ကိုလံဘီယာတွင် ချမှတ်ထားသော ကိုဗစ်စည်းကမ်းများကို မလိုက်နာဘဲ အပြင်ထွက်သူများကို လူဆိုးဂိုဏ်များက ပစ်သတ်နေ
|ကိုလံဘီယာတွင် ချမှတ်ထားသော ကိုဗစ်စည်းကမ်းများကို မလိုက်နာဘဲ အပြင်ထွက်သူများကို လူဆိုးဂိုဏ်များက ပစ်သတ်နေ
ကိုလံဘီယာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာသူတွေကို တရားမဝင် လက်နက်ကိုင်ဂိုဏ်းအဖွဲ့တွေက သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မနေ့ကပဲ သတိပေး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဒီလအတွင်းမှာပဲ ကန့်သတ်ချက်တွေကို လိုက်နာဖို့အတွက် ဆန့်ကျင်ခဲ့သူ ၉ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ် ။ သေဆုံးသူတွေထဲမှာ လူထုခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အက်ဒီဆင်လီယွန်လည်း ပါဝင်ခဲ့ပြီး ဇွန်လအတွင်းက သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
လာမာဖီးယားလို့ နာမည်ပေးထားတဲ့အဖွဲ့က Putumayo ပြည်နယ် အတွင်းက ကျန်းမာရေးဝန်ထမ်းတွေကို ဖိအားပေး စေခိုင်းမှုတွေ ရှိတယ်လို့ လီယွန်က သတိပေးစာ ပေးခဲ့ပြီးနောက်မှာသတ် ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
“ငါ့လူတွေ အသက်သေဆုံးဖို့ နောက်ထပ် မလွှတ်နိုင်တော့ဘူးလို့” လီယွန်က စာရေးသား ပေးပို့ခဲ့တာဖြစ်ပြီး နောက်တစ်ရက်မှာပဲ အသတ်ခံခဲ့ရတာပါ။ ကိုလံဘီယာမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း တစ်သိန်းခြောက်သောင်းကျော်အထိ ရှိပြီး သေဆုံးသူ ငါးထောင့်ရှစ်ရာကျော်အထိ ရှိနေတာဖြစ်ပါတယ်။
ပစိဖိတ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ Tumaco ဟာလည်း ကိုလံဘီယာမှာ အန္တရာယ် အများဆုံး မြို့တစ်မြို့ဖြစ်ပြီးတော့ ဂိုဏ်းအဖွဲ့ အစည်းတွေက လက်ရှိမှာ ငါးဖမ်းသူတွေကို မဖမ်းဖို့အတွက် တားမြစ်ထားတယ်လို့ သိရပါတယ်။ အစိုးရက ချမှတ်ထားတဲ့ ကာဖျူးအ မိန့်ထက် ပိုမိုတင်းကျပ်တဲ့ အမိန့်ကိုလည်း ချမှတ်ထားပြီးတော့ လိုက်နာမှု မရှိသူတွေကို ပြင်းပြင်း ထန်ထန် ဆုံးမနေတယ် လို့လည်း ဆိုပါတယ်။
“လက်နက်ကိုင်အဖွဲ့တွေက ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တားဆီးဖို့အတွက် ပြင်းပြင်းထန်ထန် တင်းကျပ်နေတာပါ၊ ဒီအတွက် ဆင်းရဲနွမ်းပါးတဲ့ လူမှုအသိုင်းအဝိုင်းက ပြည်သူတွေအနေနဲ့ နေအိမ်က နေ အရဲစွန့်ထွက်တာနဲ့ တိုက်ခိုက်ခံနေရပါတယ်” လို့ လူ့အခွင့်အ ရေး စောင့်ကြည့်ရေး ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဟိုဆေး မီဂွယ်လ်ဗီဗန်ကိုက ပြောပါတယ်။
ဒီဂိုဏ်းအဖွဲ့တွေမှာ အရင်ခေတ် လက်နက်ကိုင် တော်လှန်ရေးအင်အားစု၊ ကိုလံဘီယာ အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ ပါဝင်ပြီးတော့ ကပ်ရောဂါဖြစ်ပွားနေမှုကို အသုံးချကာ အများပြည်သူအပေါ် သြဇာအာဏာ လွှမ်းမိုးဖို့အတွက် ဖန်တီးနေတယ်လို့ ဗီဗန်ကိုက ထပ်ပြောခဲ့ပြီး ဂိုဏ်းသားတွေ ကိုယ်တိုင်လည်း ဗိုင်းရပ်စ်ရန်ကို ကြောက်ရွံ့နေကြတယ်လို့ သုံးသပ်ခဲ့ပါတယ်။
ကိုလံဘီယာ ကျေးလက်ဒေသတွေမှာတော့ လုံလောက်ပြည့်စုံတဲ့ ဆေးရုံမျိုး မရှိဘူးလို့လည်း သိရပါတယ်။ ဒီအတွက်ကြောင့် ရောဂါကူးစက်ပြန့်နှံ့မယ့်အပေါ်မှာ အရမ်းကို စိုးရိမ်ထိတ်လန့်နေပြီး အခုလိုမျိုး အကြမ်းဖက်ကာ ထိန်းချုပ်နေတယ်လို့လည်း ဗီဗန်နိုက ထပ်ပြောခဲ့ပါတယ်။
ကိုလံဘီယာ နိုင်ငံကတော့ မူးယစ်ဆေးဝါးပြသနာ၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ ဆန့်ကျင်မှု၊ ပြောက်ကျား ရဲဘော်ဟောင်းတွေ နဲ့ လူ့အဖွဲ့စည်းခေါင်းဆောင်တွေ သတ်ဖြတ်ခံနေရမှုတွေကို ရင်ဆိုင်နေရချိန်မှာပဲ ကပ်ရောဂါဘေးဆိုးကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
နိုင်ငံတွင်း အလုပ်လက်မဲ့ဦးရေးကလည်း ၂၁ % အထိ မြင့်တက်လာခဲ့သလို ဆင်းရဲနွမ်းပါးသူဟာလည်း ဒီနှစ်ကုန်မှာ ၄.၇ သန်းအထိ ရှိလာလိမ့်မယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားကြပါတယ်။ အခုလို တရားမဝင် အကြမ်းဖက်ကာ လုပ်ဆောင်နေမှုအပေါ်မှာ အရေးယူဖို့အတွက် လူ့အခွင့်အရေး စောင့်ကြည့်ရေးကော်မတီက တောင်းဆိုထားပြီးတော့ လက်နက်ကိုင်တွေဟာ ပြည်နယ် ၃၂ ခုရှိရာမှာ အနည်းဆုံး ၁၁ခုအထိကို ထိန်းချုပ်ကာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ Source ; Tommorrow News Journal