အီတလီမှ အသက် ၉၆ နှစ်အရွယ် အသက်အကြီးဆုံး တက္ကသိုလ်ကျောင်းသား အဘိုးအို ဘွဲ့ရရှိ
အီတလီမှ အသက် ၉၆ နှစ်အရွယ် အသက်အကြီးဆုံး တက္ကသိုလ်ကျောင်းသား အဘိုးအို ဘွဲ့ရရှိ
ပညာလို၊ အိုသည်မရှိ ဆိုတဲ့ ဆိုရိုးဟာ ဂူဆက်ပီ ပက်တာနို အတွက်တော့ တကယ့်ကို မှန်ကန်ခဲ့ပါတယ်။ အီတလီရဲ့ အသက်အကြီးဆုံး ကျောင်းသားဟာ ၉၆ နှစ် အရွယ်မှာ ဘွဲ့ရရှိခဲ့ပြီ ဖြစ်ပါတယ်။
အီတလီမှာတော့ သူ့ကို ကျောင်းသားကြီးလို့ ချစ်စနိုး ခေါ်ဝေါ်ကြပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြန် အဖိုးအိုဟာ အီတလီ နိုင်ငံသမိုင်းမှာ အသက်အကြီးဆုံး ဘွဲ့ရကျောင်းသား အနေနဲ့ မှတ်တမ်း ဝင်လာခဲ့ပါတယ်။ သူဟာ ပါလာမို တက္ကသိုလ်ကနေ ဒဿနိကဗေဒနဲ့ သမိုင်း ဘာသာရပ်တွေအတွက် ဘွဲ့ရရှိ ခဲ့ပါတယ်။
အဖိုးအို ပက်တာနိုဟာ စစ်မှုထမ်းဘဝ၊ ရထားလမ်း လုပ်သား ဘဝတွေကို ဖြတ်သန်း ခဲ့ဖူးပါတယ်။ ငယ်ငယ်က ပညာကို ဆုံးခန်းတိုင်အောင် သင်ယူခွင့် မရခဲ့ပေမယ့် ဘွဲ့ရတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့ အိပ်မက်ကိုတော့ မစွန့်လွှတ်ခဲ့ပါဘူး။ သူ့ဘဝ တလျှောက်လုံး စာဖတ်တာ၊ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ သင်ယူဆည်းပူးတာနဲ့ ပျော်မွေ့နေခဲ့ပါတယ်။
သူဟာ ကွန်ပျူတာကို မသုံးဘဲ သူယုံကြည်တဲ့ လက်နှိပ်စက် ကလေး တစ်လုံးနဲ့ပဲ စာရိုက်လေ့ ရှိပါတယ်။ ဘွဲ့ရပြီးတဲ့ အချိန်မှာ သူ့ ရဲ့ အနာဂတ် ရည်မှန်းချက်ကတော့ စာရေးဆရာ တစ်ယောက် ဖြစ်လာချင်တာ လို့လည်း အဖိုးအိုက ဖွင့်ဟ ပြောကြားသွားပါတယ်။Crd ; 7Day
Unicode … အီတလီမ အသက် ၉၆ နစ်အရွယ် အသက်အကြီးဆုံး တက္ကသိုလ်ကျောင်းသား အဘိုးအို ဘွဲ့ရရ
ပညာလို၊ အိုသည်မရ ဆိုတဲ့ ဆိုရိုးဟာ ဂူဆက်ပီ ပက်တာနို အတွက်တော့ တကယ့်ကို မန်ကန်ခဲ့ပါတယ်။ အီတလီရဲ့ အသက်အကြီးဆုံး ကျောင်းသားဟာ ၉၆ နစ် အရွယ်မာ ဘွဲ့ရရခဲ့ပြီ ဖြစ်ပါတယ်။
အီတလီမာတော့ သူ့ကို ကျောင်းသားကြီးလို့ ချစ်စနိုး ခေါ်ဝေါ်ကြပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြန် အဖိုးအိုဟာ အီတလီ နိုင်ငံသမိုင်းမာ အသက်အကြီးဆုံး ဘွဲ့ရကျောင်းသား အနေနဲ့ မတ်တမ်း ဝင်လာခဲ့ပါတယ်။ သူဟာ ပါလာမို တက္ကသိုလ်ကနေ ဒဿနိကဗေဒနဲ့ သမိုင်း ဘာသာရပ်တွေအတွက် ဘွဲ့ရရ ခဲ့ပါတယ်။
အဖိုးအို ပက်တာနိုဟာ စစ်မထမ်းဘဝ၊ ရထားလမ်း လုပ်သား ဘဝတွေကို ဖြတ်သန်း ခဲ့ဖူးပါတယ်။ ငယ်ငယ်က ပညာကို ဆုံးခန်းတိုင်အောင် သင်ယူခွင့် မရခဲ့ပေမယ့် ဘွဲ့ရတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့ အိပ်မက်ကိုတော့ မစွန့်လွတ်ခဲ့ပါဘူး။ သူ့ဘဝ တလျာက်လုံး စာဖတ်တာ၊ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ သင်ယူဆည်းပူးတာနဲ့ ပျော်မွေ့နေခဲ့ပါတယ်။
သူငယ်ငယ်က တက္ကသိုလ် တက်ချင်ပေမယ့် အခွင့်အရေးမရခဲ့ဘူးလို့ အဖိုးအိုက ရင်းပြပါတယ်။ သူဟာ ဆစ္စလီက ဆင်းရဲနွမ်းပါးတဲ့ မိသားစုမာ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ အသက် ၉၀ ကျော်လာတဲ့ အချိန်မာတော့ အေးအေးဆေးဆေး နေနိုင်တဲ့ အခြေအနေ ရလာသလို ဘွဲ့ရအောင် ကြိုးစားတော့မယ်လို့ အဖိုးအို ပက်တာနိုက စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ပြီးတော့ တကယ်လည်း ဘွဲ့ရအောင် ယူပြခဲ့ပါတယ်။
သူဟာ ကွန်ပျူတာကို မသုံးဘဲ သူယုံကြည်တဲ့ လက်နပ်စက် ကလေး တစ်လုံးနဲ့ပဲ စာရိုက်လေ့ ရပါတယ်။ ဘွဲ့ရပြီးတဲ့ အချိန်မာ သူ့ ရဲ့ အနာဂတ် ရည်မန်းချက်ကတော့ စာရေးဆရာ တစ်ယောက် ဖြစ်လာချင်တာ လို့လည်း အဖိုးအိုက ဖွင့်ဟ ပြောကြားသွားပါတယ်။Crd ; 7Day
Add a Comment
Your email address will not be published. Required fields are marked *