တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းများကို လတ်တလောတွင် ထုတ်ပေးနိုင်ခြင်း မရှိသေးဟုဆို
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းများကို လတ်တလောတွင် ထုတ်ပေးနိုင်ခြင်း မရှိသေးဟုဆို
တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများ လတ်တလောတွင် ထုတ်ပေးရန် အစီအစဉ် မရှိသေးကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံ ကပြောသည်။
COVID-19 ရောဂါ ကာကွယ်ရေးအတွက် လူစုလူဝေးဖြစ်ပေါ်မည်ကို စိုးရိမ်သောကြောင့် ထုတ်ပေးမည့် အချိန်ကို အတိအကျပြောနိုင်ခြင်း မရှိသေးဘဲ COVID-19 ကာကွယ် ထိန်းချုပ်ရေး ဗဟို ကော်မတီ၏ ခွင့်ပြုချက် ရမှသာ ထုတ်ပေးမည်ဟု သိရသည်။
ယခင်နှစ်များက တက္ကသိုလ်ဝင်တန်း အမှတ် စာရင်းများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နေပြည်တော် ရုံးချုပ်နှင့် ရန်ကုန် ရုံးခွဲတွင် တစ်ပတ် အတွင်း ထုတ်ယူနိုင်ပြီး နယ်မြို့များတွင် စာစစ်ဦးစီးဌာနက Mobile Team များဖြင့် သွားရောက်ထုတ်ပေးလေ့ရှိသည်။ထို သို့ထုတ်ပေးရာတွင် တက္ကသိုလ်ဝင်တန်း အောင်မြင် သူများသာမ က ကျရှုံးသူများ ကိုပါ ထုတ်ပေးသည်။
သြဂုတ် ၉ ရက်နေ့တွင် သိပ္ပံတွဲ ၊ဝိဇ္ဇာတွဲ နှင့် ဝိပ္ပံတွဲများ မှ အမှတ်အများဆုံး ရရှိသူ ၁၀ ယောက်စီရဲ့ အမည်စာရင်းတွေကို ထည့်သွင်း ကြော်ငြာ ပေးခဲ့သည်။ ယခုနှစ်တွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို အွန်လိုင်း ပေါ်ကနေထုတ်ပြန်ပေးခဲ့ရာ အောင်ချက် ၃၂ ရာခိုင်နှုန်း ကျော်ရှိခဲ့သည်။ Source ; Mizzima
Unicode … တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမတ်စာရင်းများကို လတ်တလောတွင် ထုတ်ပေးနိုင်ခြင်း မရသေးဟုဆို
တက္ကသိုလ်ဝင်တန်း အမတ်စာရင်းများ လတ်တလောတွင် ထုတ်ပေးရန် အစီအစဉ် မရသေးကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမး ဒေါက်တာသိန်းဇံ ကပြောသည်။
COVID-19 ရောဂါ ကာကွယ်ရေးအတွက် လူစုလူဝေးဖြစ်ပေါ်မည်ကို စိုးရိမ်သောကြောင့် ထုတ်ပေးမည့် အချိန်ကို အတိအကျပြောနိုင်ခြင်း မရသေးဘဲ COVID-19 ကာကွယ် ထိန်းချုပ်ရေး ဗဟို ကော်မတီ၏ ခွင့်ပြုချက် ရမသာ ထုတ်ပေးမည်ဟု သိရသည်။
ဒေါက်တာ သိန်းဇံက ‘ဘယ်ချိန် ထုတ်ပြန်မလဲ ဆိုတာကိုလည်း မသိသေးဘူးလို့” ဆိုသည်။ ၂၀၂၀ခုနစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်လက်မတ် ထုတ်ပေးခြင်း၊ အမတ်စာရင်းထုတ်ပေးခြင်း နင့် အဖြေလွာများ ပြန်လည်စစ်ဆေးပေးရန် လျာက်ထားခြင်းများကို ကျန်းမာရေးနင် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွန်ချက်များနင့်အညီ ဆောင်ရွက် ပေးရန် အသိပေးသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ကြေညာ ထားပါသည်။
ယခင်နစ်များက တက္ကသိုလ်ဝင်တန်း အမတ် စာရင်းများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နေပြည်တော် ရုံးချုပ်နင့် ရန်ကုန် ရုံးခွဲတွင် တစ်ပတ် အတွင်း ထုတ်ယူနိုင်ပြီး နယ်မြို့များတွင် စာစစ်ဦးစီးဌာနက Mobile Team များဖြင့် သွားရောက်ထုတ်ပေးလေ့ရသည်။ထို သို့ထုတ်ပေးရာတွင် တက္ကသိုလ်ဝင်တန်း အောင်မြင် သူများသာမ က ကျရသူများ ကိုပါ ထုတ်ပေးသည်။
သြဂုတ် ၉ ရက်နေ့တွင် သိပ္ပံတွဲ ၊ဝိဇ္ဇာတွဲ နင့် ဝိပ္ပံတွဲများ မ အမတ်အများဆုံး ရရသူ ၁၀ ယောက်စီရဲ့ အမည်စာရင်းတွေကို ထည့်သွင်း ကြော်ငြာ ပေးခဲ့သည်။ ယခုနစ်တွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို အွန်လိုင်း ပေါ်ကနေထုတ်ပြန်ပေးခဲ့ရာ အောင်ချက် ၃၂ ရာခိုင်နန်း ကျော်ရခဲ့သည်။ Source ; Mizzima
Add a Comment
Your email address will not be published. Required fields are marked *