မိန်းမ ရှုတ်တဲ့သူကို ပညာပေးဖို့ ငွေ ၂၅ သိန်းဖြင့် ကြေးစားလိုက်တဲ့ လူမိုက် သုံးဦးအပါအဝင် ပတ်သက်သူများကို ဖမ်းဆီးရမိ

မိန်းမရှုတ်တဲ့သူကို ပညာပေးဖို့ ငွေ ၂၅ သိန်းဖြင့် ကြေးစားလိုက်တဲ့ လူမိုက် သုံးဦးအပါအဝင် ပတ်သက်သူများကို ဖမ်းဆီးရမိ

မိန်းမကိစ္စ ရှုပ်ထွေးသူကို ပညာပေးရန် ကြေးစားအဖြစ် ကျပ် ၂၅ သိန်းဖြင့် လိုက်လံပြစ်မှုကျူးလွန်သည့် လှိုင်သာယာ တွင် နေထိုင်သူ သုံးဦး အပါအဝင် ခိုင်းစေသူများကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ရွှေကွန်းကွန်ဒိုနေ အမျိုသား တစ်ဦးကို လူငယ် ၃ ဦးက ဖမ်းဆီးချုပ်နှောင်၍ ကျပ် ၁၉ သိန်းကျော်တို့ လုယူထွက်ပြေးသွားတဲ့ အမှုဖြစ်ကာ ယင်းအမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိ ထားပြီလို့ ရဲတပ်ဖွဲ့က ဆိုသည်။

ဖမ်းဆီးရမိ သူများအား အသေးစိတ် စစ်ဆေးခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အမှတ် (၁) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ရိပ်သာ (၅) လမ်း၊ အမှတ် (၇၇/၇၈) နေ ဒေါ်ခင်ခင်ဝင်း က ၎င်းနှင့်ပတ်သက်နေသည့် အမျိုးသားမှာ တခြား အမျိုးသမီးများနှင့် ရှုပ်ပွေနေသဖြင့် မှတ်လောက် သားလောက်အောင် ဆုံးမပေးရန် မနီနီဝင်းနှင့် ဝင်းမင်းထွန်း (ခ) စွမ်းထက် (ခ) ဖန်သီ တို့အားအကူအညီ တောင်းခံခဲ့ကြောင်း၊

ဝင်းမင်းထွန်း (ခ) စွမ်းထက် (ခ) ဖန်သီမှ လှိုင်သာယာမြို့နေ နိုင်းနိုင်း (ခ) နဂါး (ခ) မင်းဟိန်းပါ (၃) ဦးကို ငွေကျပ် (၂၅) သိန်းဖြင့် ငှားရမ်းပြီး ပြစ်မှုအား ပူးပေါင်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်ခင်ခင်ဝင်းအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ ၎င်းမှာပြစ်မှု ကျူးလွန်ပြီးနောက် နေအိမ်မှ တိမ်းရှောင်သွားတယ်လို့ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ရန်ကုန် အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ ရတနာမြိုင်လမ်း၊ ရွှေကွန်းကွန်ဒို၊ အမှတ်(၁၈/B2) ၌ သြဂုတ်လ ၁၀ ရက်နေ့ ည ၈နာရီ အချိန်ခန့်က ဦးကျော်မိုး (ကနေဒါ နိုင်ငံသားခံယူထားသူ) အသက် (၄၈) နှစ်၊ pp-no Ac 786745 ကိုင်ဆောင်သူ နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် လွန်ခဲ့သော တစ်ပတ်ခန့်က ရင်းနှီးခဲ့သူ မနီနီဝင်း ဆိုသူလာရောက်ပြီး ခဏအကြာ

မနီနီဝင်းက အခန်းသော့အားယူကာ တံခါးဖွင့်၍ ထွက်သွားပြီးနောက် အမည်မသိ လူငယ် (၃) ဦး နေအိမ် အတွင်းဝင်လာပြီး တရား လိုအား ဝိုင်း၍ချုပ်နှောင်သဖြင့် ပြန်လည်ခုခံရာ အဆိုပါ လူငယ်(၃) ဦး အသင့် ယူဆောင် လာသောဓားနှင့်ထိမိ၍ တရားလိုယာဘက်ပေါင်နှင့် ယာဘက်လက်ဖဝါးတို့မှာ ပြတ်ရှဒဏ်ရာ တစ်ချက်စီ ရရှိခဲ့ကြောင်း၊

ထို့နောက် လူငယ် (၃) ဦးမှ တရားလို၏ ပါးစပ်နှင့် လက်နှစ်ဘက်အား တိတ်အဝါဖြင့် တုပ်နှောင်ကာ ခြေထောက်နှစ်ဘက်အား လက်ထိပ် တစ်စုံဖြင့် ခတ်ထားခဲ့ပြီး I-Phone X အနက်ရောင်ဖုန်း (၁) လုံး၊ I Pad 3 ငွေရောင် (၁) လုံး ၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၉ဝဝဝဝဝ ကျပ်ခန့်တို့အား လုယူ ထွက်ပြေးသွားသောကြောင့် လူငယ် (၃) ဦးနှင့် မနီနီဝင်း တို့အားအရေးယူပေးရန် ကမာရွတ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိသူ မနီနီဝင်း ပါ (၆) ဦးကို ဥပဒေနှင့်အညီ တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေး တိမ်းရှောင်နေသူ ဒေါ်ခင်ခင်ဝင်းအား ဖမ်းဆီး ရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ Crd ; ဦးပြုံး (နိုင်ငံမျက်လုံး)

Add a Comment

Your email address will not be published. Required fields are marked *