မွန်ပြည်နယ်မှထွက်သည့် ဆားများကို စင်္ကာပူနိုင်ငံမှ ၀ယ်ယူရန် ကမ်းလှမ်းထား

မွန်ပြည်နယ်မှထွက်သည့် ဆားများကို စင်္ကာပူနိုင်ငံမှ ၀ယ်ယူရန် ကမ်းလှမ်းထား

မွန်ပြည်နယ်က ထွက်ရှိသော ဆားများကို စင်္ကာပူ နိုင်ငံက ၀ယ်ယူရန် ကမ်းလှမ်း ထားကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်း ရှင်များအသင်းထံမှ သြဂုတ်လ ၇ ရက်က သိရပါသည်။

အဆိုပါ ဆားများကို ဇွန်လ အတွင်းက အရည်အသွေး စမ်းသပ်စစ် ဆေးပြီး စင်္ကာပူ နိုင်ငံသို့ စမ်းသပ်တင် ပို့ခဲ့ရာ တင်ပို့သည့် နမူနာအရည်အသွေးအတိုင်း ရောင်းချပေးမည်ဆိုပါက ၀ယ်ယူလိုကြောင်း ပြန်လည် အကြောင်းပြန် ခဲ့သည့်အတွက် တင်ပို့နိုင်ရေးဆောင် ရွက်လျက် ရှိကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် ဆားထုတ်လုပ်ရေး လုပ်ငန်းကို မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး နှင့် ဧရာဝတီ တိုင်းဒေသကြီး တို့တွင် စီးပွားဖြစ် ထုတ်လုပ်နေသော်လည်း ပြည်ပဈေးကွက် မရှိသဖြင့် ပြည်တွင်း ဈေးကွက်ကိုသာ အားထား ဆောင်ရွက်နေရာမှ မွန်ပြည်နယ်ထွက် ဆားကို စင်္ကာပူ နိုင်ငံက ၀ယ်ယူရန် ကမ်းလှမ်း လာခြင်းဖြစ်ကြောင်း သိရပါသည်။ Source ; Pyi Myanmar

Unicode … မွန်ပြည်နယ်ထွက် ဆားများကို စင်္ကာပူနိုင်ငံမ ဝယ်ယူရန် ကမ်းလမ်းထား

မွန်ပြည်နယ်က ထွက်ရသော ဆားများကို စင်္ကာပူ နိုင်ငံက ဝယ်ယူရန် ကမ်းလမ်း ထားကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်း ရင်များအသင်းထံမ သြဂုတ်လ ၇ ရက်က သိရပါသည်။

အဆိုပါ ဆားများကို ဇွန်လ အတွင်းက အရည်အသွေး စမ်းသပ်စစ် ဆေးပြီး စင်္ကာပူ နိုင်ငံသို့ စမ်းသပ်တင် ပို့ခဲ့ရာ တင်ပို့သည့် နမူနာအရည်အသွေးအတိုင်း ရောင်းချပေးမည်ဆိုပါက ဝယ်ယူလိုကြောင်း ပြန်လည် အကြောင်းပြန် ခဲ့သည့်အတွက် တင်ပို့နိုင်ရေးဆောင် ရွက်လျက် ရကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် ဆားထုတ်လုပ်ရေး လုပ်ငန်းကို မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး နင့် ဧရာဝတီ တိုင်းဒေသကြီး တို့တွင် စီးပွားဖြစ် ထုတ်လုပ်နေသော်လည်း ပြည်ပဈေးကွက် မရသဖြင့် ပြည်တွင်း ဈေးကွက်ကိုသာ အားထား ဆောင်ရွက်နေရာမ မွန်ပြည်နယ်ထွက် ဆားကို စင်္ကာပူ နိုင်ငံက ဝယ်ယူရန် ကမ်းလမ်း လာခြင်းဖြစ်ကြောင်း သိရပါသည်။ Source ; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *