မြင့်မြတ်အပေါ် အထင်အမြင် လွဲမှားနေသူတွေကို ပြန်လည်ဖြေရှင်း ပေးလာတဲ့ ယုန်လေး

မြင့်မြတ်အပေါ် အထင်အမြင် လွဲမှားနေသူတွေကို ပြန်လည်ဖြေရှင်း ပေးလာတဲ့ ယုန်လေး

သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ ယုန်လေးကတော့ ” ငါတို့ အားလုံး ရဲ့မြေ ” သီချင်းနဲ့ ပက်သတ်ပြီး အဘက်ဘက်က စိတ်ဖိစီးမှုတွေကို ခံစား နေရတာပဲ ဖြစ်ပါတယ်။ ယုန်လေးက ထိုသီချင်းနဲ့ ပက်သတ်ပြီး တင်ဆက်ပြသပုံ မှားယွင်းခဲ့တာကြောင့် သူကိုယ်တိုင် ထိုသီချင်းကို ဖျက်ချပြီး တစ်နိုင်ငံလုံးက ပြည်သူတွေကိုလည်း တောင်းပန်ပြီး ဖြစ်ပါတယ်။

ထို့နောက်မှာတော့ ရုပ်ရှင် အစည်းအရုံး ဝန်းအတွင်းမှာပဲ မီဒီယာများကို တွေ့ဆုံကာ ရှင်းလင်းပြောဆို ခဲ့ပါတယ်။ ယုန်လေးရဲ့ သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်တဲ့ မင်းသား မြင့်မြတ်ကတော့ ယုန်လေးရဲ့ ဘေးမှာ တစ်ချိန်လုံး ရှိနေပေးကာ အားပေး ကူညီပေးနေ ခဲ့တာကိုလည်း ပရိတ်သတ်တွေ အားလုံးက တွေ့မြင်ခဲ့ကြပါတယ်။

မြင့်မြတ်ကို ချီးကျူး အားပေးတဲ့ သူများလည်း ရှိခဲ့သလို ဝေဖန်တိုက်ခိုက် သူများလည်း ရှိနေခဲ့ပါတယ်။ အဆိုပါ ကိစ္စရပ်များအတွက် ယနေ့မှာတော့ ယုန်လေးက သူ့ရဲ့ ဖေ့ဘုတ်ကနေ တစ်ဆင့် သူငယ်ချင်းကောင်း ဖြစ်သူ မြင့်မြတ်ရဲ့ ကူညီမှုများကို အခုလို ပြောပြခဲ့ပါတယ်။ ယုန်လေး ပြောခဲ့တာကတော့

” ကျွန်တော့် သူငယ်ချင်း မြင့်မြတ်သည် ကျွန်တော့်ကို အတူတူရှိပြီး မဖြစ်သင့်တာ မဖြစ်အောင် အားပေးခဲ့တယ် ။ ထိန်းပေးခဲ့တယ် ။ ဘယ်သူ့ကို မှ အမုန်းတရား မရှိပါ ။ ဘယ်သူ့ကို မှ လည်း ဘာမှ ပြောဆိုချင်း မရှိပါခင်များ … ကျွန်တော်လည်း စိတ် သက်သာ သွား ရင် Fb ပြန်သုံးပြီး . အရင်လို ပုံမှန် ပြန်လည်ပတ် ပါမည်ခင်များ ” ဆိုကာ ရေးသားခဲ့ ပါတယ်။

ပရိတ်သတ်ကြီးရေ ယုန်လေး ကတော့ မိတ်ဆွေကောင်း ပီသတဲ့ သူငယ်ချင်း ဖြစ်သူ မြင့်မြတ်အပေါ် အထင်အမြင် လွဲမှားနေတဲ့ သူ တွေ ရှိတာကြောင့် အခုလို ရေးသားကာ ရှင်းလင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *