ဗစ်တိုးရီးယားအမှုကို ပြန်စိစစ်ပေးဖို့ လွှတ်တော်မှာ မေးမြန်း

ဗစ်တိုးရီးယားအမှုကို ပြန်စိစစ်ပေးဖို့ လွှတ်တော်မှာ မေးမြန်း

ဗစ်တိုးရီးယား အမှုနဲ့ပတ်သက်ပြီ ပြန်လည်စိစစ်ပေးဖို့ ပန်းတောင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ဒီနေ့ ဇူလိုင် (၂၈) ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်း လိုက်ပါတယ်။

ဗစ်တိုးရီးယားအမှုကို တရားရုံးမှာ စစ်ဆေးခဲ့ပေမဲ့ တရားခံဖော်ထုတ် အရေးယူ နိုင်တာမရှိသလို အမှုရပ်ဆိုင်း ခဲ့ရတာကြောင့် တရားမျှတမှု နစ်နာဆုံးရှုံး ခဲ့ရတဲ့အပေါ် ပြန်စိစစ် သုံးသပ်ပေးဖို့ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့ တာပါ။

အဲဒီ မေးခွန်းကို ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက စာနဲ့ပြန်ဖြေ ‌ခဲ့တာမှာတော့ ဒီဇင်ဘာလ (၁၈) ရက်မှာ ချမှတ်ခဲ့တဲ့အမိန့်နဲ့ ပတ်သက်ပြီး အထက်အဆင့် တရားရုံးကို ပြင်ဆင်လျှောက်ထားတာ၊ ဖြစ်ပွားခဲ့တဲ့ မှုခင်းနဲ့ပတ်သက်ပြီး တရားရုံးကို အမှုသစ် ထပ်မံဆွဲဆို တင်ပို့ထားတာ မရှိဘူးလို့ ပြန်လည်ဖြေကြား ခဲ့ပါတယ်။

” ကျွန်မ သဘောထား အနေနဲ့ကတော့ သက်ဆိုင်တဲ့သူတွေက ဒီအမှုကြီးကို သူ့ရဲ့တရားရုံးမှာ မကျေနပ်ရင် ကိုယ်ဘာသာ ဥပဒေ ကြောင်းအရ ဆက်လုပ်ရမယ် ဆိုတာကို မလုပ်ခဲ့ဘူးလို့ ပြန်ဖြေလိုက်တဲ့ သဘောပဲ။” လို့ ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က O Media ကို ပြောပါတယ်။

ဗစ်တိုးရီးယား အမှုနဲ့ပတ်သက်လို့ တရားစွဲ ခံခဲ့ရတဲ့ ကိုအောင်ကြီး (ခ) အောင်ကျော်မျိုးကို ဒက္ခိဏခရိုင် တရားရုံးက စစ်ဆေးခဲ့ပြီး ပြန် လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှုမှာ တရားလိုပြ သက်သေ (၁၉) ယောက်၊ ရုံးခေါ်သက်သေ (၁) ယောက်တို့ကို စစ်ဆေးပြီးတဲ့နောက် တရားခံအပေါ် စွဲချက်တင်ဖို့အကြောင်းမပေါ်ပေါက်လို့ အမှုကနေလွှတ်ပေးခဲ့တာဖြစ်ပါတယ်။ Source ; O Media

Unicode … ဗစ်တိုးရီးယားအမကို ပြန်စိစစ်ပေးဖို့ လွတ်တော်မာ မေးမြန်း

ဗစ်တိုးရီးယား အမနဲ့ပတ်သက်ပြီ ပြန်လည်စိစစ်ပေးဖို့ ပန်းတောင်း မဲဆန္ဒနယ် ပြည်သူ့လွတ်တော် ကိုယ်စားလယ် ဒေါ်ခင်နင်းသစ်က ဒီနေ့ ဇူလိုင် (၂၈) ရက်မာ ကျင်းပတဲ့ ပြည်သူ့လွတ်တော်အစည်းအဝေးမာ မေးခွန်းမေးမြန်း လိုက်ပါတယ်။

ဗစ်တိုးရီးယားအမကို တရားရုံးမာ စစ်ဆေးခဲ့ပေမဲ့ တရားခံဖော်ထုတ် အရေးယူ နိုင်တာမရသလို အမရပ်ဆိုင်း ခဲ့ရတာကြောင့် တရားမျတမ နစ်နာဆုံးရ ခဲ့ရတဲ့အပေါ် ပြန်စိစစ် သုံးသပ်ပေးဖို့ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့ တာပါ။

အဲဒီ မေးခွန်းကို ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက စာနဲ့ပြန်ဖြေ ‌ခဲ့တာမတော့ ဒီဇင်ဘာလ (၁၈) ရက်မ ချမတ်ခဲ့တဲ့အမိန့်နဲ့ ပတ်သက်ပြီး အထက်အဆင့် တရားရုံးကို ပြင်ဆင်လျာက်ထားတာ၊ ဖြစ်ပွားခဲ့တဲ့ မခင်းနဲ့ပတ်သက်ပြီး တရားရုံးကို အမသစ် ထပ်မံဆွဲဆို တင်ပို့ထားတာ မရဘူးလို့ ပြန်လည်ဖြေကြား ခဲ့ပါတယ်။

” ကျွန်မ သဘောထား အနေနဲ့ကတော့ သက်ဆိုင်တဲ့သူတွေက ဒီအမကြီးကို သူ့ရဲ့တရားရုံးမာ မကျေနပ်ရင် ကိုယ်ဘာသာ ဥပဒေ ကြောင်းအရ ဆက်လုပ်ရမယ် ဆိုတာကို မလုပ်ခဲ့ဘူးလို့ ပြန်ဖြေလိုက်တဲ့ သဘောပဲ။” လို့ ကိုယ်စားလယ် ဒေါ်ခင်နင်းသစ်က O Media ကို ပြောပါတယ်။

ဗစ်တိုးရီးယား အမနဲ့ပတ်သက်လို့ တရားစွဲ ခံခဲ့ရတဲ့ ကိုအောင်ကြီး (ခ) အောင်ကျော်မျိုးကို ဒက္ခိဏခရိုင် တရားရုံးက စစ်ဆေးခဲ့ပြီး ပြန် လွတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမမာ တရားလိုပြ သက်သေ (၁၉) ယောက်၊ ရုံးခေါ်သက်သေ (၁) ယောက်တို့ကို စစ်ဆေးပြီးတဲ့နောက် တရားခံအပေါ် စွဲချက်တင်ဖို့အကြောင်းမပေါ်ပေါက်လို့ အမကနေလွတ်ပေးခဲ့တာဖြစ်ပါတယ်။ Source ; O Media

Add a Comment

Your email address will not be published. Required fields are marked *