အာဆင်နယ်နဲ့ ချဲလ်ဆီးပွဲ ကြည့်ရှုရန် ဖိတ်ခေါ်မူအား ငြင်းပယ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း

အာဆင်နယ်နဲ့ ချဲလ်ဆီးပွဲ ကြည့်ရှုရန် ဖိတ်ခေါ်မူအား ငြင်းပယ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော့်တို့ရဲ့ လွပ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ အကြောင်းကို ကျွန်တော်တို့ မြန်မာ လူမျိုးများဟာ စာအုပ်တွေကတဆင့် (သို့မဟုတ်) ရှေးလူကြီး သူမများ၏ ပြောစကားမှ တစ်ဆင့် သိရှိကြတာ များပါတယ်။ လွပ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိင်ငံ လွတ်လပ်ရေး ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့တယ်ဆို တာကို ကျွန်တော်တို့ အားလုံးအသိဘဲ ဖြစ်ပါတယ်နော်။

ထိုအကြောင်းအရာများထဲမှ လူသိနည်းတဲ့ ဗိုလ်ချူပ်ရဲ့ အကြောင်း လေးကို ရေးလိုက်ပါတယ်။ အဲဒါ့ကတော့ ဗိုလ်ချုပ် အောင်ဆန်း နဲ့ ဘောလုံးပွဲ အကြောင်းပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာနိင်ငံလွတ်လပ်ရေးပေးဖို့အတွက် အင်္ဂလိပ်တို့ထံ တောင်းဆိုရန် ၁၉၄၇ ဇန်န ဝါရီလ ၂ ရက် နံနက် ၇ နာရီ အချိန် တိတိတွင် မင်္ဂလာဒုံလေဆိပ်မှ စတင်ထွက်ခွာလာခဲ့ပါတယ်။ ၁၉၄၇ ဇန်နဝါရီလ ၉ ရက် ည ၉ နာရီ မိနစ် ၄၀ အချိန်မှာ ဗိုလ်ချုပ်ဟာ လန်ဒန်သို့ ရောက်ရှိခဲ့ပါတယ်။

(စာကြွင်း ဗိုလ်ချုပ် အောင်ဆန်းဟာ လန်ဒန်သို့ တိုက်ရိုက် မသွားဘဲ ဇန်နဝါရီလ ၂ ရက် ညနေ ၄ နာရီ ၄၀ မီနစ် အချိန်တွင် နယူးဒေလီ ဝယ်လင်တန် လေဆိပ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယ ခေါင်းဆောင်ကြီး နေရူးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ၁၉၄၇ ဇန်နဝါရီ ၄ ရက်နေ့တွင် ဗိုလ်ချုပ်ဟာ နယူးဒေလီမှ ကရာချိ ကရာချိမှ အီရတ် နိင်ငံ ဘဂ္ဂဒတ် မြို့တော်အနီး ဟီဗာနီးယား လေဆိပ် မှ လန်ဒန် စသည်ဖြင့် ထွက်ခွာ လာခြင်း ဖြစ်ပါတယ်) ။

ဗိုလ်ချုပ် အောင်ဆန်း လန်ဒန်သို့ ရောက်ရှိလာသည့် ၁၉၄၇ ခုနှစ်အချိန်တွင် အင်္ဂလန်နိင်ငံမှာ ဘောလုံးအားကစား ထွန်းကားနေပြီဖြစ်ပြီး ကလပ်အသင်းများကို ကစားစေသည့် စနစ်မှာလည်း နှစ်ပေါင်း ၅၉ နှစ်ထိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ (ထိုစဉ်က ပရီးမီယားလိဂ်အမည်ဖြင့် ကျင်းပ ခြင်းမဟုတ်သေးပါ )

ဗိုလ်ချုပ် အောင်ဆန်းဟာ လန်ဒန်သို့ ရောက်ရှိနေစဉ် ကာလအတွင်း အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိရန်အတွက်သာ စိတ်ဆန္ဒပြင်းပြနေသဖြင့် အင်္ဂလိပ်တို့၏ ဘောလုံးပွဲ ကြည့်ရူရန် ဖိတ်ခေါ်မူကို ငြင်းဆို ခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်တို့သည် ထိုခေတ် အခါများကတည်းက အခြားနိင်ငံများမှ ခေါင်းဆောင်များအား အချိန်ပေးကာ သူတို့နိင်ငံ၏ အားကစား တိုးတတ်မူများကို ဂုဏ်ယူဝင့်ကြွား စွာပြသလေ့ရှိပါသည်။

အင်္ဂလိပ် လူမျိုးများသည် ၎င်းတို့နိင်ငံ၏ ဘောလုံးအားကစားတိုးတတ်မူကို မြန်မာခေါင်းဆောင်များကို ပြသချင်သည့်အတွက် ၁၉၄၇ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကစားသည့် အာဆင်နယ်နဲ့ချဲလ်ဆီးပွဲအား ရွေးချယ်ခဲ့သည့်အပြင် အစည်းအဝေး ကျင်းပချိန်ကိုလည်း ဘောလုံးပွဲအချိန် ညနေကိုသာ ရွေးချယ်ခဲ့ကြသည်။

သို့သော်လည်း ဗိုလ်ချုပ် အောင်ဆန်းဟာ ဗြိတိလျှ အစိုးရနဲ့ ဆွေး နွေးရာတွင် အဆင်ပြေစေရန်အတွက် ကြိုတင် ပြင်ဆင်မူများအား အနှောင့်အယှက် မဖြစ်စေရန် ငြင်းပယ်ခဲ့ပြီး သခင်မြကိုသာ ရွေးချယ်ခဲ့သည်။ ထို့အတွက်ကြောင့် သခင်မြသည် (ယခုအခေါ် အင်္ဂလန် ပရီးမီးယားလိဂ်) ကို မျက်ဝါးထင်ထင် အားပေးခွင့် ရခဲ့သော ပထမဆုံး ဝန်ကြီး ဖြစ်လာခဲ့သည်။

ကျွန်တော်တို့ရဲ့ ချစ်လှစွာသော တိုင်းပြည်၏ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မွေးနေ့ အတွက် လူသိနည်းလွန်းလှတဲ့ ဗိုလ်ချုပ်နဲ့ အင်္ဂလိပ်ဘောလုံး ပွဲ အကြောင်းကို ရေးသားရခြင်းဖြစ်ပါသည်။ Credit ; ထရီဇာအောင်ငြိမ်းဦး / တဣသိုလ်နေဝင်း (ဗိုလ်ချုပ် အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမူ သမိုင်းစာအုပ်)

Add a Comment

Your email address will not be published. Required fields are marked *