

ဟာရီကိန်းမုန်တိုင်း အိုင်းဆက်က ပိုအားကောင်းကောင်းနဲ့ နီးကပ်လာနေတာကြောင့် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူးက ကမ်းရိုးတန်း မြို့နယ်တွေအတွက် သြဂုတ် ၁ ရက်က အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

ဟာရီကိန်းမုန်တိုင်း အိုင်းဆက်က ပြည်နယ်တောင်ပိုင်းကို ဝင်ရောက်ဖို့ ချဉ်းကပ် လာနေပြီးနောက် အမေရိကန်အရှေ့ပိုင်းကို ဆက်လက် တိုက်ခတ်မယ့် အလားအလာ ရှိနေပါတယ်။ အိုင်းဆက်မုန်တိုင်းဟာ ၁ နာရီ ၈၅ မိုင်နှုန်း လေတိုက်အားနဲ့ ဘဟားမားနိုင်ငံ နတ်ဆောင် မြို့တော်ရဲ့ တောင်ဘက် မိုင် ၈၀ အကွာမှာ ရှိနေပြီး အနောက်မြောက်ဘက်ကို ရွေ့လျားမယ်လို့ အမျိုးသား ဟာရီကိန်းဌာန NHC က ပြောပါတယ်။

ဖလော်ရီဒါပြည်နယ် အာဏာပိုင်တွေက ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ရှိ၊ မရှိ စစ်ဆေးတဲ့ဌာနတွေကို ယာယီပိတ်ပြီး ပြည်သူတွေ မရှိမဖြစ် လိုမယ့်ပစ္စည်းတွေကို သိုလှောင်ထားကြဖို့ သတိပေးထားပါတယ်။

အိုင်းဆက် မုန်တိုင်းကြောင့် သောကြာနှောင်းပိုင်း တည်းက အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းမှာ မိုးစကြီး နေခဲ့တာပါ။ လာမယ့် သီတင်းပတ် အစောပိုင်းမှာတော့ ကာရိုလိုင်းနား ပြည်နယ်အရှေ့ပိုင်းကို မုန်တိုင်းဝင်မယ်လို့ NHC က ပြောထားပါတယ်။ Ref ; DVB

Unicode … အမေရိကန် ဖလော်ရီဒါ ကမ်းရိုးတန်းမြို့နယ်များတွင် ဟာရီကိန်းမုန်တိုင်း အရေးပေါ်အခြေအနေ ကြေညာထား

ဟာရီကိန်းမုန်တိုင်း အိုင်းဆက်က ပိုအားကောင်းကောင်းနဲ့ နီးကပ်လာနေတာကြောင့် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမးက ကမ်းရိုးတန်း မြို့နယ်တွေအတွက် သြဂုတ် ၁ ရက်က အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

ဟာရီကိန်းမုန်တိုင်း အိုင်းဆက်က ပြည်နယ်တောင်ပိုင်းကို ဝင်ရောက်ဖို့ ချဉ်းကပ် လာနေပြီးနောက် အမေရိကန်အရပိုင်းကို ဆက်လက် တိုက်ခတ်မယ့် အလားအလာ ရနေပါတယ်။ အိုင်းဆက်မုန်တိုင်းဟာ ၁ နာရီ ၈၅ မိုင်နန်း လေတိုက်အားနဲ့ ဘဟားမားနိုင်ငံ နတ်ဆောင် မြို့တော်ရဲ့ တောင်ဘက် မိုင် ၈၀ အကွာမာ ရနေပြီး အနောက်မြောက်ဘက်ကို ရွေ့လျားမယ်လို့ အမျိုးသား ဟာရီကိန်းဌာန NHC က ပြောပါတယ်။

ဖလော်ရီဒါပြည်နယ် အာဏာပိုင်တွေက ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ရ၊ မရ စစ်ဆေးတဲ့ဌာနတွေကို ယာယီပိတ်ပြီး ပြည်သူတွေ မရမဖြစ် လိုမယ့်ပစ္စည်းတွေကို သိုလာင်ထားကြဖို့ သတိပေးထားပါတယ်။

အိုင်းဆက် မုန်တိုင်းကြောင့် သောကြာနာင်းပိုင်း တည်းက အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းမာ မိုးစကြီး နေခဲ့တာပါ။ လာမယ့် သီတင်းပတ် အစောပိုင်းမာတော့ ကာရိုလိုင်းနား ပြည်နယ်အရပိုင်းကို မုန်တိုင်းဝင်မယ်လို့ NHC က ပြောထားပါတယ်။ Ref ; DVB

Add a Comment

Your email address will not be published. Required fields are marked *