အင်ဒိုနီးရှားရှိ ဆူမားတြားကျွန်းပေါ်မှ စီနာဘွန်မီးတောင် ပေါက်ကွဲမှုထပ်ဖြစ်

အင်ဒိုနီးရှားရှိ ဆူမားတြားကျွန်းပေါ်မှ စီနာဘွန်မီးတောင် ပေါက်ကွဲမှုထပ်ဖြစ်

အင်ဒိုနီးရှား နိုင်ငံ၊ ဆူမားတြား ကျွန်းပေါ်က စီနာဘွန် မီးတောင်ကနေ မီးတောင်ပေါက်ကွဲမှု ထပ်ဖြစ်လာပြန် တာကြောင့် မီးတောင် တဝိုက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေကို သတိရှိရှိ နေကြဖို့ တိုက်တွန်း နှိုးဆော် ထားခဲ့ပြီလို့ သိရ ပါတယ်။

ယနေ့မှာပဲ စီနာဘွန် မီးတောင်က ပေါက်ကွဲ သွားခဲ့တာ ဖြစ်ပြီး မီးတောင် ဝကနေ ပေ ၆၆၀ဝ ထိ မီးတောင် ချော်ပြာတွေ ပန်းထွက် နေခဲ့ပြီလို့ သိရပါတယ်။

မီးတောင်နဲ့ အနီးတဝိုက်က မြို့တွေဖြစ်တဲ့ တီရန်၊ ဘီရက်စတာဂီ၊ စင်ပန်နဲ့ မာဒီကာက ဒေသခံတွေကို မီးတောင် ပေါက်ကွဲမှုကြောင့် မီးတောင် အနီး သွားရောက်ရတဲ့ လုပ်ဆောင်မှု မှန်သမျှကို ရှောင်ရှားကြဖို့နဲ့ မီးတောင် ပေါက်ကွဲ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အချိန်နဲ့ တပြေးညီ ထုတ်ပြန်ကြေညာချက်တွေကို နားစွင့်ထားကြဖို့ မီးတောင်နဲ့ ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ် လျှော့ချရေး စင်တာ PVMBG က မူဟာမက်နူရူအက်ဆော်ရီဒီနာမန်က တိုက်တွန်း ပြောကြား ထားခဲ့ပါတယ်။

စီနာဘွန် မီးတောင်က ရာစုနှစ် လေးခု အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၀ ပြည့်နှစ် တုန်းကပြန်လည် လှုပ်ရှားလာခဲ့တဲ့နောက်ပိုင်း မကြာခဏ ဆိုသလို ပေါက်ကွဲ နေခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်က ပေါက်ကွဲမှုတွေမှာ သေဆုံးသူ စုစုပေါင်း ၂၃ ဦးရှိခဲ့တယ်လို့​ သိရပါတယ်။ Crd ; မှတ်စု

Unicode … အင်ဒိုနီးရးရ ဆူမားတြားကျွန်းပေါ်မ စီနာဘွန်မီးတောင် ပေါက်ကွဲမထပ်ဖြစ်

အင်ဒိုနီးရး နိုင်ငံ၊ ဆူမားတြား ကျွန်းပေါ်က စီနာဘွန် မီးတောင်ကနေ မီးတောင်ပေါက်ကွဲမ ထပ်ဖြစ်လာပြန် တာကြောင့် မီးတောင် တဝိုက်မာ နေထိုင်ကြတဲ့ ဒေသခံတွေကို သတိရ နေကြဖို့ တိုက်တွန်း နးဆော် ထားခဲ့ပြီလို့ သိရ ပါတယ်။

ယနေ့မပဲ စီနာဘွန် မီးတောင်က ပေါက်ကွဲ သွားခဲ့တာ ဖြစ်ပြီး မီးတောင် ဝကနေ ပေ ၆၆၀ဝ ထိ မီးတောင် ချော်ပြာတွေ ပန်းထွက် နေခဲ့ပြီလို့ သိရပါတယ်။

မီးတောင်နဲ့ အနီးတဝိုက်က မြို့တွေဖြစ်တဲ့ တီရန်၊ ဘီရက်စတာဂီ၊ စင်ပန်နဲ့ မာဒီကာက ဒေသခံတွေကို မီးတောင် ပေါက်ကွဲမကြောင့် မီးတောင် အနီး သွားရောက်ရတဲ့ လုပ်ဆောင်မ မန်သမျကို ရာင်ရးကြဖို့နဲ့ မီးတောင် ပေါက်ကွဲ လပ်ရးမနဲ့ ပတ်သက်ပြီး အချိန်နဲ့ တပြေးညီ ထုတ်ပြန်ကြေညာချက်တွေကို နားစွင့်ထားကြဖို့ မီးတောင်နဲ့ ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ် လျာ့ချရေး စင်တာ PVMBG က မူဟာမက်နူရူအက်ဆော်ရီဒီနာမန်က တိုက်တွန်း ပြောကြား ထားခဲ့ပါတယ်။

စီနာဘွန် မီးတောင်က ရာစုနစ် လေးခု အတွင်းမာ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၀ ပြည့်နစ် တုန်းကပြန်လည် လပ်ရးလာခဲ့တဲ့နောက်ပိုင်း မကြာခဏ ဆိုသလို ပေါက်ကွဲ နေခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနစ်နဲ့ ၂၀၁၆ ခုနစ်က ပေါက်ကွဲမတွေမာ သေဆုံးသူ စုစုပေါင်း ၂၃ ဦးရခဲ့တယ်လို့ သိရပါတယ်။ Crd ; မတ်စု

Add a Comment

Your email address will not be published. Required fields are marked *