက်မနည်းသေဆုံး
|အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းကာ ရေ ကြီးရေလျှံမှုကြောင့် ၇၇ ဦး ထက်မနည်းသေဆုံး
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ၇၇ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ နှစ်စဉ် မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ပြည်နယ် အများစုမှာ မိုးရေချိန် လက်မ မြင့်တက်ခဲ့ပါတယ်။
အာသံပြည်နယ်ထဲက ခရိုင် ၃၃ ခုအနက် ၂၆ ခုမှာ ရေကြီးရေလျှံ မှုတွေ ဖြစ်ပွားခဲ့ပြီး အာရှရဲ့ အကြီးဆုံးမြစ်တွေထဲက တစ်ခုဖြစ်တဲ့ Brahmaputra မြစ်ရဲ့ ကမ်းပါးတွေလည်း ကျိုးပေါက်ခဲ့ပါတယ်။
ရေကြီးရေလျှံမှုဒဏ်ကိုခံစားရသူ နှစ်သန်းလောက်ရှိနေပြီး အာဏာ ပိုင်တွေက လှေငယ်ပေါင်း ၁၀၀ ကျော်နဲ့ ကယ်ဆယ်ရေးတွေ လုပ် ဆောင်နေရပါတယ်။ ခရိုင်ပေါင်း ၂၀ မှာ ကယ်ဆယ်ရေး စခန်းပေါင်း ၄၈၀ ဖွင့်လှစ်ထားပြီး လက်ရှိမှာ လူပေါင်း ၆၀၀၀၀ ကျော်ကိုလက်ခံထားပါတယ်။
ဧက တစ်သိန်းကျယ်ဝန်းတဲ့ Kaziranga အမျိုးသား ဥယျာဉ်ရဲ့ နေရာအများစု မှာလည်း ရေလျှံ နေတာကြောင့် တိရစ္ဆာန် ၅၁ ကောင် ထက်မနည်းသေဆုံးပြီး ၁၀၀ ကျော်ကို ကယ်ဆယ်ခဲ့ ရပါတယ်။ ကျားနဲ့ကြံ့လို တိရစ္ဆာန် တွေဟာလည်း ရွာတွေမှာ လာရောက်ခိုလှုံ နေကြတာကို မြင်တွေ့ရတယ်လို့ သိရပါတယ်။ Ref: The Sun
Unicode … အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းကာ ရေ ကြီးရေလျမကြောင့် ၇၇ ဦး ထက်မနည်းသေဆုံး
အိန္ဒိယနိုင်ငံ အရမြောက်ပိုင်း အာသံပြည်နယ်မာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျမကြောင့် ၇၇ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမာ နစ်စဉ် မိုးသည်းထန်စွာ ရွာသွန်းလေ့ရပေမယ့် ဒီနစ်မာတော့ ပြည်နယ် အများစုမာ မိုးရေချိန် လက်မ မြင့်တက်ခဲ့ပါတယ်။
အာသံပြည်နယ်ထဲက ခရိုင် ၃၃ ခုအနက် ၂၆ ခုမာ ရေကြီးရေလျ မတွေ ဖြစ်ပွားခဲ့ပြီး အာရရဲ့ အကြီးဆုံးမြစ်တွေထဲက တစ်ခုဖြစ်တဲ့ Brahmaputra မြစ်ရဲ့ ကမ်းပါးတွေလည်း ကျိုးပေါက်ခဲ့ပါတယ်။
ရေကြီးရေလျမဒဏ်ကိုခံစားရသူ နစ်သန်းလောက်ရနေပြီး အာဏာ ပိုင်တွေက လငယ်ပေါင်း ၁၀၀ ကျော်နဲ့ ကယ်ဆယ်ရေးတွေ လုပ် ဆောင်နေရပါတယ်။ ခရိုင်ပေါင်း ၂၀ မာ ကယ်ဆယ်ရေး စခန်းပေါင်း ၄၈၀ ဖွင့်လစ်ထားပြီး လက်ရမာ လူပေါင်း ၆၀၀၀၀ ကျော်ကိုလက်ခံထားပါတယ်။
ဧက တစ်သိန်းကျယ်ဝန်းတဲ့ Kaziranga အမျိုးသား ဥယျာဉ်ရဲ့ နေရာအများစု မလည်း ရေလျ နေတာကြောင့် တိရစ္ဆာန် ၅၁ ကောင် ထက်မနည်းသေဆုံးပြီး ၁၀၀ ကျော်ကို ကယ်ဆယ်ခဲ့ ရပါတယ်။ ကျားနဲ့ကြံ့လို တိရစ္ဆာန် တွေဟာလည်း ရွာတွေမာ လာရောက်ခိုလ နေကြတာကို မြင်တွေ့ရတယ်လို့ သိရပါတယ်။ Ref: The Sun