တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများကို ဖမ်းဆီးအရေးယူ
|တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများကို ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်( မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊မိုင်းယု (၁၀၅) မိုင် ကျေးရွာ၊ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဩဂုတ်လ (၁၀) ရက်နေ့ (၁၄) နာရီ ခွဲ အချိန်၌ ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် တရုတ်နိုင်ငံသား (၅) ဦးစီ တင်ဆောင်ကာ မောင်းနှင်လာသော မော်တော်ယာဉ် နှစ်စီးအား ဖမ်းဆီး ရမိသည်။
နယ်မြေခံတပ်နှင့် မူဆယ်မြို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ကိုကိုလတ် ဦးစီးသော ပူးပေါင်းအဖွဲ့သည် မိုင်းယု (၁၀၅) မိုင်ကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မူဆယ်ဘက်မှ လာရှိုးမြို့သို့ ဦးကြည်ချစ် မောင်းနှင်လာသော ၊
LANDCRUISER (အဖြူရောင်) ယာဉ်နှင့် ဦးယန်ချုံး မောင်းနှင်လာသော X-TRAIL (အနီရောင်) ယာဉ် တို့ကို ရပ်တန့်စစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ကျား (၉) ဦး၊မ (၁) ဦး စုစုပေါင်း (၁၀) ဦးကိုလည်းကောင်း၊
ယင်းနေ့ (၁၉) နာရီ အချိန်၌ပင် မူဆယ်မြို့နယ်ထိန်း ခေါင်းဆောင်ဒုရဲအုပ် အောင်ကိုကိုလတ် ဦးစီးအဖွဲ့နှင့် အမှတ် (၂) ရဲကင်းမှူးဒုရဲအုပ်အောင်ကိုဝင်း ဦးစီးအဖွဲ့တို့ ပူးပေါင်းပြီး မှုခင်ကျဆင်းရေး၊ပြေး (၄) ပြေး ဖမ်းဆီးရမိရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် မူဆယ်မြို့၊ ဈေးရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် မသင်္ကာဖွယ်သူ တစ်ဦးတွေ့ရှိပြီး စစ်ဆေးရာ
ပန်ခမ်းစက်လှေဆိပ် ခိုးပေါက်မှ တရားမဝင် ခိုးဝင်လာသော တရုတ်နိုင်ငံသား (၅) ဦး ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် အဆိုပါတရုတ်နိုင်ငံသားများကို ရာဇသတ်ကြီး ပုဒ်မ ၃၆၇ နှင့် လဝကအက် ဉပဒေ ပုဒ်မ ၁၃ (၁) / ၁၃ (၅) တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။
အလားတူပင် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဒေသများမှ တဆင့် တရားမဝင် ခိုးဝင်လာ သော တရုတ်နိုင်ငံသား (၃) ဦးကို ဩဂုတ်လ (၈) ရက်နေ့တွင် နမ့်ပေါ်တံတား၌ လည်းကောင်း၊ ဩဂုတ်လ (၅) ရက်နေ့တွင် မော်တောင်းကျေးရွာတွင် တရုတ်နိုင်ငံသား(၂၀) ဦးကိုလည်းကောင်း၊ ဩဂုတ်လ (၄) ရက်နေ့ တွင် တရုတ်နိုင်ငံသား (၉) ဦးကို ပြည်ထောင်စု လမ်းမကြီးနမ့်ပေါ်တံတား၌လည်းကောင်း၊
ဩဂုတ်လ (၁) ရက်နေ့တွင် တရုတ်နိုင်ငံသား (၁) ဦးကို နမ့်ပေါ်တံတား၌လည်း ကောင်း၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် (၁၀၅) မိုင်၊ မောင်းတံဂိတ်အနီး ပူးပေါင်းအဖွဲ့မှ တရုတ် နိုင်ငံသား(၁)ဦးကိုလည်းကောင်း၊ ဇူလိုင်လ (၃၀) ရက်နေ့တွင် တရုတ်နိုင်ငံသား ( ၂၀ ) ဦးကို နမ့်ပေါ်တံတား၌ လည်းကောင်း တံတားလုံခြုံရေး ရဲကင်းမှူး ရဲအုပ် ဆန်းဝင်းနှင့် ပူးပေါင်းအဖွဲ့တို့မှ ဖမ်းဆီးရ ရှိခဲ့ကြရာ ဇူလိုင်လ (၃၀) ရက်နေ့မှ ယခု ဩဂုတ်လ (၁၀) ရက်နေ့အထိ စုစု ပေါင်း တရုတ်နိုင်ငံသား (၆၉) ဦး ဖြစ်ပြီး၊
အဆိုပါ တရုတ်နိုင်ငံသားများသည် နယ်စပ် ဒေသများမှ တရားမဝင် ဝင်ရောက်ခဲ့ကြသဖြင့် ၎င်းတို့ကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ရှိ/ မရှိ စစ်ဆေးခြင်း၊ တရုတ်နိုင်ငံသား ဟုတ်/မဟုတ် စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၆၇ နှင့် လဝက အက် ဉပဒေ ပုဒ်မ ၁၃(၁)/ ၁၃(၅) တို့ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်ထားရှိကြောင်း သိရပါသည်။ Crd ; စန္ဒာ( ပြန်/ဆက်)