အိန္ဒိယ နိုင်ငံ Kerala ပြည်နယ် Calicut လေဆိပ်မှာ လူပေါင်း ၁၉၁ ဦး လိုက်ပါလာတဲ့ Air India Express လေယာဉ် ပျက်ကျ ခဲ့တယ်လို့ သိရပါတယ်။
ဒူဘိုင်းကနေ ပျံသန်းလာတဲ့ လေယာဉ်က ပြေးလမ်းချော်ပြီး ပျက်ကျရာမှာ နှစ်ပိုင်းပျက်ထွက် သွားခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေဆဲ ဖြစ်ပြီးတော့ လေယာဉ်မှူး အပါအ၀င် နှစ်ဦး သေဆုံးခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
Boeing 737 မှာ လိုက်ပါလာသူ အများစုကို ကယ်တင်နိုင်ခဲ့ပြီး လူပေါင်း ၃၅ ဦး ထက်မနည်း ဆေးရုံကို ပို့ဆောင်ထားရပါတယ် ။ လေကြောင်းခရီးစဉ် IX-1344 ပေါ်မှာ လေယာဉ်မှူးတွေ၊ လေယာဉ် အမှုထမ်းတွေနဲ့ အတူ ခရီးသည် ၁၈၄ ဦး လိုက်ပါလာပါတယ်။
ကပ်ရောဂါကြောင့် ပြည်ပမှာ သောင်တင်နေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ အစိုးရက စီစဉ်ပေးခဲ့တဲ့ လေကြောင်း ခရီးစဉ်ဖြစ်ပါတယ်။ လေကြောင်း အာဏာပိုင်တွေရဲ့ အဆိုအရ လေယာဉ်က ပြေးလမ်း ချော်ပြီးတဲ့နောက် နှစ်ပိုင်းပျက်သွား ခဲ့တာဖြစ်ပြီးတော့ မီးလောင် ကျွမ်းမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ Ref ; BBC
Unicode … အိန္ဒိယတွင် လူပေါင်း ၁၉၁ ဦး လိုက်ပါလာသည့် လေယာဉ်ပျက်ကျ
အိန္ဒိယ နိုင်ငံ Kerala ပြည်နယ် Calicut လေဆိပ်မာ လူပေါင်း ၁၉၁ ဦး လိုက်ပါလာတဲ့ Air India Express လေယာဉ် ပျက်ကျ ခဲ့တယ်လို့ သိရပါတယ်။
ဒူဘိုင်းကနေ ပျံသန်းလာတဲ့ လေယာဉ်က ပြေးလမ်းချော်ပြီး ပျက်ကျရာမာ နစ်ပိုင်းပျက်ထွက် သွားခဲ့ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေဆဲ ဖြစ်ပြီးတော့ လေယာဉ်မး အပါအဝင် နစ်ဦး သေဆုံးခဲ့တယ်လို့ BBC သတင်းမာ ဖော်ပြထားပါတယ်။
Boeing 737 မွာ လိုက်ပါလာသူ အများစုကို ကယ်တင်နိုင်ခဲ့ပြီး လူပေါင်း ၃၅ ဦး ထက်မနည်း ဆေးရုံကို ပို့ဆောင်ထားရပါတယ် ။ လေကြောင်းခရီးစဉ် IX-1344 ပေါ်မာ လေယာဉ်မးတွေ၊ လေယာဉ် အမထမ်းတွေနဲ့ အတူ ခရီးသည် ၁၈၄ ဦး လိုက်ပါလာပါတယ်။
ကပ်ရောဂါကြောင့် ပြည်ပမာ သောင်တင်နေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ အစိုးရက စီစဉ်ပေးခဲ့တဲ့ လေကြောင်း ခရီးစဉ်ဖြစ်ပါတယ်။ လေကြောင်း အာဏာပိုင်တွေရဲ့ အဆိုအရ လေယာဉ်က ပြေးလမ်း ချော်ပြီးတဲ့နောက် နစ်ပိုင်းပျက်သွား ခဲ့တာဖြစ်ပြီးတော့ မီးလောင် ကျွမ်းမတော့ မရခဲ့ဘူးလို့ သိရပါတယ်။ Ref ; BBC