ပဲခူးတိုင်း ဒေသကြီး ရခိုင် ကရင်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ပါသည်

ပဲခူးတိုင်းဒေသကြီး ရခိုင် ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်

ပဲခူးတိုင်း ဒေသကြီး ၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနရဲ့ ဩဂုတ်လ (၁၇) ရက် မနက် (၇) နာရီ ထုတ်ပြန်ချက် အရ သိရပါတယ်။

ထုတ်ပြန်ချက်အရ ဒီကနေ့ ညနေအထိ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းမှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် ( မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်း ၊

ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါသည်။ မိုး ရွာဖို့ ရာနှုန်းပြည့် ဖြစ်တယ်လို့လည်း သိရပါတယ်။

ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အား အသင့်အတင့် ရှိနေပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မိုးသက် လေပြင်းကျစဉ် ရေပြင်မြေပြင်လေဟာ တစ်နာရီ (၃၅) မိုင်အထိ တိုက်ခတ်နိုင်တယ် လို့လည်း သိရပါတယ်။ လှိုင်းအမြင့်အ နေနဲ့ မြစ်ဝ ကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာင် (၈) ပေကနေ (၁၁) ပေခန့်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၅) ပေကနေ (၇) ပေ ခန့်အထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ထား ပါတယ်။ နောက်လာမယ့် (၂) ရက် အတွက်ကိုတော့ ရခိုင်ပြည်နယ်မှာ မိုး ဆက်လက်ပိုနေမယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေ အထိ နေပြည်တော်နဲ့ အနီး တစ်ဝိုက်မှာ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမှာ ဖြစ်ပြီး ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် မှာတော့ မိုး အသင့်အတင့် ထစ်ချုန်း ရွာပြီး မိုးရွာဖို့ ကတော့ ရာနှုန်းပြည့် ဖြစ်ပါတယ်။

မန္တလေးမြို့နှင့် အနီး တစ်ဝိုက်မှာလည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာ ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀) ရှိတယ်လို့ ထုတ်ပြန်ချက်မှာ အရ သိရပါတယ်။ Source- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Tags:

Add a Comment

Your email address will not be published. Required fields are marked *