မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုဒုံမြို့နယ် နှင့် သံဖြူဇရပ်မြို့ရှိ အဝေးပြေးလမ်းများ လမ်းရေကျော်မှုဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုဒုံမြို့နယ် နှင့် သံဖြူဇရပ်မြို့ရှိ အဝေးပြေးလမ်းများ လမ်းရေကျော်မှုဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂.၈.၂၀၂၀ ရက်နေ့ ညနေပိုင်းမှစ၍ မုဒုံမြို့နယ် နှင့် သံဖြူဇရပ်မြို့ရှိ အဝေးပြေး ကားလမ်းအချို့ လမ်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” မိုးတွေ အရမ်းရွာပြီး တောင်ရေဆင်းတဲ့ အတွက်ကြောင့် ၂ ရက်နေ့ ညနေ ၃ နာရီလောက်က သံဖြူဇရပ် မြို့အဝင် စည်ပင်ဘီးခွန်နားမှာ လမ်းပေါ် ရေစတက်တာပေါ့နော် ။ ၃ နာရီ ခွဲ ချိန်လောက်ကျတော့ ကားတွေလုံးဝ ဖြတ်လို့မရတာ မိနစ် ၂၀ လောက်ကြာတယ် ။ ပြီးတော့ ပြန်ကျသွားလို့ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ပရဟိ တအဖွဲ့တွေ ကနေပြီး ကားတွေကို ဖြတ်ပေးဖို့ လုပ်ဆောင်ပေးခဲ့တာပေါ့။

ဟိုဘက် နှီးပဒေါနားမှာကျတော့ ညနေ ၄ နာရီကျော်လောက်မှ ဖြစ်တာ ရေကတက်လာတာ များတာနဲ့ အိမ်စီးကားတွေ ဆိုင်ကယ်တွေကို လုံးဝပေးမဖြတ်တော့ဘူး ။ ကားကြီးတွေလောက်ပဲ ဖြတ်လို့ ရအောင် အဖွဲ့ပေါင်းစုံက ဝိုင်းဝန်းပြီး လုပ်ပေးခဲ့ကြတယ် ” ဟု လမ်းရေကျော်နေမှုအား လိုက်လံကူညီ ဆောင်ရွတ်ပေးနေသူ သံဖြူဇရပ်မြို့ နာရေးကူညီမှု အသင်းမှ ဦးကျော်ဝင်းက ဆိုသည်။

မုဒုံ​ သံဖြူဇရပ် ကားလမ်းမပေါ် နှီးပဒေါကျေးရွာအနီး ကားလမ်းမကြီးသည် မိုးများသည်နှင့် နှစ်စဉ် လမ်းရေကျော်မှုဖြစ်ပွားသည့် နေရာဖြစ်သည်။

” မနေ့ ညနေ ၄ နာရီချိန် လောက်ကတည်းက နှီးပဒေါမှာ လမ်းရေစတက်လာတာပါ။ ကျနော်တို့လည်း သတင်းရရချင်း အဖွဲ့တွေနဲ့ သွားခဲ့ပြီး ညနေ ၅ နာရီ ဝန်းကျင်လောက်မှာ ကားတွေက ဖြတ်ဖို့ အခက်ခဲဖြစ်သွားတယ် ။ ရေကလည်း တဖြည်းဖြည်းများလာတော့ ကားကြီးတွေကိုပဲ အဓိက ထားပြီး တလမ်းမောင်းစနစ်နဲ့လုပ်ပေးခဲ့ပါတယ် ။

ရေက တော်တော်နဲ့ မကျလို့ ကားလမ်းတွေတော့ ပိတ်ဆို့တာတွေဖြစ်သွားပါတယ် လူတွေ ယာဉ်တွေတော့ တစုံတခု ပျက်ဆီးမှုတော့ မရှိခဲ့ပါဘူး ၊ ခုလည်း စောင့်ကြည့်နေပါသေးတယ် မိုးကတော့ ရွာနေတုန်းပါပဲ ခုမနက်တော့ လမ်းရေကျော်တာတွေတော့ မရှိသေးပါဘူး ” ဟု မုဒုံမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဦးမှဆိုသည်။

မွန်ပြည်နယ် အတွင်းရှိ မြို့နယ်များ၌ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဘီးလင်း သထုံ ကျိုက်မရော နှင့် သံဖြူဇရပ်မြို့နယ်ရှိ အနိမ့်ပိုင်းရပ်ကွက်ကျေးရွာများ၌ နေအိမ်အတွင်း ရေများဝင်ရောက်လျက် ရှိနေကြောင်း သိရသည်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *