ယနေ့ ရုံးချိန်းအပြီးမှာ ” ကလေးမလေးကိုလည်း လောဘနောက်လိုက်နေသူတွေ ကြားထဲမှာ မနစ်မွန်းပါစေနဲ့” လို့ ပြောလာတဲ့ သရုပ်ဆောင် မင်းရာဇာ

ယနေ့ ရုံးချိန်းအပြီးမှာ ” ကလေးမလေးကိုလည်း လောဘနောက်လိုက်နေသူတွေ ကြားထဲမှာ မနစ်မွန်းပါစေနဲ့” လို့ ပြောလာတဲ့ သရုပ်ဆောင် မင်းရာဇာ

အိမ်အကူ မိန်းကလေးအား ညှင်းပန်း နှိပ်စက်သည်ဟုဆိုကာ တရားစွဲဆို ခံထားရသည့် စွဲဆိုထားသည့် သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးအမှုတွင် ယနေ့(ဇူလိုင်၂၂ရက်) ရှစ်ကြိမ်မြောက် ရုံးချိန်းအထိ တရားလိုဘက်မှ လာရောက်ခြင်း မရှိ၍ အမှုစစ်ဆေးနိုင်ခြင်း မရှိကြောင်း သိရသည်။

အဆိုပါအမှုတွင် သရုပ်ဆောင် မင်းရာဇာ၊ ၎င်း၏ ဇနီး မဖူးငုံပွင့်နှင့် ယာဉ်မောင်းဖြစ်သူ အောင်လွင်စိုးတို့အား ပုဒ်မ-၃၂၆/၃၄ ( ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု ၊ အကြံတူတစ်ခုကို အထမြောက်အောင် ပြုခြင်း) ဖြင့် မြောက်ဥက္ကလပ မြို့နယ်တရားရုံး၌ တရားစွဲဆို ထားခြင်းဖြစ်သည်။

ယနေ့ ရုံးချိန်းအပြီးတွင် သရုပ်ဆောင်မင်းရာဇာက ” ကျွန်တော့်ကြောင့် ကျွန်တော်တို့ မိသားစု ဘယ်တော့မှ ဒုက္ခ မရောက် ပါဘူး။ ကလေးမလေးကိုလည်း လောဘနောက် လိုက်နေတဲ့ သူတွေကြားထဲမှာ မနစ်မွန်းပါစေနဲ့”ဟု မီဒီယာများကို ပြောကြားခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ပင် မင်းရာဇာ၏ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးကိုလည်း ပုဒ်မ-၃၂၅ (မိမိ အလိုအလျောက် နာကျင်စေမှု) ဖြင့်တရားစွဲဆို ထားသည်။ မင်းရာဇာ၏ ယာဉ်မောင်း အောင်လွင်စိုးကလည်း “အမှုက မကြာခင် အဖြေမှန်ပေါ်တော့မှာပါ”ဟု ရုံးချိန်းအပြီးတွင် ပြောဆိုခဲ့သည်။

 

သရုပ်ဆောင် မင်းရာဇာ တစ်ဦးတည်းအား ပုဒ်မ-၃၇၆ ဖြင့် စွဲဆိုထားသော အမှုမှာမူ ပြီးခဲ့သည့် ဇွန်၂၆ ရက်မှစ၍ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးနေပြီ ဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် တရားလိုဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်နေ ဒေါ်…. (၃၅) နှစ်၏ သမီးဖြစ်သူ မ….(၁၅) နှစ်သည် လွန်ခဲ့သော ၅ နှစ်ခန့်မှစ၍ တာမွေမြို့နယ်၊ ကျောက်မြောင်း ဇောတိကလမ်း၊ အမှတ် (၄၇) ရှိ သရုပ်ဆောင် မင်းရာဇာ၏ နေအိမ်တွင် အိမ်အကူအဖြစ် အလုပ်လုပ် ခဲ့ကြောင်း၊

လူမှုကွန်ရက် စာမျက်နှာပေါ်၌ မင်းရာဇာ၏ လူမှုရေး ပြသနာအား ဇနီးဖြစ်သူ မဖူးငုံပွင့် (ခ) ဇူးဇူးမှ အသံဖိုင်ဖြင့် တင်ထားခဲ့သည်ကို ကြားသိရသဖြင့် သမီးဖြစ်သူကို စိုးရိမ်သောကြောင့် ရန်ကုန်သို့လိုက် လာခဲ့ကြောင်း၊ ထိုသို့ လိုက်လာစဉ် တာမွေမြို့နယ်ရှိ မင်းရာဇာ ၏ နေအိမ်၌ သမီးဖြစ်သူကို မတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဆက်လက်၍ မင်းရာဇာ၏ ဇနီး မဖူးငုံပွင့် (ခ) ဇူးဇူး၏ မိဘများနေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်သို့ သွားရောက်ကြည့်ရှုရာ သမီးဖြစ်သူကို တွေ့ရှိရပြီး လမ်းလျှောက်ပုံ မမှန် ၍ မေးမြန်းခဲ့ရာ မင်းရာဇာမှ သမီးဖြစ်သူ၏ ခန္ဓာကိုယ် အောက်ပိုင်းအား အက်ဆစ် ထည့်ထားသော စပရေးဘူးဖြင့် ပက်ခဲ့သောကြောင့် ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

အလားတူပင် ဧပြီလ ၅ ရက်၊ ညနေပိုင်းတွင်လည်း မင်းရာဇာ၏ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးမှ တရားလို၏ သမီးဖြစ်သူအား ခေါင်းကို တူဖြင့် နှစ်ချက် ထုရိုက်ခဲ့ရာ နောက်စေ့ ဖူးရောင် သွေးထွက် ဒဏ်ရာ နှစ်ချက် ( မစိုးရိမ်ရ ) ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများမှ သိရသည်။ Source ; စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *