အသစ်တွေ့တဲ့ ရခိုင်မှ လူနာ ၂ ယောက်ဆီ ဘယ်ကစကူးစက်ခဲ့မှန်း မသိသေးလို့ ပြည်သူတွေမပေါ့ဆဖို့နှင့် ပေါ့ဆရင် ကိုဗစ်ဒုတိယလှိုင်း ပေါ်ပေါက်လာနိုင်ဟု အစိုးရသတိပေး
|အသစ်တွေ့တဲ့ ရခိုင်မှ လူနာ ၂ ယောက်ဆီ ဘယ်ကစကူးစက်ခဲ့မှန်း မသိသေးလို့ ပြည်သူတွေမပေါ့ဆဖို့နှင့် ပေါ့ဆရင် ကိုဗစ်ဒုတိယလှိုင်း ပေါ်ပေါက်လာနိုင်ဟု အစိုးရသတိပေး
ရခိုင်ပြည်နယ်က ကိုဗစ်လူနာ (၃၇၅) နဲ့ (၃၇၇) တို့ဟာ ဒေသတွင်း ကူးစက်ခံရမှု ဖြစ်ပြီးတော့ ဘယ်ကနေ စတင် ကူးစက်ခံရလဲဆိုကို မသိရသေးတာကြောင့် လိုက်လံရှာဖွေနေပြီး ရခိုင်ကပြည်သူတွေအနေနဲ့လည်း မပေါ့ဆကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့သတိပေး ထုတ်ပြန် လိုက်ပါတယ်။
ဒါ့အပြင် လိုက်နာမှု အားနည်းနေတဲ့ ပြည်သူတွေကြားမှာ ရောဂါဖြစ်ပွားမှု ရုတ်တရက်များလာပြီး ထိန်းချုပ်ဖို့ခက်တဲ့ ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်း အနေနဲ့ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်လာနိုင်တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခု ချိန်ထိတော့ ရခိုင်ပြည်နယ်မှာ ကိုဗစ် ရောဂါပိုး တွေ့ရှိတဲ့သူအယောက် (၂၀) အထိ ရှိနေပြီးတော့ ဒီရက်ပိုင်းမှာ ခရီးသွားရာဇဝင် မရှိသလို ကိုဗစ်လူနာနဲ့ ထိတွေ့မှု မရှိခဲ့တဲ့ ပြည်တွင်းကူးစက်သူ လေးယောက်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ရောဂါပိုး တွေ့ရှိသူရဲ့ ခြောက်ဆယ် ရာခိုင်နှုန်းကျော်ဟာ ရောဂါ လက္ခဏာ တစ်စုံတစ်ရာ မပြသဘဲ ဖြစ်ပွားခဲ့တာကြောင့် ကိုဗစ် ဒုတိယလှိုင်းအဖြစ် အရှိန်အဟုန်နဲ့ ပေါ်ပေါက်လာနိုင်တဲ့ အ လားအလာတွေ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ ဒါကြောင့် ကိုဗစ် ရောဂါ ကာကွယ်ရေး နည်းလမ်းတွေကို တိတိကျကျ လိုက်နာဖို့လည်း အစိုးရက သတိပေးနှိုးဆော်လိုက်ပါတယ်။ Source ; O media
Unicode … ရခိုင်မ လူနာ ၂ ယောက်ဆီ ဘယ်ကစကူးစက်ခဲ့မန်း မသိသေးလို့ ပြည်သူတွေမပေါ့ဆဖို့နင့် ပေါ့ဆရင် ကိုဗစ်ဒုတိယလင်း ပေါ်ပေါက်လာနိုင်ဟု အစိုးရသတိပေး
ရခိုင်ပြည်နယ်က ကိုဗစ်လူနာ (၃၇၅) နဲ့ (၃၇၇) တို့ဟာ ဒေသတွင်း ကူးစက်ခံရမ ဖြစ်ပြီးတော့ ဘယ်ကနေ စတင် ကူးစက်ခံရလဲဆိုကို မသိရသေးတာကြောင့် လိုက်လံရာဖွေနေပြီး ရခိုင်ကပြည်သူတွေအနေနဲ့လည်း မပေါ့ဆကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့သတိပေး ထုတ်ပြန် လိုက်ပါတယ်။
ဒါ့အပြင် လိုက်နာမ အားနည်းနေတဲ့ ပြည်သူတွေကြားမာ ရောဂါဖြစ်ပွားမ ရုတ်တရက်များလာပြီး ထိန်းချုပ်ဖို့ခက်တဲ့ ရောဂါဖြစ်ပွားမ ဒုတိယလင်း အနေနဲ့ ရခိုင်ပြည်နယ်မာ ပေါ်ပေါက်လာနိုင်တယ်လို့ လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါတယ်။
အခု ချိန်ထိတော့ ရခိုင်ပြည်နယ်မာ ကိုဗစ် ရောဂါပိုး တွေ့ရတဲ့သူအယောက် (၂၀) အထိ ရနေပြီးတော့ ဒီရက်ပိုင်းမာ ခရီးသွားရာဇဝင် မရသလို ကိုဗစ်လူနာနဲ့ ထိတွေ့မ မရခဲ့တဲ့ ပြည်တွင်းကူးစက်သူ လေးယောက်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ရောဂါပိုး တွေ့ရသူရဲ့ ခြောက်ဆယ် ရာခိုင်နန်းကျော်ဟာ ရောဂါ လက္ခဏာ တစ်စုံတစ်ရာ မပြသဘဲ ဖြစ်ပွားခဲ့တာကြောင့် ကိုဗစ် ဒုတိယလင်းအဖြစ် အရန်အဟုန်နဲ့ ပေါ်ပေါက်လာနိုင်တဲ့ အ လားအလာတွေ ရနေတယ်လို့လည်း ထုတ်ပြန်ချက်မာ သတိပေးထားပါတယ်။ ဒါကြောင့် ကိုဗစ် ရောဂါ ကာကွယ်ရေး နည်းလမ်းတွေကို တိတိကျကျ လိုက်နာဖို့လည်း အစိုးရက သတိပေးနးဆော်လိုက်ပါတယ်။ Source ; O media