တောင်ငူ အုတ်တွင်း ကျေးရွာချင်းဆက် နောင်ရိုးတံတား (ကင်းဆိပ်တံတား) ကျိုးပျက်

တောင်ငူ အုတ်တွင်း ကျေးရွာချင်းဆက် နောင်ရိုးတံတား (ကင်းဆိပ်တံတား) ကျိုးပျက်

မိုးသည်းထန်စွာ ရွာသွန်းပြီး ခပေါင်းချောင်းရေ တိုက်စားမှုကြောင့် အုတ်တွင်း – တောင်ငူ ဆက်သွယ်ထားသည့် နောင်ရိုးတံတား ( ကင်းဆိပ် တံတား ) ဒီကနေ့ သြဂုတ် ၃ ရက် ညနေ ၄ နာရီ ကျော်အချိန်က ကျိုးသွားခဲ့ကြောင်း သိရသည်။

အနောက်ရိုးမမှ အခြေခံ စီးဆင်းလာသော တောင်ကျရေများသည် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် ပန်ဘဲချောင်း ၊ ချောင်းမငယ်ချောင်း စသည်တို့မှ တဆင့် ခပေါင်းချောင်း အတွင်းသို့ စီးဆင်းကြသောကြောင့် ခပေါင်းချောင်းမှာ အားချင်း ရေမြင့်တက်လာပြီး တောင်ငူ – အုတ်တွင်း ဆက်သွယ်ထားသည့် နောင်ရိုးတံတား ( ကင်းဆိပ် တံတား) အား တိုက်စား ကျိုးပဲ့စေခဲ့ တာလည်းဖြစ်သည်။

” မနက် ၁၀ နာရီ လောက်မှ တဖြေးဖြေးချင်း ရေတက်လာပြီး ချောင်းရိုး တစ်လျှောက် ကမ်းဘေးရွာတွေ ရေတက်လာတာပါ ညနေ ၄ နာရီလောက် တံတား ကျိုးတာပါဟု ” ဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ တံတားအား ကျေးရွာပေါင်း ၇၀ ဝန်းကျင်မှ အသုံးပြုနေ သော တံတား တစ်စင်း လည်းဖြစ်ပြီး ၊ အဆိုပါ ကျေးရွာများ၏ အဓိက အားထားရာ ပင်မ တံတား တစ်စင်းလည်း ဖြစ်သည်။

” တံတား ကျိုးသွားတော့ အုတ်တွင်းဘက်က လှည့်ပြန်ရတယ် အချိန် အများကြီး ပေးရတာပေါ့ ယခင် ၁၀ မိနစ်နဲ့ ရွာကို ပြန်ရောက်ပေမယ့် ၊ တံတား ကျိုးသွားတော့ ကွေ့ပတ်ပြီး ပြန်ခဲ့ရတော့ ၄၅ မိနစ်လောက်မှ ပြန်ရောက်တယ်ဟု ” တောင်ငူမြို့ရှိ ဆန်ပွဲရုံလုပ်သား ကိုမင်းက ဆိုသည်။

အဆိုပါ ကျေးရွာချင်းဆက် တံတားကြီးအား အလျား ၃၇၀ ပေ ၊ အနံ ၂၀ ပေ နိုင်ငံတော် ဘတ်ဂျက် ၈၈၇ သန်းဖြင့် သံကူကွန်ကရစ် ( RC ) တံတား စတင် တည်ဆောက်နေချိန် ယာယီတံတားအ နေဖြင့် အသုံးပြုနေစဉ် ယခုလို ရေတိုက်စားမှုကြောင့် ကျိုးသွားခဲ့တာ လည်းဖြစ်သည်။ AlinnMyay (အလင်းမြေ)

Add a Comment

Your email address will not be published. Required fields are marked *