တရားဟောဆရာ စာဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို အလုပ်နှင့် ထောင်ဒဏ် ၃ လချမှတ်
|တရားဟောဆရာ စာဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို အလုပ်နှင့် ထောင်ဒဏ် ၃ လချမှတ်
သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မဖြင့် တရားစွဲထားသည့် စောဒေးဗစ်လားနှင့် ဦးဝေထွန်း ( နဝရတ် တေးသံသွင်း) တို့ကို ယနေ့ ( သြဂုတ် ၆ ရက် ) ၊ နံနက်ပိုင်းတွင် မရမ်းကုန်း မြို့နယ် တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပြီး ချုပ်ရက်များကို ထုတ်နှုတ် ခံစားခွင့် ပြုခဲ့သည်။
အဆိုပါ ရုံးချိန်းသည် ၁၆ ကြိမ်မြောက် ရုံးချိန်း ဖြစ်ပြီး ၎င်းတို့ ၂ ဦးကို ပုဒ်မ – ၃၀ (က) အရ ယင်းကဲ့သို့ အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။
ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ် (ခ) စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့ကို ရောဂါဖြစ် ပွားစေနိုင်သည့် လူစု လူဝေး ပြုလုပ်သည် ဟုဆိုကာ မရမ်းကုန်း မြို့နယ်၊ အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က တရားလို ပြုလုပ်၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် ဧပြီ ၁၄ ရက်က မရမ်းကုန်း မြို့မရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ခရက်ဒစ်
Unicode … တရားဟောဆရာ စာဒေးဗစ်လားနင့် ဦးဝေထွန်းတို့ကို အလုပ်နင့် ထောင်ဒဏ် ၃ လချမတ်
သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမ ဥပဒေ ပုဒ်မဖြင့် တရားစွဲထားသည့် စောဒေးဗစ်လားနင့် ဦးဝေထွန်း ( နဝရတ် တေးသံသွင်း) တို့ကို ယနေ့ ( သြဂုတ် ၆ ရက် ) ၊ နံနက်ပိုင်းတွင် မရမ်းကုန်း မြို့နယ် တရားရုံးမ အလုပ်နင့် ထောင်ဒဏ် ၃ လ ချမတ်ခဲ့ပြီး ချုပ်ရက်များကို ထုတ်နတ် ခံစားခွင့် ပြုခဲ့သည်။
အဆိုပါ ရုံးချိန်းသည် ၁၆ ကြိမ်မြောက် ရုံးချိန်း ဖြစ်ပြီး ၎င်းတို့ ၂ ဦးကို ပုဒ်မ – ၃၀ (က) အရ ယင်းကဲ့သို့ အမိန့်ချမတ် ခဲ့ခြင်းဖြစ်သည်။
ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ် (ခ) စောဒေးဗစ်လားနင့် ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့ကို ရောဂါဖြစ် ပွားစေနိုင်သည့် လူစု လူဝေး ပြုလုပ်သည် ဟုဆိုကာ မရမ်းကုန်း မြို့နယ်၊ အမတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမး ဦးရဲဝင်းအောင်က တရားလို ပြုလုပ်၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမ ဥပဒေ ပုဒ်မ ၂၅ ဖြင့် ဧပြီ ၁၄ ရက်က မရမ်းကုန်း မြို့မရဲစခန်းတွင် အမဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ခရက်ဒစ်