လေပြင်းတိုက် တောင်ပြို ရေကြီးမှုများ တနင်္သာရီ တိုင်းဒေသကြီးတွင် ဖြစ်ပေါ်နေ
|လေပြင်းတိုက် တောင်ပြို ရေကြီးမှုများ တနင်္သာရီ တိုင်းဒေသကြီးတွင် ဖြစ်ပေါ်နေ
“စင်လကု” (Sinlaku) မုန်တိုင်းငယ်၏ အရှိန်ကြောင့် ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သလို မြန်မာနိုင်ငံ တနင်္သာရီ တိုင်းဒေသကြီး အတွင်းမှ ဒေသအချို့တွင်လည်း
ရေကြီးမှု၊ တောင်ပြိုမှုနှင့် သွားလာရေး လမ်းပိုင်း ပြတ်တောက်မှုများ ရှိခဲ့ကြောင်း ထားဝယ်ခရိုင်နှင့် ဒေသအတွင်းမှ ဒေသခံပြည်သူများ၏ လူမှုကွန်ရက်တွင် ယနေ့ ( သြဂုတ် ၃) နံနက်ပိုင်း ဖော်ပြထားမှု အရ သိရသည်။
ထားဝယ် တောင်သုံးလုံး လမ်းပိုင်းရှိ ဘဲမတက် တောင်တွင် တောင်ဘေးသား မြေကြီးပြိုကျမှု ဖြစ်ပွားခဲ့သလို တနင်္သာရီမြို့ အဝင်ရှိ နဂါးရုပ်သည်လည်း လေပြင်းများ တိုက်ခတ်မှုကြောင့် ပြိုလဲကျခဲ့သည်။
ထို့အတူ အချို့သော ကျေးရွာများတွင် ရေကြီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည်ကို ဒေသခံများ၏ ဓါတ်ပုံ မှတ်တမ်းများအရ တွေ့ ရှိရပါသည်။ Source ; The Ladies News
Unicode … လေပြင်းတိုက် တောင်ပြို ရေကြီးမများ တနင်္သာရီ တိုင်းဒေသကြီးတွင် ဖြစ်ပေါ်နေ
“စင်လကု” (Sinlaku) မုန်တိုင်းငယ်၏ အရန်ကြောင့် ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမများ ဖြစ်ပေါ်ခဲ့သလို မြန်မာနိုင်ငံ တနင်္သာရီ တိုင်းဒေသကြီး အတွင်းမ ဒေသအချို့တွင်လည်း
ရေကြီးမ၊ တောင်ပြိုမနင့် သွားလာရေး လမ်းပိုင်း ပြတ်တောက်မများ ရခဲ့ကြောင်း ထားဝယ်ခရိုင်နင့် ဒေသအတွင်းမ ဒေသခံပြည်သူများ၏ လူမကွန်ရက်တွင် ယနေ့ ( သြဂုတ် ၃) နံနက်ပိုင်း ဖော်ပြထားမ အရ သိရသည်။
ထားဝယ် တောင်သုံးလုံး လမ်းပိုင်းရ ဘဲမတက် တောင်တွင် တောင်ဘေးသား မြေကြီးပြိုကျမ ဖြစ်ပွားခဲ့သလို တနင်္သာရီမြို့ အဝင်ရ နဂါးရုပ်သည်လည်း လေပြင်းများ တိုက်ခတ်မကြောင့် ပြိုလဲကျခဲ့သည်။
ထို့အတူ အချို့သော ကျေးရွာများတွင် ရေကြီးမများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည်ကို ဒေသခံများ၏ ဓါတ်ပုံ မတ်တမ်းများအရ တွေ့ ရရပါသည်။ Source ; The Ladies News