ရပ်နားထားရသည့် ရုပ်ရှင် ဗီဒီယို ရုပ်သံများ ပြန်လည်ရိုက်ကူးခွင့်ပြု

ရပ်နားထားရသည့် ရုပ်ရှင် ဗီဒီယို ရုပ်သံများ ပြန်လည်ရိုက်ကူးခွင့်ပြု

ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် မတ်လမှစတင်ကာ ရပ်နားထားရသည့် ရုပ်ရှင် ရိုက်ကူးရေး လုပ်ငန်းများကို ကျန်းမာရေးနှင့်အားက စား ဝန်ကြီးဌာနက ပြန်လည် ရိုက်ကူးခွင့် ပြုလိုက်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေး ကပြောသည်။

” အခု တင်ထားတာတွေက တော့အများကြီးပဲ။ ကြော်ငြာပဲ ဆိုရင် ၁၃ ခုရှိတယ်။ ဇာတ်လမ်းတွဲက ၇ ကား။ ကျန်တဲ့ ရုပ်ရှင်ကားကြီးတွေကတော့ အသစ် တင်တာရှိသလို ရိုက်လက်စ တစ်ဝက် တစ်ပျက်တွေလည်း ရှိတယ်။ ရုပ်ရှင်က အခု လောလောဆယ်ကတော့ အသစ် တွေကတော့ ရိုက်ဖို့ နည်းနည်းဝေးမယ်။

မလာကြသေးဘူး။ တင်ထားတာပဲ ရှိတယ်။ ဒီ‌ကြေညာချက် တွေ့ပြီဆိုရင် တော့လာကြမှာဘဲ။ သူတို့တင်တဲ့ စာရင်းကို ကျွန်တော်တို့ က ဟိုဘက် ပို့လိုက်ရုံ ပဲလေ။ ပြီးရင် ကျန်းမာရေး ဘက်က လာစစ်မယ်ထင်တယ် ” ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါသည်။

ရိုက်ကူးခွင့်ကို တစ်ပတ် ကြိုတင်၍ ရုပ်ရှင်လုပ်ငန်းသို့ ပို့ရမည်ဖြစ်ပြီး ထိုမှတဆင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနကို တင်ပြရမည်ဖြစ်ကြောင်း၊ ထိုသို့ တင်ပြရာတွင် ရိုက်ကူးရေး လုပ်ဆောင်မည့်သူများ အားလုံး၏ စာရင်းကို ဖော်ပြ ပေးရမည်ဖြစ်ပြီး တစ်စုံတစ်ခု ပေါ်ပေါက်လာပါက နောက်ကြောင်း ရာဇဝင်လိုက်၍ ရစေရန် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုသို့ ရုပ်ရှင်ပြန်လည် ရိုက်ကူးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောပါသည်။

” ရိုက်ကွင်း မဝင်ခင် ၂၁ ရက် အတွင်း ဘယ်တွေသွားထားလဲ၊ ကျန်းမာရေး ဆေးစစ်ချက်၊ နေထိုင်တဲ့ ရပ်ကွက်အတွင်းက ထောက်ခံစာ၊ ပြီးတော့ ကိုယ့်ရဲ့နေ့စဉ် မှတ်တမ်းကိုလည်း ဖြည့်ပေးရမှာဖြစ်ပြီး လက်မှတ် ထိုးရပါ့မယ်။ ဒါမှလည်း တစ်ခုခုဖြစ်ရင် နောက်ကြောင်း လိုက်လို့ရမယ်။ စည်းကမ်းလေးတွေ နဲ့တော့ လုပ်ဖို့လိုတယ်” ဟု၎င်းကပြောသည်။

ရုပ်ရှင် ဇာတ်ကားများ ပြန်လည် ရိုက်ကူးနိုင်ရေး ကိစ္စနှင့်ပတ်သက် ၍ ပြီးခဲ့သည့် ဇွန် ၃၀ ရက်က နေပြည်တော်တွင် အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ Source ; စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *