ပေါင် ၂ ဒသမ ၆ သန်းတန် ကျောက်မျက်တူးဖော်ရရှိခဲ့သည့် တန်ဇန်းနီးယား ကျောက်တူးသမား ပေါင်သန်းချီတန်သည့် ကျောက်မျက် ထပ်မံရရှိပြန်
ပေါင် ၂ ဒသမ ၆ သန်းတန် ကျောက်မျက်တူးဖော်ရရှိခဲ့သည့် တန်ဇန်းနီးယား ကျောက်တူးသမား ပေါင်သန်းချီတန်သည့် ကျောက်မျက် ထပ်မံရရှိပြန်
ဇွန်လကမှ ပေါင် ၂ ဒသမ ၆ သန်းတန် တန်ဇနိုက် ကျောက်မျက်ရတနာ နှစ်လုံးကို တူးဖော်ရရှိခဲ့သည့် တန်ဇန်းနီးယား ကျောက်တူးသမားသည် ယခုတစ်ဖန် နောက်ထပ် ပေါင် ၁ ဒသမ ၅ သန်း တန်ကြေးရှိ တန်ဇနိုက် ကျောက်မျက်ရတနာ တစ်လုံးကို ထပ်မံတူးဖော်ရရှိခဲ့သည်။
ယခုနောက်ဆုံး တူးဖော်ရရှိခဲ့သည့် တန်ဇနိုက်ကျောက်ရိုင်းတုံးသည် အလေးချိန် ၆ ဒသမ ၃ ကီလိုဂရမ်(၁၄ ပေါင်)ရှိပြီး ပေါင်တစ်သန်းခွဲဖြင့် ရောင်းချခဲ့သည်။
ဆာနူနူလိုင်ဇာ အမည်ရှိ အဆိုပါ ကျောက်တူးသမားသည် ဇနီး ငါးဦးနှင့် ကလေး အယောက် ၃၀ ရှိပြီး နှစ်လ ခန့်အတွင်း သန်းကြွယ်သူဌေးတစ်ဦးဘဝကို ချက်ချင်းရောက်သွားခဲ့သည်။ ချီးကျူးစရာမှာ ဆာနူနူလိုင်ဇာသည် တန်ဖိုးကြီး ကျောက်နှစ်လုံးကို ပထမတစ်ကြိမ် တူးဖော် ရရှိခဲ့ပြီးသော်လည်း ကျောက်တူးဖော်သည့် အလုပ်ကို ဆက်လက် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
တန်ဇနိုက်ကျောက်ကို တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်းဒေသတွင်သာ တူးဖော်တွေ့ရှိနိုင်ပြီး ၂၀၁၉ ခုနှစ်က အချက်အလက်များအရ တန်ဇန်နီးယားနိုင်ငံ၏ GDP ၁၇ ရာခိုင်နှုန်းကို သတ္တု တူးဖော်သည့် လုပ်ငန်းများမှ ရရှိကြောင်း သိရသည်။
Unicode … ပေါင် ၂ ဒသမ ၆ သန်းတန် ကျောက်မျက်တူးဖော်ရရခဲ့သည့် တန်ဇန်းနီးယား ကျောက်တူးသမား ပေါင်သန်းချီတန်သည့် ကျောက်မျက် ထပ်မံရရပြန်
ဇွန်လကမ ပေါင် ၂ ဒသမ ၆ သန်းတန် တန်ဇနိုက် ကျောက်မျက်ရတနာ နစ်လုံးကို တူးဖော်ရရခဲ့သည့် တန်ဇန်းနီးယား ကျောက်တူးသမားသည် ယခုတစ်ဖန် နောက်ထပ် ပေါင် ၁ ဒသမ ၅ သန်း တန်ကြေးရ တန်ဇနိုက် ကျောက်မျက်ရတနာ တစ်လုံးကို ထပ်မံတူးဖော်ရရခဲ့သည်။
ယခုနောက်ဆုံး တူးဖော်ရရခဲ့သည့် တန်ဇနိုက်ကျောက်ရိုင်းတုံးသည် အလေးချိန် ၆ ဒသမ ၃ ကီလိုဂရမ်(၁၄ ပေါင်)ရပြီး ပေါင်တစ်သန်းခွဲဖြင့် ရောင်းချခဲ့သည်။
ဆာနူနူလိုင်ဇာ အမည်ရ အဆိုပါ ကျောက်တူးသမားသည် ဇနီး ငါးဦးနင့် ကလေး အယောက် ၃၀ ရပြီး နစ်လ ခန့်အတွင်း သန်းကြွယ်သူဌေးတစ်ဦးဘဝကို ချက်ချင်းရောက်သွားခဲ့သည်။ ချီးကျူးစရာမာ ဆာနူနူလိုင်ဇာသည် တန်ဖိုးကြီး ကျောက်နစ်လုံးကို ပထမတစ်ကြိမ် တူးဖော် ရရခဲ့ပြီးသော်လည်း ကျောက်တူးဖော်သည့် အလုပ်ကို ဆက်လက် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
တန်ဇနိုက်ကျောက်ကို တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်းဒေသတွင်သာ တူးဖော်တွေ့ရနိုင်ပြီး ၂၀၁၉ ခုနစ်က အချက်အလက်များအရ တန်ဇန်နီးယားနိုင်ငံ၏ GDP ၁၇ ရာခိုင်နန်းကို သတ္တု တူးဖော်သည့် လုပ်ငန်းများမ ရရကြောင်း သိရသည်။
ကျောက်သူဌေးဖြစ်လာသည့် လိုင်ဇာက သူ့ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် ကူညီဆောင်ရွက် ပေးသွားမည်ဟု ပြောခဲ့သည်။ Source ; စံတော်ချိန်
Add a Comment
Your email address will not be published. Required fields are marked *