ယနေ့ည ( 21 . 8 . 2020 ) တွင် စစ်တွေမြို့မှ COVID -19 ဓာတ်ခွဲ အတည်ပြု လူနာ ၁၀ ဦး ထပ်တိုး
|ယနေ့ည ( 21 . 8 . 2020 ) တွင် စစ်တွေမြို့မှ COVID -19 ဓာတ်ခွဲ အတည်ပြု လူနာ ၁၀ ဦး ထပ်တိုး
ယနေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးရာတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁၀) ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ လူနာများမှာ စစ်တွေမြို့တွင် အသွားအလာကန့်သတ်ထား သူများနှင့် စောင့်ကြည့် လူနာများဖြစ်သည်။ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့မှုရှိသူ ငါးဦးပါဝင်သည်။
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၇၆) ခု၊ ဆေးသုတေသန ဦး စီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခုနှင့် ပြည်သူ့ကျန်းမာ ရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၁၂) ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ( မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၈၄) ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (စစ်တွေ) (PHL, Sittwe) မှ ဓာတ်ခွဲနမူနာ (၃၆) ခု၊ စုစုပေါင်း (၉၆၄) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယနေ့၊ ည ၈နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၄၁၉) ဦးရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပြီဖြစ်ပါသည်။
ဓာတ်ခွဲ အတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄)ဦး (Case- 241, 260, 288 နှင့် 310) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၃၇) ဦး ရှိပြီး ၎င်းတို့အနက် (၃၃၁) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ဩဂုတ် ၂၀ ရက်၊နေ့လယ် ၁၂ နာရီမှ ဩဂုတ် ၂၁ ရက်၊နေ့လယ် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၅) ဦးရှိကြောင်း သိရသည်။ Source ; စံတော်ချိန်