ပေါင်မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

ပေါင်မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဥတ္တံတား ကျေးရွာမှာ သြဂုတ်လ ၁၄ ရက်နေ့ညပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးနဲ့စာသင်ကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၄ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခတ်မှုတွေကြောင့် ဥတ္တံတားကျးရွာ အမှတ် (၁၁) ရပ်ကွက်ရှိ လူနေအိမ် ၇ လုံး၊ အမှတ် (၁၄) ရပ်ကွက်ရှိ လူနေအိမ် ၃ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း၊ အမိုးလန် ပျက်စီးခဲ့သလို သစ်ပင်များကျိုးကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကြောင့် လူတိရစ္ဆာန် ထိခိုက်တာတော့ မရှိဘူးလို့ သိရပါတယ်။

လေပြင်းတိုက်ခတ်တာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက် ပျက်စီးမှုတွေကို မီးသတ် တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအဖွဲ့တွေ၊ အနီးအနားနေပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေမှ ပူးပေါင်းကူညီ ပေးခဲ့ကြောင်း သိရသည်။

လက်ရှိ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ အလားတူ သြဂုတ်လ ၁၀ ရက်နေ့ ညတွင်လည်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပေါင်မြို့ ကဒါရပ်ကွက်နှင့် ပေါင်းရပ်ကွက်ရှိ နေအိမ်၂၁ လုံး အမိုးလန် ပျက်စီး၊ ဈေးဆိုင်ခန်း၊ စပါးကျီ၊ ရုံးအဆောက်အဦး၊ ၈ လုံးခန့် အမိုးလန်ပျက်စီး၊ သစ်ပင်များ ပြိုလဲ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် တန်ဖိုးကျပ် သိန်း ၃၀ ကျော် ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။crd ; ရာမညတိုင်း(မ်)

Unicode …ပေါင်မြို့နယ်မာ လေပြင်းတိုက်ခတ်မကြောင့် နေအိမ်များနင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရ ဥတ္တံတား ကျေးရွာမာ သြဂုတ်လ ၁၄ ရက်နေ့ညပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးနဲ့စာသင်ကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမ သိရပါတယ်။

ဖြစ်စဉ်မာ သြဂုတ်လ ၁၄ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်က မိုးသည်းထန်စွ ာရွာသွန်းပြီး လေးပြင်းတိုက်ခတ်မတွေကြောင့် ဥတ္တံတားကျးရွာ အမတ် (၁၁) ရပ်ကွက်ရ လူနေအိမ် ၇ လုံး၊ အမတ် (၁၄) ရပ်ကွက်ရ လူနေအိမ် ၃ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း၊ အမိုးလန် ပျက်စီးခဲ့သလို သစ်ပင်များကျိုးကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကြောင့် လူတိရစ္ဆာန် ထိခိုက်တာတော့ မရဘူးလို့ သိရပါတယ်။

လေပြင်းတိုက်ခတ်တာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက် ပျက်စီးမတွေကို မီးသတ် တပ်ဖွဲ့ဝင်တွေ၊ လူမကူညီရေးအဖွဲ့တွေ၊ အနီးအနားနေပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေမ ပူးပေါင်းကူညီ ပေးခဲ့ကြောင်း သိရသည်။

လက်ရ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ အလားတူ သြဂုတ်လ ၁၀ ရက်နေ့ ညတွင်လည်း လေဆင်နာမောင်း တိုက်ခတ်မကြောင့် ပေါင်မြို့ ကဒါရပ်ကွက်နင့် ပေါင်းရပ်ကွက်ရ နေအိမ်၂၁ လုံး အမိုးလန် ပျက်စီး၊ ဈေးဆိုင်ခန်း၊ စပါးကျီ၊ ရုံးအဆောက်အဦး၊ ၈ လုံးခန့် အမိုးလန်ပျက်စီး၊ သစ်ပင်များ ပြိုလဲ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် တန်ဖိုးကျပ် သိန်း ၃၀ ကျော် ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ crd ; ရာမညတိုင်း(မ်)

Add a Comment

Your email address will not be published. Required fields are marked *