အသက် ၅၀ ပြည့်သွားခဲ့ပြီးဖြစ်တဲ့ ဘောလိဝုဒ်ရုပ်ရှင် မင်းသားကြီး ဆေ့ဖ်အလီခန်း

အသက် ၅၀ ပြည့်သွားခဲ့ပြီးဖြစ်တဲ့ ဘောလိဝုဒ်ရုပ်ရှင် မင်းသားကြီး ဆေ့ဖ်အလီခန်း

ဘောလိဝုဒ်မင်းသားကြီး ဆေ့ဖ်အလီခန်း ကတော့ ဩဂုတ်လ ၁၆ နေ့မှာ အသက် ၅၀ ပြည့်သွားပြီးပဲ ဖြစ်ပါတယ်။ ဆေ့ဖ်က နဝါးဘ် (‌ စော်ဘွား ) မျိုး ဖြစ်ပြီးတော့ ဆေ့ဖ်အဖေက အိန္ဒိယ ခရစ်ကသ် အသင်းခေါင်းဆောင် ပထန် တစ်ဦးဖြစ်ပြီး အမေကတော့ မင်းသမီးကြီး ရှမီလာတဂိုး (ဘင်္ဂလီလူမျိုး) ဖြစ်ပါတယ်။

ဆေ့ဖ် အဖေဘက်က စော်ဘွား မျိုးရိုးဖြစ်ပြီး အမေဘက်က ကဗျာဆရာကြီး ရာဗင်ဒြာနတ်တဂိုးရဲ့ အဆက်နွယ်တွေပါ။ ဆေ့ဖ်မှာ မွေးချင်း ညီမ ၂ ယောက် ရှိပါတယ်။ ဆေ့ဖ် က အင်္ဂလန်မှာကျောင်းတက်ခဲ့တာဖြစ်ပြီး ၁၉ နှစ် အရွယ်မှာ မင်းသားလုပ်ဖို့ အိန္ဒိယ ပြန်လာခဲ့ပါတယ်။

စော်ဘွား မျိုးရိုးက ဆင်းသက်လာပြီး အဖေကော၊ အမေပါ တိုင်းပြည်မှာ နံမည်ကြီးတွေဖြစ်ပေမဲ့ မိဘတွေက ဆေ့ဖ်ကို မင်းသားလုပ် ဖို့ အားမပေးတာမို ဆေ့ဖ်ကိုဘယ်သူမှ မင်းသားတင်မရိုက်ပေးဘူး။ ဒါကြောင့် ဆေ့ဖ် မွမ်ဘိုင်းလာပြီး မိမိဘာသာ ကြိုးစားရင်း ကာဂျိုးပါတဲ့ Bekhudi ရုပ်ရှင်မှာ ဇာတ်ပို့နေရာ သရုပ်ဆောင်ဖို့ အခွင့်အရေးရခဲ့ပေမဲ့ ဇာတ်ကားရိုက်နေရင်း ဇာတ်ကောင်ကို မကြိုက်လို့ နှုတ်ထွက်ခဲ့ပါတယ်။

ဆေ့ဖ် Bekhudi ရုပ်ရှင်ရိုက်ရင်း စတူဒီယိုမှာ မင်းသမီး Amrita Singh နဲ့ စ‌တွေ့ခဲ့တယ်။ မိဘတွေထံကနေ ကျော ထောက်နောက်ခံ ပေးတာ မခံရတဲ့ အသက် ၂၀ အရွယ် ဆေ့ဖ်ဟာ မင်းသားဖြစ်လိုတာကြောင့် ဘောလီးဝုဒ် နောက်ခံရှိတဲ့ အားကိုးလိုချင်တဲ့အတွက် သူ့ထက် အသက် ၁၂ နှစ် ကြီးတဲ့ မင်းသမီး အမီ တာဆင်းကို တွေ့ပြီး လပိုင်းအကြာ ၁၉၉၁ အောက်တိုဘာလ မှာ လက်ထပ် ခဲ့ပါတယ်။

အမီတာကလည်း ဆေ့ဖ်ကို ယူပြီး တစ်နှစ်ကျော်မှာပဲ ကလေးတန်းယူကာ အနုပညာ အလုပ်နားကာ ဆေ့ဖ်မင်းသားဖြစ်ဖို့ အများကြီးပံ့ပိုး ကူညီပေးခဲ့ပါတယ်။ အဲ့နောက် ဆေ့ဖ် နာမည် ရလာပါတယ်။ အမီတာဆင်းနဲ့ကလေး ၂ယောက် ရခဲ့တယ်။ ဒါပေမဲ့လည်း ၂၀၀၄ မှာ သူတို့ကွာရှင်းခဲ့ကြတယ်။

အဲ့နောက် ဆေ့ဖ်က အီတလီမော်ဒဲလ် ရိုစာဆိုတဲ့သူနဲ့ ၂နှစ်လောက် တွဲခဲ့တယ်။ ရိုစာက အိနိယမှာ လာနေတယ်။ ဆာရီဝတ်တယ်။ ဆေ့ဖ် မိသားစုပိုင် နန်းတော်ထိ အဝင်အထွက်ရှိသလို ဆေ့ဖ်နဲ့ အကယ်ဒမီပွဲတွေဘာညာ အတူတူတက်တယ်။

သူတို့ ယူတော့မလို သတင်းထွက်နေရာက ၂၀၀၇မှာ ဆေ့ဖ်က ကရီနားကပူးနဲ့ ကြိုက်နေပြီလို့ တရားဝင် အသိပေးတွဲပြီး ၂၀၁၂ မှာ လက်ထပ် ခဲ့ပါတယ်။ ဆေ့ဖ် ပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ကား ၈၀ ကျော်ရှိပြီး မင်းသားဆု ကလွဲပြီး Filmfare အကယ်ဒမီ ၆ ဆု ရထားသူ ဖြစ်ပါတယ်။ Source ; Bollywood Update NewsMyanmar

Add a Comment

Your email address will not be published. Required fields are marked *