

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် တော်ဝိဘူတာနှင့် ပိန်းဇလုပ် ဘူတာကြား မိုင်တိုင်အမှတ် ၉၈/၅-၁၅ ကြားရှိ တံတားအမှတ် (၁၃၆) တွင် ယမန်နေ့ ရက်များက မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရထား လမ်းရေကျော် တိုက်စားမှု ဖြစ်ခဲ့သည့်အတွက် ရန်ကုန် – မန္တလေး ရထား ခရီးစဉ်ကို ယာယီ ပိတ်ထားရ ကြောင်း မြန်မာ့မီးရထား တိုင်း ၇ က သိရသည်။

ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီ ၂၁ မိနစ် မှစ၍ ရထားလမ်း ပိတ်ထားခဲ့ရပြီး ရေကျော်နေသည့် နေရာသို့ မြန်မာ့မီးရထား ရုံးချုပ် တာဝန်ရှိသူများနှင့် အမှတ် (၆) တိုင်းမှ တာဝန်ရှိသူများ ရောက်ရှိခဲ့ပြီး စစ်ဆေးရာ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ယနေ့ ရန်ကုန်-မန္တလေး ခရီးစဉ် ပြေးဆွဲမည့် အမှတ် (၅) အဆန် အမြန်ရထားနှင့် အမှတ် (၃) အဆန် အမြန်ရထား ခရီးစဉ်တို့ကို ယာယီဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

ခရီးစဉ် ဖျက်သိမ်းခဲ့ရသည့် အတွက် လက်မှတ်ခ ငွေများကို ပြန်အမ်း ပေးသွားမည် ဖြစ်ကြောင်းနှင့် ရထားလမ်းပိုင်း အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် မြန်မာ့မီးရထား တာဝန်ရှိသူများမှ ဆောင်ရွက် နေပြီ ဖြစ်ကြောင်းလည်း သိရသည်။ Source ; Pyi Myanmar

Unicode … မိုးသည်းထန်စွာ ရွာသွန်းပြီး ရထားလမ်းရေကျော်နေသဖြင့် ရန်ကုန် – မန္တလေးရထား ခရီးစဉ် ယာယီပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် တော်ဝိဘူတာနင့် ပိန်းဇလုပ် ဘူတာကြား မိုင်တိုင်အမတ် ၉၈/၅-၁၅ ကြားရ တံတားအမတ် (၁၃၆) တွင် ယမန်နေ့ ရက်များက မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရထား လမ်းရေကျော် တိုက်စားမ ဖြစ်ခဲ့သည့်အတွက် ရန်ကုန် – မန္တလေး ရထား ခရီးစဉ်ကို ယာယီ ပိတ်ထားရ ကြောင်း မြန်မာ့မီးရထား တိုင်း ၇ က သိရသည်။

ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီ ၂၁ မိနစ် မစ၍ ရထားလမ်း ပိတ်ထားခဲ့ရပြီး ရေကျော်နေသည့် နေရာသို့ မြန်မာ့မီးရထား ရုံးချုပ် တာဝန်ရသူများနင့် အမတ် (၆) တိုင်းမ တာဝန်ရသူများ ရောက်ရခဲ့ပြီး စစ်ဆေးရာ ပြန်လည် ဖွင့်လစ်နိုင်ခြင်း မရသေးသဖြင့် ယနေ့ ရန်ကုန်-မန္တလေး ခရီးစဉ် ပြေးဆွဲမည့် အမတ် (၅) အဆန် အမြန်ရထားနင့် အမတ် (၃) အဆန် အမြန်ရထား ခရီးစဉ်တို့ကို ယာယီဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

ခရီးစဉ် ဖျက်သိမ်းခဲ့ရသည့် အတွက် လက်မတ်ခ ငွေများကို ပြန်အမ်း ပေးသွားမည် ဖြစ်ကြောင်းနင့် ရထားလမ်းပိုင်း အမြန်ဆုံး ပြန်လည် ဖွင့်လစ်နိုင်ရေး အတွက် မြန်မာ့မီးရထား တာဝန်ရသူများမ ဆောင်ရွက် နေပြီ ဖြစ်ကြောင်းလည်း သိရသည်။ Source ; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *