မန္တလေးတွင် ရွှေနန်းတော် သံရည်ကျိုစက်ရုံ ပေါက်ကွဲမှု ဖြစ်ပွား… လူ (၅) ဦး ဒဏ်ရာရ
|မန္တလေးတွင် ရွှေနန်းတော် သံရည်ကျိုစက်ရုံ ပေါက်ကွဲမှု ဖြစ်ပွား… လူ (၅) ဦး ဒဏ်ရာရ
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဈ) ရပ်ကွက်၊ ၅၆ လမ်းအနီးရှိ ရွှေနန်းတော် သံရည်ကျို စက်ရုံတွင် ယနေ့ ဇူလိုင် (၂၉) ရက် နံနက်ပိုင်းက လုပ်ငန်းခွင် အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသား (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ရွှေနန်းတော် သံရည်ကျိုရုံတွင် ယနေ့ နံနက် (၈) နာရီခန့်က သံရည်ကျို လုပ်ငန်းဆောင်ရွက်စဉ် အကျယ် နှစ်ပေ၊ အရှည် လေးပေခန့်ရှိ ‘လုံ’ မှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသား (၅) ဦးတွင် သံတို၊ သံစနှင့် သံရည်ပူ အနည်းငယ်ထိမှန်ဒဏ်ရာနှင့် မီးခိုးဟပ် ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Unicode … မန္တလေးတွင် ရွနန်းတော် သံရည်ကျိုစက်ရုံ ပေါက်ကွဲမ ဖြစ်ပွား… လူ (၅) ဦး ဒဏ်ရာရ
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဈ) ရပ်ကွက်၊ ၅၆ လမ်းအနီးရ ရွနန်းတော် သံရည်ကျို စက်ရုံတွင် ယနေ့ ဇူလိုင် (၂၉) ရက် နံနက်ပိုင်းက လုပ်ငန်းခွင် အတွင်း ပေါက်ကွဲမ ဖြစ်ပွားခဲ့ရာ အမျိုးသား (၅) ဦး ထိခိုက်ဒဏ်ရာ ရရခဲ့ကြောင်း သိရသည်။
ရွနန်းတော် သံရည်ကျိုရုံတွင် ယနေ့ နံနက် (၈) နာရီခန့်က သံရည်ကျို လုပ်ငန်းဆောင်ရွက်စဉ် အကျယ် နစ်ပေ၊ အရည် လေးပေခန့်ရ ‘လုံ’ မ ပေါက်ကွဲမ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသား (၅) ဦးတွင် သံတို၊ သံစနင့် သံရည်ပူ အနည်းငယ်ထိမန်ဒဏ်ရာနင့် မီးခိုးဟပ် ဒဏ်ရာများ ရရခဲ့သဖြင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ စက်ရုံမ ထိခိုက် ဒဏ်ရာရရခဲ့သော အလုပ်သမား (၅) အနက် တစ်ဦးတွင် အခြေအနေ ဆိုးသဖြင့် ခွဲစိတ်ရန် ပြင်ဆင်လျက်ရကြောင်း စုံစမ်းသိရသည်။ Source ; Top Phoenix Media Group