ထိုင်းရောက် မြန်မာဇနီးမောင်နှံ ဘတ်ခြောက်သန်း ထိုင်းထီဆုကြီး နှစ်ဆု ကံထူး
|ထိုင်းရောက် မြန်မာဇနီးမောင်နှံ ဘတ်ခြောက်သန်း ထိုင်းထီဆုကြီး နှစ်ဆု ကံထူး
ထိုင်းနိုင်ငံ မဟာချိုင် ဒေသတွင် အလုပ် လုပ်ကိုင်နေ သော မြန်မာလုပ်သား ဇနီးမောင် နှံသည် ဇူလိုင် ၁၆ ရက်က ဖွင့် လှစ်သည့် ထိုင်းထီ ပထမဆု ဘတ် ခြောက်သန်းဆု နှစ်ဆု ( ကျပ်သိန်း ၅,၀၀၀ ကျော် ) ကို ဆွတ်ခူးခဲ့ကြောင်း သိရပါသည်။
ထိုင်းထီဆု နှစ်ဆု ကံထူး သည့် မြန်မာလုပ်သား ဇနီးမောင်နှံ သည် ထိုင်းရောက် မြန်မာလုပ်သားများ အရေး ကူညီ ဆောင်ရွက် ပေးနေသော AAC (မဟာမိတ်) အဖွဲ့ထံ ကူညီ လုပ်အားပေး အဖြစ် ဆောင်ရွက် နေသူများဖြစ် ကြောင်း ယင်းအဖွဲ့မှ ကိုရဲမင်းက ပြောသည်။
‘‘ ထိုင်းမှာ မြန်မာလုပ်သား တွေ မကြာခဏ ထီကံထူးပေမယ့် အ ခုလို ပထမဆု နှစ်ဆု ကံထူးတာ တော့ ရှားတယ်။ သူတို့ လင်မ ယားက မြန်မာပြည် မပြန်ချင်သေး ဘူး။ ထိုင်းမှာပဲ ဆက်ပြီးနေချင် သေးတယ် ပြောပါတယ်’’ ဟု ကိုရဲမင်းက ပြောသည်။
မြန်မာ လုပ်သား ဇနီး ဗမာင်နှံ သည် ထိုင်းထီ ပေါက်စဉ် နံပါတ် ၈၇၃၂၈၆ ဖြင့် ထီပေါက်ခြင်း ဖြစ်ပြီး ၎င်းတို့သည် မွန်ပြည်နယ် မော်လမြိုင်မြို့ ဇာတိများ ဖြစ်တယ်လို့  သိရပါသည်။
၂၀၁၉ စက်တင်ဘာ ၁၆ ရက်ကလည်း ထိုင်းနိုင်ငံမြောက် ပိုင်း ချင်းမိုင်မြို့ရှိ ထီဆိုင်တစ်ဆိုင် တည်းမှ ဝယ်ယူ ကံစမ်းသော မြန်မာ ရွှေ့ပြောင်းလုပ်သား မိသားစု နှစ်စု သည် ဘတ်ခြောက်သန်းစီ အသီးသီး ဆွတ်ခူးခဲ့သည်။
ထိုင်းရောက် မြန်မာလုပ် သားများ အနေဖြင့် ထိုင်းထီဆု ပေါက်ငွေများကို လုံခြုံ စိတ်ချ သောနေရာတွင် ထားရှိသင့် ကြောင်း ထိုင်းရောက် မြန်မာလုပ် သားများအရေး ကူညီပေးနေ သော AAC အဖွဲ့က အကြံပြု သည်။ Source ; 7DayNews Journal