တတိယ ကမ္ဘာစစ်ရဲ့ အစဖြစ်လာမယ်လို့ ပညာရှင်တွေ သုံးသပ်နေကြတဲ့ အီရန်နဲ့အစ္စရေးတို့ရဲ့ တိုက်ပွဲ
|တတိယ ကမ္ဘာစစ်ရဲ့ အစဖြစ်လာမယ်လို့ ပညာရှင်တွေ သုံးသပ်နေကြတဲ့ အီရန်နဲ့အစ္စရေးတို့ရဲ့ တိုက်ပွဲ
အစ္စရေး တပ်မတော်ဟာပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ ဆီးရီးယားအခြေစိုက် အီရန် စစ်စခန်းတစ်ခုကို ဒုံးကျည်တွေနဲ့ အတွဲ လိုက်ပစ်ခတ် တိုက်ခိုက်ကာ နှစ်နိုင်ငံ တင်းမာမှုအကြား စစ်ပွဲတစ်ခု ပေါ်ပေါ်ထင်ထင် ဖြစ်စေဖို့အတွက် အစ္စရေးက စတင်လိုက်ပြီလို့ ဆိုရမှာပါ။
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အီရန် ဘက်က (၅) ဦး ကျဆုံးခဲ့ပြီး (၁၁) ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရပါသည်။ အစ္စရေးဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေဟာ အီရန်ကကျော ထောက်နောက်ခံပေးထားတဲ့ ဒမတ်စကတ်အနီးရှိ စစ်စခန်း တစ်ခုကို ထိမှန်ခဲ့ပါတယ်။
အထူးသဖြင့် လက်နက် ခဲယမ်းထား ရှိတဲ့ ဂိုဒေါင်ကို ထိမှန်ခဲ့ပြီး ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ တိုက်ခိုက်မှု ကြောင့် ဆီးရီးယားစစ် သား (၇) ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
SANA ကနေ ထုတ်ပြန်တဲ့ သတင်းအရ ပစ်လွှတ် လိုက်တဲ့ ဒုံး ကျည် တွေဟာ တိုက်ခိုက်ရေး ဖိုက်တာတွေ ကနေတဆင့် ပစ်လွှတ်ခဲ့တာလို့ ဆိုပါတယ်။ အနီးအနားက အစ္စရေး ဘက်ခြမ်းမှာ တော့ Golan Heights တောင်ကုန် တည်ရှိပြီး အခြားဘက်ကိုတော့ ဆီးရီးယားက ပိုင်ဆိုင်ပါတယ်။
အဲ့ဒီတောင်ကုန်းရဲ့ တစိတ်တစ်ဒေသ ဟာ (၁၉၆၇) ခုနှစ်နောက်ပိုင်းမှာ ဆီးရီးယား ဆီကနေ အစ္စရေးတို့ (၆) ရက်ကြာ စစ်ပွဲဆင်နွဲပြီး လုယူ ထားတဲ့နေရာ ဖြစ်ပါတယ်။ ဆီးရီးယား စစ်သားတွေ ထဲမှာ ဒဏ်ရာရ ရှိသူ (၇) ဦးအနက် (၂) ဦးမှာ ဒဏ်ရာ ပြင်းထန်လို့ အသက် အန္တရာယ် စိုးရိမ်နေရ တယ်လို့ သိရပါတယ်။
ဆီးရီးယား လေကြောင်းဘက်ကလည်း အခင်းဖြစ်ပြီးနောက် ကင်းလှည့်တဲ့ သဘောမျိုး ပျံသန်းခဲ့ပေမယ့် တုန့်ပြန် တိုက်ခိုက် တာမျိုး မရှိသေး ပါဘူး။ အစ္စရေးတို့ရဲ့ အဓိက ရည်ရွယ် ထားတာကလည်း အီရန်က ကျောထောက် နောက်ခံပေးထားတဲ့ စစ်အခြေစိုက် စခန်းကို ရည်ရွယ်တာပဲ ဖြစ်ပါတယ်။
အီရန်နဲ့ အစ္စရေးတို့ဟာ ကမ္ဘာ့ရန်ဘက် တွေဖြစ်ကြပြီး မကြာသေးခင်က အီရန် သမ္မတ ခါမေနီက အစ္စရေးကို တိုက်ခိုက်ဖို့ အတွက် မဟာမိတ်တွေ ရထားပြီးပြီလို့ ကြေငြာ ခဲ့ပါသေးတယ် ။ အနောက် အင်အားစုတွေက စေလွှတ်ထားတဲ့ စုံထောက်တွေရဲ့ အဆိုအရ အီရန်အနေနဲ့ မကြာသေးခင်ကမှ နုးကလီးယား လက်နက် ပိုင်ဆိုင်သွားပြီလို့ သံသယ ရှိနေပါတယ်။
အီရန်ကို ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်အင်အားကြီး နိုင်ငံတွေကတော့ အမေရိကန်ရဲ့ ရန်ဘက် ရုရှားနဲ့ တရုတ်တို့ ဖြစ်ပြီး အစ္စရေးကတော့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအထဲမှာ အမေရိကန်အပါအဝင် အနောက်အုပ်စုနဲ့ အဆင်ပြေတဲ့ ရှားရှားပါးပါးနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
အခု တိုက်ခိုက်မှုကြောင့် ဆီးရီးယား မြို့တော် တောင်ပိုင်းရှိ Kiswah မြို့ဝန်းကျင်မှာ ဆက်တိုက် ပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီ ဒေသဟာ အီရန် စစ်တပ်နဲ့ စပ်ဆက်နေတဲ့ နေရာဖြစ်ပါတယ်။ Crd ; WhiteNews