မော်ဒယ် သင်းသင်းအား လိမ်လည်ထွက်ဆိုမှုဖြင့် အရေးယူပေးရန် လျှောက်ထားမှု တရားရုံး ပလပ်

မော်ဒယ် သင်းသင်းအား လိမ်လည်ထွက်ဆိုမှုဖြင့် အရေးယူပေးရန် လျှောက်ထားမှု တရားရုံး ပလပ်

မော်ဒယ် သင်းသင်းအား လိမ်လည် ထွက်ဆိုမှုဖြင့် အရေးယူပေးရန် လျှောက်ထားမှု အပေါ် ပလပ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ယနေ့(ဩဂုတ် ၇ရက်) တွင် အမိန့်ချမှတ်ခဲ့သည်။

ကာမ လိမ်လည်မှု တစ်မှုတွင် နစ်နာကြေး ရလိုမှုဖြင့် တရားစွဲဆိုခဲ့ခြင်း မရှိခဲ့ကြောင်း မော်ဒယ်သင်းသင်း၏ ထွက်ဆိုချက်အပေါ် စစ်ဆေး အရေးယူ ပေးရန် သရုပ်ဆောင် ဝေဠုကျော်၏ ရှေ့နေက ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ လျှောက်ထား ခဲ့ခြင်းဖြစ်သည်။

အမှုနှင့် ပတ်သက်၍ တရားလိုဘက်မှ ရှေ့နေ ဦးရောဘတ်စန်းအောင်က ” ဒီနေ့တော့ သူတို့ဘက်က သက်သေ ဓာတ်ပုံတင်တာ တို့ ဘာတို့ပေါ့။ အမှုရဲ့ အဓိက အနှစ်သာရ ပိုင်းကိုတော့ မသွားသေးပါဘူး။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၉၃ နဲ့ လျှောက်ထားမှုကိုတော့ ရုံးတော်က လက်မခံပါဘူး။ ပလပ်လိုက် ပါတယ် “ဟု သတင်း မီဒီယာများကို ပြောကြားသည်။

ယနေ့ရုံးချိန်းတွင် ဝေဠုကျော်ဘက်မှ ရှေ့နေက တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ အမှုတစ်ခုမှ စွဲဆိုခံရသည့် အမျိုးသားတစ်ဦးနှင့် ပတ်သက်မှု ရှိ၊ မရှိကို တရားလို သင်းသင်းအား မေးမြန်းခဲ့ကြောင်း သိရသည်။

” ဒီအမျိုးသားရဲ့ ဇနီးဖြစ်သူကနေ တစ်လင် တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ နဲ့ တရားစွဲတဲ့ကိစ္စ အမှုက တ ရားလိုက ပါဝင်ပတ်သက်မှု မရှိဘူး။ တရားလို အနေနဲ့ လည်း ဒါကို ဖြေခဲ့ပါတယ်” ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားလို ဖြစ်သူ မော်ဒယ် သင်းသင်းကလည်း ” တရားခွင်မှာ ပြောသွားတဲ့ အမျိုးသားတစ်ဦးနဲ့ ကိစ္စက ဇာတ်လမ်း တစ်ပုဒ်လိုမျိုး တရားရုံးမှာ ကိုယ်က ရှင်းပြနေရ မှာလား။ လူတိုင်းမှာ အတိတ်ဆိုတာ ရှိတယ်။ အဲ့တော့ ဖော်ပါ။

တင်ထားတဲ့ သက်သေနဲ့ ရုံးတော်မှာလည်း ကိုယ်မဟုတ်ခဲ့ဘူးဆိုတာကို ပြောခဲ့တာပါ ” ဟု ရုံးချိန်းအပြီး သတင်း မီဒီယာများကို ပြောကြားခဲ့သည်။ အမှုအား ဩဂုတ် ၁၄ ရက်တွင် ဆက်လက်စစ်ဆေးရန် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပြန်လည် ချိန်းဆိုခဲ့သည်။ Source ; စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *