တက္ကသိုလ်တက်ရန် အခက်အခဲရှိနေသည့် ဝါးတစ်ရာကျေးရွာမှ ၄ ဘာသာ ဂုဏ်ထူးရှင် သမီးငယ်လေး

တက္ကသိုလ်တက်ရန် အခက်အခဲရှိနေသည့် ဝါးတစ်ရာကျေးရွာမှ ၄ ဘာသာ ဂုဏ်ထူးရှင် သမီးငယ်လေး

ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာရှိ မမိုးမိုး သည် ဩဂုတ် ၉ ရက်နေ့တွင် ထွက်ရှိခဲ့သည့် ၂၀၁၉ / ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ဖြစ်သည်။

သူသည် မိသားစု စားဝတ်နေရေး အခြေအနေကြောင့် အထောက်အပံ့ မရရှိသည့် အတွက် နေ့ဘက်တွင် စက်ပန်းထိုးသည့် အလုပ်အား နေ့စားဖြင့် လုပ်ကိုင်ကာ ညဘက်တွင် ကျောင်းစာ လုပ်ရင်း ကျူရှင်ကို ပညာဒါန သင်ပေးသည့်ဆီမှာ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း စားမေးပွဲကို ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

မမိုးမိုးသည် တက္ကသိုလ် တက်ချင်ကြောင်း၊ အမှတ်မှီပါက B.Ed တက်ချင်ကြောင်းနှင့် တစ်ဖက်တွင်လည်း သူမ၏ မိသားစုက တက္ကသိုလ် တက်ရောက်လျှင် ကုန်ကျမည့် စရိတ်အား မထောက်ပံ့ပေးနိုင်သည့် အတွက် တက္ကသိုလ် တက်ရောက်ခွင့် မရမည်ကို ပူပင် သောက ရောက်နေကျရ ပါသည်။

မမိုးမိုး၏ ဖခင်မှာ ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့သည့် အတွက် မိခင်ဖြစ်သူနှင့် အတူနေထိုင်ပြီး မွေးချင်း ၈ ယောက်ရှိကာ မိသားစုထဲတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူမှာ မမိုးမိုး တစ်ယောက်သာ ရှိသည်ဟု သိရပါသည်။

ယခု တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဒုတိယမြောက် ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်ကာ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တာပဲ ဖြစ်ပါသည်။ Source ; Mizzima

Unicode … တက္ကသိုလ်တက်ရန် အခက်အခဲရနေသည့် ဝါးတစ်ရာကျေးရွာမ ၄ ဘာသာ ဂုဏ်ထူးရင် သမီးငယ်လေး

ရွပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာရ မမိုးမိုး သည် ဩဂုတ် ၉ ရက်နေ့တွင် ထွက်ရခဲ့သည့် ၂၀၁၉ / ၂၀၂၀ ပညာသင်နစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ဖြစ်သည်။

သူသည် မိသားစု စားဝတ်နေရေး အခြေအနေကြောင့် အထောက်အပံ့ မရရသည့် အတွက် နေ့ဘက်တွင် စက်ပန်းထိုးသည့် အလုပ်အား နေ့စားဖြင့် လုပ်ကိုင်ကာ ညဘက်တွင် ကျောင်းစာ လုပ်ရင်း ကျူရင်ကို ပညာဒါန သင်ပေးသည့်ဆီမာ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း စားမေးပွဲကို ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

မမိုးမိုးသည် တက္ကသိုလ် တက်ချင်ကြောင်း၊ အမတ်မပါက B.Ed တက်ချင်ကြောင်းနင့် တစ်ဖက်တွင်လည်း သူမ၏ မိသားစုက တက္ကသိုလ် တက်ရောက်လျင် ကုန်ကျမည့် စရိတ်အား မထောက်ပံ့ပေးနိုင်သည့် အတွက် တက္ကသိုလ် တက်ရောက်ခွင့် မရမည်ကို ပူပင် သောက ရောက်နေကျရ ပါသည်။

မမိုးမိုး၏ ဖခင်မာ ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့သည့် အတွက် မိခင်ဖြစ်သူနင့် အတူနေထိုင်ပြီး မွေးချင်း ၈ ယောက်ရကာ မိသားစုထဲတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူမာ မမိုးမိုး တစ်ယောက်သာ ရသည်ဟု သိရပါသည်။

ယခု တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဒုတိယမြောက် ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်ကာ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနင့် ဘောဂဗေဒဘာသာရပ်တို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တာပဲ ဖြစ်ပါသည်။ Source ; Mizzima

Add a Comment

Your email address will not be published. Required fields are marked *