အမရပူရ တာဘောင်ကျိုးမှုတွင် တရုတ်ကုမ္ပဏီမှာ တာဝန်ရှိတယ်ဟု မန်းစည်ပင် ကော်မတီဝင် ပြောကြား
အမရပူရ တာဘောင်ကျိုးမှုတွင် တရုတ်ကုမ္ပဏီမှာ တာဝန်ရှိတယ်ဟုမန်းစည်ပင် ကော်မတီဝင် ပြောကြား
အမရပူရမြို့နယ်၊ ရွှေဂဲရေဆိုး စက်ရုံနားတွင် ဖြစ်ပွားခဲ့သော တာဘောင်ကျိုးမှုအပေါ် စီမံကိန်း လုပ်ဆောင်ခွင့်ရခဲ့တဲ့ တရုတ်ကုမ္ပဏီအနေနဲ့ တာဝန်ရှိတဲ့ အကြောင်းပြောဆိုထားတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က O Media ကိုပြောပါတယ်။
အခုချိန်မှာတော့ တာမကျိုးဖို့ ကျောက်ဖို့တာတွေကို ဦးစားပေးလုပ် ဆောင်နေပြီးတော့ ဘယ်သူ့မှာတာဝန်ရှိလဲ ဆိုတာတွေကို စစ်ဆေးဖို့ အသေးစိတ် မလုပ်ဆောင်ရ သေးဘူးလို့လည်း ဦးကျော်ဆန်းမြင့်က ပြောပါတယ်။
တာဖို့တဲ့ လုပ်ငန်းတွေမှာ တရုတ်ကုမ္ပဏီကလည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီးတော့ လိုအပ်တဲ့ တာဝန်ယူမှုတွေကို ဆောင်ရွက်ပေးသွားမယ့် အကြောင်း တိုင်းအစိုးရကို ကတိပြုထားတယ်လို့ သိရပါတယ်။
အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေနဲ့ အကောင်အထည်ဖော် နေတဲ့ ရွှေဂဲရေဆိုးထုတ် စက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလက တရုတ်အခြေစိုက် CEEC-HEPDI & CNOOD ကုမ္ပဏီက တင်ဒါ အောင်မြင်ပြီး ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
တာဘောင်ကျိုးမှုဟာ ဇူလိုင် (၁၉) ရက် ညပိုင်းက မန္တလေးတိုင်း၊ အမရပူရ မြို့နယ် စစ်ကိုင်း-မန္တလေး ကားလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူနေရပ်ကွက် လေးရပ်ကွက်ထဲကို ရေတွေ ဝင်ရောက်ခဲ့တာ ကြောင့် ရေဘေးရှောင်ခဲ့ရသူ တစ်သောင်းကျော် ထိရှိလာပြီလို့လည်း သိရပါတယ်။ တာဘောင်ကျိုးမှု ကိုတော့ ဇူလိုင်လ ၂၀ ရက်နေ့ မှာပဲ ပြန်ဖို့နိုင်ခဲ့ပြီးတော့ အခုချိန်မှာတော့ ခိုင်မာအောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Source ; O media
Unicode … အမရပူရ တာဘောင်ကျိုးမတွင် တရုတ်ကုမ္ပဏီမာ တာဝန်ရတယ်မန်းစည်ပင် ကော်မတီဝင် ပြောကြား
အမရပူရမြို့နယ်၊ ရွဂဲရေဆိုး စက်ရုံနားတွင် ဖြစ်ပွားခဲ့သော တာဘောင်ကျိုးမအပေါ် စီမံကိန်း လုပ်ဆောင်ခွင့်ရခဲ့တဲ့ တရုတ်ကုမ္ပဏီအနေနဲ့ တာဝန်ရတဲ့ အကြောင်းပြောဆိုထားတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က O Media ကိုပြောပါတယ်။
“ သူတို့မာလည်း တာဝန်ရတယ် ဆိုပြီးပြောတာပါ။ ကျွန်တော်တို့ ကအခုမ လွယ်လွယ်ပြောရရင် တာရိုးကျိုးပေါက် သွားတာကို ပြန်ပြီးတော့ ဖို့တာတွေ လုပ်နေတာတွေ အဲဒီအပိုင်းတွေပဲ ရသေးတယ် နောက်ပိုင်း ကိစ္စတွေက အသေးစိတ်တွေဘာမ မလုပ်ရသေးပါဘူး ။ ဒါပေမဲ့ သူတို့လည်း ဒီကိစ္စမာ တာဝန်ရတယ်ဆိုပြီး ပြောလာတာပါ။ ” လို့ ဦးကျော်ဆန်းမြင့်က ပြောပါတယ်။
အခုချိန်မာတော့ တာမကျိုးဖို့ ကျောက်ဖို့တာတွေကို ဦးစားပေးလုပ် ဆောင်နေပြီးတော့ ဘယ်သူ့မ ာတာဝန်ရလဲ ဆိုတာတွေကို စစ်ဆေးဖို့ အသေးစိတ် မလုပ်ဆောင်ရ သေးဘူးလို့လည်း ဦးကျော်ဆန်းမြင့်က ပြောပါတယ်။
တာဖို့တဲ့ လုပ်ငန်းတွေမ တရုတ်ကုမ္ပဏီကလည်း ပူးပေါင်းဆောင်ရွက်မတွေ လုပ်ဆောင်နေပြီးတော့ လိုအပ်တဲ့ တာဝန်ယူမတွေကို ဆောင်ရွက်ပေးသွားမယ့် အကြောင်း တိုင်းအစိုးရကို ကတိပြုထားတယ်လို့ သိရပါတယ်။
အာရ ဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေနဲ့ အကောင်အထည်ဖော် နေတဲ့ ရွဂဲရေဆိုးထုတ် စက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၈ ခုနစ် အောက်တိုဘာလက တရုတ်အခြေစိုက် CEEC-HEPDI & CNOOD ကုမ္ပဏီက တင်ဒါ အောင်မြင်ပြီး ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
တာဘောင်ကျိုးမဟာ ဇူလိုင် (၁၉) ရက် ညပိုင်းက မန္တလေးတိုင်း၊ အမရပူရ မြို့နယ် စစ်ကိုင်း-မန္တလေး ကားလမ်းမာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူနေရပ်ကွက် လေးရပ်ကွက်ထဲကို ရေတွေ ဝင်ရောက်ခဲ့တာ ကြောင့် ရေဘေးရာင်ခဲ့ရသူ တစ်သောင်းကျော် ထိရလာပြီလို့လည်း သိရပါတယ်။ တာဘောင်ကျိုးမ ကိုတော့ ဇူလိုင်လ ၂၀ ရက်နေ့ မာပဲ ပြန်ဖို့နိုင်ခဲ့ပြီးတော့ အခုချိန်မတော့ ခိုင်မာအောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Source ; O media
Add a Comment
Your email address will not be published. Required fields are marked *