ကမ္ဘာကျော် အာကာသအဖွဲ့ကြီး နာဆာရဲ့ သိန်းနှစ်ထောင်တန် အလုပ်ကို လာလျှောက်တဲ့ ၉ နှစ်သားအရွယ် ကောင်လေး

ကမ္ဘာကျော် အာကာသအဖွဲ့ကြီး နာဆာရဲ့ သိန်းနှစ်ထောင်တန် အလုပ်ကို လာလျှောက်တဲ့ ၉ နှစ်သားအရွယ် ကောင်လေး


ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကမ္ဘာကျော် အာကာသအဖွဲ့ကြီး နာဆာဟာ Planetary Protection Officer ရာထူးအတွက် ဒေါ်လာ ၁၈၇,၀၀၀ ( မြန်မာငွေ သိန်းနှစ်ထောင်ကျော်) နဲ့ အလုပ် ခေါ်စာ တင်ခဲ့ပါတယ်။

Planetary Protection Officer ရဲ့ တာဝန်ကတော့အခြားဂြိုလ်က မသန့်စင်တဲ့ အရာတွေကို ကမ္ဘာမြေပေါ် မရောက်လာအောင် ထိန်းသိမ်းရတဲ့ အလုပ်ပါ။ ဒီတာဝန်အတွက် အလုပ်လုပ်ကိုင်နေတဲ့သူ နှစ်ဦးရှိနေပေမယ့် တစ်ဦးထပ်မံလိုအပ်နေတာပါ။

များပြားလှတဲ့ လစာကြောင့် လူအများ စိတ်ဝင်တစားနဲ့ ထောင်ပေါင်းများစွာ လျှောက်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ လျှောက်လွှာတွေများစွာထဲကမှ ထူးထူးခြားခြားနဲ့ ၉ နှစ်သားအရွယ် ဂျက်ဒေးဗစ် ကတော့ ဒီအလုပ်အတွက်ကို ကိုယ်တိုင်စာရေးပြီး လျှောက်လွှာတင်ခဲ့တာပါ။

အဲ့ဒီ လျှောက်လွှာမှာတော့ ၉ နှစ်သားအရွယ် ဂျက်ဒေးဗစ် က သူ့ ရဲ့ လက်ရေးမူနဲ့ ” ကျွန်တော်ကတော့ ဂျက်ဒေးဗစ်ဖြစ်ပြီး Planetary Protection Officer အလုပ်ကို လျှောက်ထားချင်ပါတယ်။ ကျွန်တော်က အသက်က ၉ နှစ်ဖြစ်ပေမဲ့ ဒီအလုပ်နဲ့ ကိုက်ညီ မယ်ထင်လို့ပါ။ အကြောင်းကတော့ ကျွန်တော့် အမ ကကျွန်တော့်ကို ဂြိုလ်သားလို့ အမြဲပြောလို့ပါ။ ပြီးတော့ အာကာသနဲ့ ဂြိုလ်သားကားတွေ အများကြီး ကြည့်ဖူးပါတယ်။

အထူးသဖြင့် Marvel က Agent of S.H.I.E.L.D ဆိုတဲ့ ဇာတ်လမ်းတွဲကိုလည်း ကြည့်ဖူးပါတယ်။ Men in Black ဇာတ်ကားကိုလည်း ကြည့်ချင်ပါတယ်။ ကျွန်တော် video game တွေမှာလည်း ဆရာကြီးပါ။ ဒါ့ကြောင့် ကျွန်တော့်ကို ဒီအလုပ်အတွက် ဂြိုလ်သား တစ်ယောက်လို လေ့ကျင့် ပေးနိုင်ပါတယ်လို့ ” ရေးသားထားပါတယ်။ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ ကလေးလဲနော်? ချစ်စရာကောင်းလိုက်တာ ။

ကမ္ဘာကျော် အာကာသ အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ဂျိမ်း အယ်လ်ဂရင်းက ဒီလို အလုပ်လျှောက်လွှာကို လျစ်လျူမရှုတဲ့အပြင် ဒီအလုပ်က အရမ်းကို အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်ရတာဖြစ်တာကို ရှင်းပြထားပြီးတော့ နောင်တစ်ချိန် နာဆာရဲ့ ဒီရာထူးမှာ မင်းကို မြင်ချင်တဲ့အကြောင်း ပြန်လည်စာရေးသား ပေးပို့ခဲ့ပါတယ်။ Crd ; Thu Ta Myay

Add a Comment

Your email address will not be published. Required fields are marked *