သစ်သီးသည် အဖွားကို သွားကူညီရင်း အခြားလိုအပ်သူတွေကိုပါ လှူဒါန်းခဲ့တဲ့ အဆိုတော် ယုန်လေး

သစ်သီးသည် အဖွားကို သွားကူညီရင်း အခြားလိုအပ်သူတွေကိုပါ လှူဒါန်းခဲ့တဲ့ အဆိုတော် ယုန်လေး

ပရိတ်သတ်ကြီးအားလုံးပဲ မင်္ဂလာပါနော် ။ ပရိတ်သတ်ကြီးရေ အဆိုတော် ယုန်လေးဟာဆိုရင် မကြာခဏဆိုသလို လိုအပ်နေတဲ့သူ တွေကို ကူညီပေးလေ့ရှိတာ အားလုံးပဲ သိပြီးဖြစ်မှာပါ။

အဆိုတော် ယုန်လေး ဟာဆိုရင် ပြီးခဲ့တဲ့လက သူရဲ့ ” ငါတို့ အားလုံးရဲ့မြေ ” သီချင်း MVကြောင့် ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်ရိုက်ကူးခွင့် ၁ နှစ် ပိတ်ပင်ခံခဲ့ရတာ အားလုံးသိပြီး ဖြစ်မှာပါ ။ မကြာသေးခင်ကပဲ အဆိုတော် ယုန်လေးက ဖုန်းနဲ့ရိုက်ကူးပြီး ဖေ့စ်ဘွတ်မှာ ကြော်ငြာ ရိုက်ကူးခြင်းတွကို ပြန်လုပ်မယ်လို့ ကြေညာထားပါတယ်။

အဲ့လို ကြေညာခဲ့ပြီး ပထဆုံး ကြော်ငြာ ရိုက်ကူးရေးမှ ရလာတဲ့ အနုပညာကြေးထဲမှ အချို့ကို ပင်ပန်းကြီးစွာ ရုန်းကန်နေရတဲ့ သစ်သီးသည် အဖွားနှင့် အခြားလိုအပ်နေတဲ့ သူများကို ကူညီလှူဒါန်းပးခဲ့တာကို အခုလိုပဲ မျှဝေထားပါတယ်။

” မနေ့က အလုပ်လေးတွေ ပြန်စရတယ် … ရရချင်း လှူချင်တာနဲ့ Cb က ညီလေးတစ်ယောက် ပို့ထားတဲ့ Link ကို ဝင်ကြည့်ပြီး ချက်ချင်းသွားတယ် ။ ည ၁၀ နာရီ ဆိုတော့ အဖွားပြန်သွားတယ် ။ မနက် ၁၂ လောက်ဆို ရောက်ပြီ ပြောကျတော့ မနက် ၁၂ ရောက်တယ် ။

အဖွား မရောက်သေးဘူး ။ အဖွားကို ၃ နာရီမှာ နောက်တစ်ခါက် ထပ်သွားပြီး ကန်တော့ခဲ့ပါတယ် ။ အဖွားနဲ့ မတွေ့ခင် ၁၂ နာရီ စောရောက်တဲ့ အချိန်မှာ လမ်းဘေးနားမှာ မိုးဖွဲဖွဲလေး ရွာနေချိန် ကြွက်သတ်ဆေး ရောင်းနေတဲ့ ဦးလေး တွေ တွေ့တယ် ။ ထီးလေး နဲ့ အိတ်ရောင်းနေတဲ့ အန်တီတွေတွေ့တယ် ။

ဆိုက်ကားပေါ်ထိုင်နေတဲ့ ဦးလေးတွေ အစ်ကိုတွေ တွေ့တယ်။နဂိုထဲကမှ စိတ်က သက်ကြီးရွယ်အိုတွေ တွေ့ရင် စိတ်သိပ်ခိုင်တာမဟုတ်ဘူး ။ ကျွန်တော် မရှိတော့တဲ့ အဘိုးအဘွားပဲ မျက်လုံးထဲ မြင်မြင်နေတာ ။

အဖွားကိုလာ လှူတာ တက်နိုင်သလောက် ၁သိန်း ညီမလေး မြက်နိုးဝေက ၅သောင်း ပါ ။ ဒါပေမယ့် တွေ့တဲ့ လူတွေ ကျွန်တော်မှာပါတဲ့ ၅ သိန်း လိုအပ်တယ် ထင်လို့ အကုန် ပေးခဲ့ပါတယ်။ ကျွန်တော့်ကို ကြေညာအပ်ပြီး အလုပ်ပေးတဲ့ သူများ သာဓု ခေါ်လို့ရအောင်ပါ  ။

ဖလျိုအဆီကျ Coffee ညီမလေး ဆုလဲ့ဝေ Angel Eye ရွှေ ဆိုင် အစ်မ သီတာခိုင် , မသက်ထားဆွေ တို့ကိုလည်း အထူးကျေးဇူးပါ ခင်များ ။ အဲ့အမေ ကြီးက ပြောတယ် ။ ဆေးကုနေတာတဲ့လိုအပ်တုန်း လာလှူလို့ အရမ်းဝမ်းသာပါတယ်တဲ့ ။ သားပိုက်ဆံ အကုန်မသုံးပါဘူးတဲ့ ကျောင်းဆောက်တဲ့ အထဲ ထည့်လှူမှာပါတဲ့။ပါရင် ထပ်လှူချင်သေးတာ …

အသိမိတ်ဆွေ များလည်း ၂၃ လမ်း ၂၄ လမ်း ဂမုန်းပွင့်ကုန်တိုက် သိမ်းကြီးဈေး အနီ တက်နိုင်သလောက် ကူစေချင်ပါတယ် ဗျာ ။
အားလုံး Peace ” ဆိုပြီး မျှဝေထားတာလေးကို ပရိတ်သတ်တွေအတွက် ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်နော် ။

Add a Comment

Your email address will not be published. Required fields are marked *