တရုတ်ငါးပြခန်းကနေ ၁၀ နှစ်အတွင်း ပထမဦးဆုံး သမုဒ္ဒရာထဲ ပြန်လွှတ်ပေးခံရသည့် ဝေလငါးနှစ်ကောင်၏ မိုင် ၆၀၀၀ ကျော် အိမ်ပြန်ခရီး

တရုတ်ငါးပြခန်းကနေ ၁၀ နှစ်အတွင်း ပထမဦးဆုံး သမုဒ္ဒရာထဲ ပြန်လွှတ်ပေးခံရသည့် ဝေလငါးနှစ်ကောင်၏ မိုင် ၆၀၀၀ ကျော် အိမ်ပြန်ခရီး

တရုတ်နိုင်ငံ၊ ရှန်ဟိုင်း အိုးရှင်းဝေါလ် ငါးပြခန်းမှာ နှစ်ပေါင်းများစွာ ဖျော်ဖြေ တင်ဆက် ပေးနေခဲ့ရတဲ့ ဘီလူဂါ ဝေလငါးလေး နှစ်ကောင်ရဲ့ သမုဒ္ဒရာထဲကို ပထမဦးဆုံး ပြန်ရတဲ့ အိမ်ပြန်ခရီးစဉ် စတင်ခဲ့ပြီဖြစ်ပါတယ်။

Little Grey နဲ့ Little White လို့ အမည်ပေးထားတဲ့ ဒီ ဝေလငါးလေး နှစ်ကောင်စလုံးက အသက် ၁၂ နှစ် အရွယ် ဘီလူဂါ ဝေလငါး အမတွေ ဖြစ်ကြပြီး သဘာဝအတိုင်း သမုဒ္ဒရာ ရေပြင်ကျယ်ထဲမှာ လွတ်လပ်ပျော်ရွှင်စွာ ကျက်စားနေထိုင်ဖို့ မိုင် ၆၀၀၀ကျော်တဲ့ ခရီးစဉ်ကို နှင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ ပထမဦးဆုံး ရေပြင်ကျယ် သဘာဝ ဘေးမဲ့နေရာဖြစ်တဲ့ အိုက်စ်လန် နိုင်ငံ တောင်ဘက် ကမ်းရိုးတန်း၊ ကလက်စဗစ်ပင်လယ် ကွေ့နေရာက စောင့်ရှောက်ရေး သတ်မှတ်နေရာမှာ ဒီဝေလငါးလေး နှစ်ကောင် ရောက်ရှိနေပြီဖြစ်ပြီး ပတ်ဝန်းကျင်း အသစ်၊ နေရာအသစ်မှာ ရင်းနှီး ကျွမ်းဝင်ပြီဆိုတာနဲ့ မကြာခင်မှာပဲ ဒီဝေလငါးလေးတွေကို နောက်ဆုံး အဆင့်အနေနဲ့ သဘာဝအတိုင်း လွှတ်ပေးလိုက်မှာဖြစ်တယ်လို့ Sea Life Trust အဖွဲ့က ဆိုပါတယ်။

တရုတ် နိုင်ငံ ကနေ ဘီလူဂါ ဘေးမဲ့ရေပြင်ဌာန ထိရောက်ဖို့ နာရီပေါင်း ၃၀ ကြာ လေယာဉ်နဲ့ ခရီးနှင်ခဲ့ရပြီး စောင့်ရှောက် ပေးတဲ့ရေကန်တွေကနေ သမုဒ္ဒရာ ရေပြင်ကျယ်ထဲ လွှတ်ပေးတဲ့အထိ အဆင့်ဆင့် ပြောင်းရွှေ့ ပေးသွားမှာဖြစ်ကာ နောက်ဆုံးခြေလှမ်း တစ်ဆင့်သာ ကျန်ပါတော့တယ်လို့ Sea Life Trust အဖွဲ့ရဲ့ အကြီးအကဲ အန်ဒီဘူးလ်က ဆိုပါတယ်။ Source ; Pyi Myanmar

Unicode … တရုတ်ငါးပြခန်းကနေ ၁၀ နစ်အတွင်း ပထမဦးဆုံး သမုဒ္ဒရာထဲ ပြန်လွတ်ပေးခံရသည့် ဝေလငါးနစ်ကောင်၏ မိုင် ၆၀၀၀ ကျော် အိမ်ပြန်ခရီး

တရုတ်နိုင်ငံ၊ ရန်ဟိုင်း အိုးရင်းဝေါလ် ငါးပြခန်းမာ နစ်ပေါင်းများစွာ ဖျော်ဖြေ တင်ဆက် ပေးနေခဲ့ရတဲ့ ဘီလူဂါ ဝေလငါးလေး နစ်ကောင်ရဲ့ သမုဒ္ဒရာထဲကို ပထမဦးဆုံး ပြန်ရတဲ့ အိမ်ပြန်ခရီးစဉ် စတင်ခဲ့ပြီဖြစ်ပါတယ်။

Little Grey နဲ့ Little White လို့ အမည်ပေးထားတဲ့ ဒီ ဝေလငါးလေး နစ်ကောင်စလုံးက အသက် ၁၂ နစ် အရွယ် ဘီလူဂါ ဝေလငါး အမတွေ ဖြစ်ကြပြီး သဘာဝအတိုင်း သမုဒ္ဒရာ ရေပြင်ကျယ်ထဲမာ လွတ်လပ်ပျော်ရွင်စွာ ကျက်စားနေထိုင်ဖို့ မိုင် ၆၀၀၀ကျော်တဲ့ ခရီးစဉ်ကို နင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ ပထမဦးဆုံး ရေပြင်ကျယ် သဘာဝ ဘေးမဲ့နေရာဖြစ်တဲ့ အိုက်စ်လန် နိုင်ငံ တောင်ဘက် ကမ်းရိုးတန်း၊ ကလက်စဗစ်ပင်လယ် ကွေ့နေရာက စောင့်ရာက်ရေး သတ်မတ်နေရာမာ ဒီဝေလငါးလေး နစ်ကောင် ရောက်ရနေပြီဖြစ်ပြီး ပတ်ဝန်းကျင်း အသစ်၊ နေရာအသစ်မာ ရင်းနး ကျွမ်းဝင်ပြီဆိုတာနဲ့ မကြာခင်မာပဲ ဒီဝေလငါးလေးတွေကို နောက်ဆုံး အဆင့်အနေနဲ့ သဘာဝအတိုင်း လွတ်ပေးလိုက်မာဖြစ်တယ်လို့ Sea Life Trust အဖွဲ့က ဆိုပါတယ်။

တရုတ် နိုင်ငံ ကနေ ဘီလူဂါ ဘေးမဲ့ရေပြင်ဌာန ထိရောက်ဖို့ နာရီပေါင်း ၃၀ ကြာ လေယာဉ်နဲ့ ခရီးနင်ခဲ့ရပြီး စောင့်ရာက် ပေးတဲ့ရေကန်တွေကနေ သမုဒ္ဒရာ ရေပြင်ကျယ်ထဲ လွတ်ပေးတဲ့အထိ အဆင့်ဆင့် ပြောင်းရွ ပေးသွားမာဖြစ်ကာ နောက်ဆုံးခြေလမ်း တစ်ဆင့်သာ ကျန်ပါတော့တယ်လို့ Sea Life Trust အဖွဲ့ရဲ့ အကြီးအကဲ အန်ဒီဘူးလ်က ဆိုပါတယ်။ Source ; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *