ရုရှားရှိ ဆေးရုံတစ်ရုံတစ်ခုမှ သေဆုံးသွားသူတစ်ဦး အသက်ပြန်ရှင်လာတဲ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်
ရုရှားရှိ ဆေးရုံတစ်ရုံတစ်ခုမှ သေဆုံးသွားသူတစ်ဦး အသက်ပြန်ရှင်လာတဲ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်
လွန်ခဲ့သော ရက်ပိုင်းက ရုရှားနိုင်ငံ၊ ကာရှ့်ဒေသရှိ ဆေးရုံတစ်လုံး၌ ဆရာဝန်များကို အံ့အားသင့်စေသော ရင်ခွဲရုံမှ လူသေတစ်ဦး ရုတ်တရက် အသက်ပြန်ရှင်လာတယ်ဆိုတဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာတစ်ခုကို ဖော်ပြချင်ပါတယ်။
အသက် ၈၁ နှစ် အရွယ်ရှိ “ဇီနိုင်ဒါ ကိုနိုနိုဗာ” ဆိုသူ အဖွားအိုသည် လွန်ခဲ့သော ရက်အနည်းငယ်က ဂေါ်ရှီချန်စကီး ဗဟိုဆေးရုံတွင် အူသိမ်အူမကြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရင်း သေဆုံးသွားကြောင်း ဆရာဝန်က အတည်ပြုကာ အလောင်းအား ရင်ခွဲရုံသို့ ညည့်နက် ၁ နာရီအချိန်မှာ ပြောင်းရွှေ့ထားခဲ့ပါတယ်။
ဆေးရုံက အဖွား အသက်ရှင်နေကြောင်း အဖွားရဲ့ မြေးဖြစ်သူအားဖုန်းဆက်အကြောင်းကြားလိုက်၍ မြေးဖြစ်သူက အလွန်ဝမ်းသာအံ့အားသွားပြီး ဆေးရုံသို့ ချက်ချင်းရောက်လာကာ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်းဟု ဆရာဝန်များအားလမေးမြန်းခဲ့ရာ အဖွားက အသက်ရှူ ရပ်တန့်ပြီး နှလုံးခုန်ရပ်သွားသော အခြေအနေကြောင့် (Clinical death) သေဆုံးသွားခြင်း ဖြစ်ကြောင်း ဆရာဝန်မှ ပြောကြားသွားပါတယ်။
နောက်ပိုင်းမှာတော့ ဆရာဝန်တစ်ဦးနှင့် မေ့ဆေးဆရာဝန် တစ်ဦးက သေဆုံးသွားသော အဖွားအား အချိန်သတ်မှတ်ချက် ၂ နာရီထက် ပိုစောပြီး၊ အချိန် ၁ နာရီ နှင့်မိနစ် ၂၀ မှာပဲ ရင်ခွဲရုံသို့ ပို့လိုက်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။
ဂေါ်ရှီချန်စကီး ဗဟိုဆေးရုံကြီးမှ ဌာနမှုး ဒေါက်တာ “ရိုမန် ကွန်ဒရာဂျင်ဂို” အား စုံစမ်းစစ်ဆေးမှု ဆောင်ရွက်စဉ်အတွင်း အလုပ်မှခေတ္တ ဆိုင်းငံ့ထားခဲ့ပြီး အဖွား၏ ဆွေမျိုးများက ဆေးရုံကို အမှုဖွင့်ရန် ပြင်ဆင်နေကြောင်းလည်း သိရှိရပါတယ်။ Ref ; Daily Mail
Unicode …ရုရားဆေးရုံတစ်ရုံတစ်ခုမွ သေဆုံးသွားသူတစ်ဦး အသက်ပြန်ရင်လာတဲ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်
လွန်ခဲ့သော ရက်ပိုင်းက ရုရးနိုင်ငံ၊ ကာရဒေသရ ဆေးရုံတစ်လုံး၌ ဆရာဝန်များကို အံ့အားသင့်စေသော ရင်ခွဲရုံမ လူသေတစ်ဦး ရုတ်တရက် အသက်ပြန်ရင်လာတယ်ဆိုတဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာတစ်ခုကို ဖော်ပြချင်ပါတယ်။
အသက် ၈၁ နစ် အရွယ်ရ “ဇီနိုင်ဒါ ကိုနိုနိုဗာ” ဆိုသူ အဖွားအိုသည် လွန်ခဲ့သော ရက်အနည်းငယ်က ဂေါ်ရချန်စကီး ဗဟိုဆေးရုံတွင် အူသိမ်အူမကြီး ခွဲစိတ်ကုသမ ခံယူခဲ့ရင်း သေဆုံးသွားကြောင်း ဆရာဝန်က အတည်ပြုကာ အလောင်းအား ရင်ခွဲရုံသို့ ညည့်နက် ၁ နာရီအချိန်မာ ပြောင်းရွထားခဲ့ပါတယ်။
အချိန် ၇ နာရီအကြာ မနက် ၈ နာရီ ရောက်သော် ရင်ခွဲရုံဝန်ထမ်းတစ်ဦးက ယင်းအဖွားအိုကြီးကို အောက်ကြမ်းပြင်မာ လဲကျနေပြီး အသက်ရင်လျက် ရနေသည်ကို တွေသွားသောကြောင့် အလန့်တကြားဖြစ်သွားခဲ့ပါတယ်။ ထို့နောက် သူမကိုစောင်တွေ ခြုံပတ်ပေးပြီး အထူးကြပ်မတ်ဆောင်သို့ အမြန်ပို့ဆောင် ပေးလိုက်ပါတယ်။
ဆေးရုံက အဖွား အသက်ရင်နေကြောင်း အဖွားရဲ့ မြေးဖြစ်သူအားဖုန်းဆက်အကြောင်းကြားလိုက်၍ မြေးဖြစ်သူက အလွန်ဝမ်းသာအံ့အားသွားပြီး ဆေးရုံသို့ ချက်ချင်းရောက်လာကာ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်းဟု ဆရာဝန်များအားလမေးမြန်းခဲ့ရာ အဖွားက အသက်ရ ရပ်တန့်ပြီး နလုံးခုန်ရပ်သွားသော အခြေအနေကြောင့် (Clinical death) သေဆုံးသွားခြင်း ဖြစ်ကြောင်း ဆရာဝန္မ ပြောကြားသွားပါတယ်။
နောက်ပိုင်းမာတော့ ဆရာဝန်တစ်ဦးနင့် မေ့ဆေးဆရာဝန် တစ်ဦးက သေဆုံးသွားသော အဖွားအား အချိန်သတ်မတ်ချက် ၂ နာရီထက် ပိုစောပြီး၊ အချိန် ၁ နာရီ နင့်မိနစ် ၂၀ မပဲ ရင်ခွဲရုံသို့ ပို့လိုက်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။
ဂေါ်ရချန်စကီး ဗဟိုဆေးရုံကြီးမ ဌာနမး ဒေါက်တာ “ရိုမန် ကွန်ဒရာဂျင်ဂို” အား စုံစမ်းစစ်ဆေးမ ဆောင်ရွက်စဉ်အတွင်း အလုပ်မခေတ္တ ဆိုင်းငံ့ထားခဲ့ပြီး အဖွား၏ ဆွေမျိုးများက ဆေးရုံကို အမဖွင့်ရန် ပြင်ဆင်နေကြောင်းလည်း သိရရပါတယ်။ Ref ; Daily Mail
Add a Comment
Your email address will not be published. Required fields are marked *