အကျဉ်းထောင်ထဲကနေ ဖြေဆိုခဲ့ရတဲ့ မန္တလေးတိုင်းက ဝိဇ္ဇာတွဲ သတ္တမမြောက် အမှတ်အများဆုံးဆုရှင် ပြောပြလာတဲ့ သူ့ဘဝအကြောင်း

အကျဉ်းထောင်ထဲကနေ ဖြေဆိုခဲ့ရတဲ့ မန္တလေးတိုင်းက ဝိဇ္ဇာတွဲ သတ္တမမြောက် အမှတ်အများဆုံးဆုရှင် ပြောပြလာတဲ့ သူ့ဘဝအကြောင်း

မန္တလေး အိုးဘို အကျဉ်းထောင်ထဲကနေ တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက် ဖြေဆိုရင်း ဝိဇ္ဇာဘာသာရပ်မှာ သတ္တမမြောက် အမှတ် အများဆုံး ရရှိခဲ့တဲ့ သုံးဘာသာ ဂုဏ်ထူးရှင် တစ်ဦး ထွက်ပေါ်လာခဲ့ပါပြီ။

သူဟာ လက်ရှိ အသက် ၂၀ အရွယ်သာ ရှိသေးပြီး ၁၆ နှစ်အရွယ်က မသက် မပြည့်သေးတဲ့ မိန်းကလေးငယ် တစ်ယောက်ကို ခိုးပြေးရာ ကနေတဆင့် ထောင်ဒဏ် ၇နှစ်ကျခံရပါတယ်။

ထောင်မကျမီက တက္ကသိုလ်ဝင် စာမေးပွဲကို ပထမအကြိမ်ဖြေဆိုခဲ့ရာ ကျရှုံးခဲ့ပေမယ့် ၂ နှစ် အကြာမှာ ထောင်ထဲမှာပဲ စာမေးပွဲ ဖြေဆို ခဲ့ရပေမယ့် ဂုဏ်ထူး ၃ ခုနဲ့ အောင်မြင်ခဲ့တာပါ။

သူဟာ ထောင်ထဲမှာ ၄ နှစ်နဲ့ ၂ လ နေထိုင်ပြီးတဲ့နောက် ၊ စာမေးပွဲလည်း ဖြေဆိုပြီး တစ်လကျော် အကြာမှာပဲ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက် လာလို့ ပြင်ပမှာ အလုပ်လုပ်ကိုင် နေပါပြီ။

ထောင်ထဲကနေ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို ခဲ့ရပုံကို အခုလိုပဲ ပြောပြ ခဲ့တာပါ။ ကိုပြည့်ဖြိုးဟာ ထောင်ကလွတ်လာပြီးနောက် မွေးရပ်မြေ ဒေသကိုပြန်စဉ်မှာ သူငယ်ချင်းတွေကပါ သူ့ကို အပေါင်း အသင်း မပြုကြဘူးလို့ ဆိုပါတယ်။

အဲဒါကြောင့် သူဟာ မန္တလေးမြို့က ပိုက်ဆိုင်တစ်ခုမှာပဲ အရောင်းဝန်းအဖြစ် အလုပ်လုပ်နေပါတယ်။ သူဟာ မွေးရပ်မြေကို အလည်အဖြစ်ပြန်ဖို့ရှိပြီး ကျောင်းကို မန္တလေးမြို့မှာပဲ ဆက်တက်တော့မယ်လို့ဆိုပါတယ်။

ကိုပြည့်ဖြိုး တက္ကသိုလ်မှာ ရွေးချယ်မယ့် ဘာသာရပ်ကတော့ ဥပဒေဘာသာရပ်ဖြစ်ပါတယ်။ သူ့ ဘာကြာင့် ဥပဒေ ဘာသာရပ်ကိုရွေးချယ်ဖြစ်လဲ ဆိုတာကိုတော့ အခုလို ရှင်းပြခဲ့ပါတယ် ။ Source ; 7 Day

ရုပ်သံကြည့်ရန်  >>>>

အကျဉ်းထောင်ကဝိဇ္ဇာတွဲသတ္တမမြောက်အမှတ်အများဆုံးဆုရှင်

အကျဉ်းထောင်ထဲမှာ ဖြေဆိုခဲ့ရတဲ့ မန္တလေးတိုင်းက ဝိဇ္ဇာတွဲ သတ္တမမြောက် အမှတ်အများဆုံးဆုရှင် သြဂုတ် – ၉၊ ၂၀၂၀မန္တလေး အိုးဘိုအကျဉ်းထောင်ထဲကနေ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရင်း ဝိဇ္ဇာဘာသာရပ်မှာ သတ္တမမြောက် အမှတ်အများဆုံးရရှိခဲ့တဲ့ သုံးဘာသာဂုဏ်ထူးရှင် တစ်ဦးထွက်ပေါ်လာခဲ့ပါပြီ။သူဟာ လက်ရှိ အသက် ၂၀အရွယ်သာ ရှိသေးပြီး ၁၆နှစ်အရွယ်က မသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို ခိုးပြေးရာကနေတဆင့် ထောင်ဒဏ် ၇နှစ်ကျခံရပါတယ်။ထောင်မကျမီက တက္ကသိုလ်ဝင်စာမေးပွဲကို ပထမအကြိမ်ဖြေဆိုခဲ့ရာ ကျရှုံးခဲ့ပေမယ့် ၂နှစ်အကြာမှာ ထောင်ထဲမှာပဲ စာမေးပွဲ ဖြေဆိုခဲ့ရပေမယ့် ဂုဏ်ထူး ၃ ခုနဲ့ အောင်မြင်ခဲ့တာပါ။သူဟာ ထောင်ထဲမှာ ၄နှစ်နဲ့ ၂လနေထိုင်ပြီးတဲ့နောက် ၊ စာမေးပွဲလည်း ဖြေဆိုပြီး တစ်လကျော်အကြာမှာပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာလို့ ပြင်ပမှာ အလုပ်လုပ်ကိုင်နေပါပြီ။ထောင်ထဲကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့ရပုံကို အခုလိုပဲပြောပြခဲ့တာပါ။ ကိုပြည့်ဖြိုးဟာ ထောင်ကလွတ်လာပြီးနောက် မွေးရပ်မြေဒေသကိုပြန်စဉ်မှာ သူငယ်ချင်းတွေကပါ သူ့ကိုအပေါင်းအသင်းမပြုကြဘူးလို့ဆိုပါတယ်။အဲဒါကြောင့် သူဟာ မန္တလေးမြို့က ပိုက်ဆိုင်တစ်ခုမှာပဲ အရောင်းဝန်းအဖြစ် အလုပ်လုပ်နေပါတယ်။သူဟာ မွေးရပ်မြေကို အလည်အဖြစ်ပြန်ဖို့ရှိပြီး ကျောင်းကိုမန္တလေးမြို့ပဲဆက်တက်တော့မယ်လို့ဆိုပါတယ်။ကိုပြည့်ဖြိုး တက္ကသိုလ်မှာ ရွေးချယ်မယ့် ဘာသာရပ်ကတော့ ဥပဒေဘာသာရပ်ဖြစ်ပါတယ်။သူ့ဘာသာကြောင့် ဥပဒေဘာသာရပ်ကိုရွေးချယ်ဖြစ်လဲဆိုတာကိုတော့ အခုလို ရှင်းပြခဲ့တာပါ။ ရုပ်သံသတင်းထောက် – ဖြိုးဖြိုးဇော်

Posted by Myanmar Idol Season 4 on Sunday, 9 August 2020

Add a Comment

Your email address will not be published. Required fields are marked *