သံတွဲမြို့မှ ကိုဗစ်အတည်ပြု လူနာနှစ်ဦးမှာ အသွားအလား ကန့်သတ်ထားသူများဖြစ်၍ နောက်ဆက်တွဲ စိုးရိမ်ရန်သိပ်မရှိဟုဆို 

သံတွဲမြို့မှ ကိုဗစ်အတည်ပြု လူနာနှစ်ဦးမှာ အသွားအလား ကန့်သတ်ထားသူများဖြစ်၍ နောက်ဆက်တွဲ စိုးရိမ်ရန်သိပ်မရှိဟုဆို

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၂၃ ရက်) နံနက်ပိုင်း ထုတ်ပြန်ချက်တွင် သံတွဲမြို့မှ ကိုဗစ် အတည်ပြုလူနာ ၄၄၃ (ကျား ၅၈ နှစ်) နှင့် ၄၄၄ ( ကျား ၂၆ နှစ်) လူနာနှစ်ဦးပါဝင်ခဲ့ရာ ထိုအတည်ပြု လူနာနှစ်ဦးသည် အသွားအလာကန့်သတ်ထားသူများဖြစ်၍ နောက်ဆက်တွဲ ဖြစ်လာမှု များအတွက် စိုးရိမ်ရန်မရှိကြောင်း သံတွဲမြို့နယ် ကျန်းမာရေးမှူး အဆင့် ၁ ဦးသက်ပိုင်စိုးက ပြောသည်။

အဆိုပါ အတည်ပြု လူနာနှစ်ဦးသည် ပြည်တွင်းကူးစက်မှု မြှင့်မား နေသည့် စစ်တွေမြို့မှ သြဂုတ်လ ၂၁ ရက်တွင် သံတွဲမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာသူများဖြစ်ပြီး ရောက်ရှိလာသည်နှင့် အသွားအလာ ကန့်သတ်ထားခြင်း ဖြစ်ကြောင်း ယင်းကပြောသည်။

” သူတို့က စစ်တွေမှာ နေတာ။ တစ်ယောက်က ထွေအုပ်က၊ နောက်တစ်ယောက်က ကျောင်းသားလေး သူဖာသူ အဆောင်မှာ နေတာ။ စစ်တွေမှာတော့သူတို့ ဘယ်လိုတွေ နေထိုင်ခဲ့လဲဆိုတာတော့ ကျွန်တော်တို့ သေချာမသိရဘူးပေါ့နော်။ ဒါပေမဲ့ ဒီမှာတော့ သူတို့ကို ရောက်လာတာနဲ့ Quarantine ထားရှိထားတာ ဖြစ်ပါတယ်။ ဒီမှာက သူတို့နဲ့ ထိတွေ့တဲ့သူတွေ ဘယ်သူမှလည်း မရှိခဲ့ကြပါဘူး” ဟု ယင်းက ပြောသည်။

လက်ရှိ အဆိုပါ ကိုဗစ်အတည်ပြု လူနာနှစ်ဦးနှင့် ပတ်သက်၍ သံတွဲမြို့တွင် နောက်ဆက်တွဲ စိုးရိမ်စရာ အခြေအနေ သိပ်မရှိသော်လည်း စစ်တွေမြို့မှ လာရောက်ခဲ့သော NGO ၀န်ထမ်း အတည်ပြုလူနာ ၄၁၃ နှင့် ထိတွေ စပ်ဆက်ခဲ့သူ ၃၀ ကျော်ကို Quarantine ထားရှိထားပြီး ယနေ့တွင် ဓာတ်ခွဲနမူနာ များယူ၍ Covid-19 ရောဂါပိုး ဓာတ်ခွဲ စမ်းသက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

 

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ သြဂုတ်လ ၂၁ ရက် ထုတ်ပြန်ချက်တွင် ကိုဗစ်အတည်ပြု လူနာ ၄၁၃ ( မ ၂၉ နှစ်) သည် NGO ၀န်ထမ်း တစ်ဦးဖြစ်ပြီး သံတွဲမြို့နှင့် ဂွမြို့တို့ကို ခရီးသွားရာဇ၀င်ရှိခဲ့သော ကြောင့် သံတွဲမြို့က အထွေထွေ အုပ်ချုပ်ရေးမှတာဝန်ရှိသူများ၊ လေယာဉ်အတူ စီးခဲ့သူများ၊ ကားမောင်းသမားနှင့် စားသောက်ဆိုင်မှ သူများ အစရှိသည့် လူဦးရေ ၃၀ ကျော်ကို အသွားအလာ ကန့်သတ်ထားခြင်း ဖြစ်သည်။ Source ; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *