တရုတ်နှင့် နယ်စပ်အငြင်းပွားမှုကို စစ်ရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ပြင်ဆင်ထားဟု အိန္ဒိယဗိုလ်ချုပ်ကြီး ပြော
တရုတ်နှင့် နယ်စပ်အငြင်းပွားမှုကို စစ်ရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ပြင်ဆင်ထားဟု အိန္ဒိယဗိုလ်ချုပ်ကြီး ပြော
နယ်စပ် အငြင်းပွားမှုနှင့် ပတ်သက်သော ဆွေးနွေးမှုများတွင် အပြုသဘောဆောင်သော ရလဒ် မထွက်ပေါ်ပါက စစ်ရေးနည်းလမ်းဖြင့် ရွေးချယ်ရန် အိန္ဒိယ တပ်မတော်က ပြင်ဆင်ထားဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်က ပြောကြား လိုက်ပါသည်။
အစိုးရက အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဆောင်ရွက်နေသော်လည်း အိန္ဒိယ လက်နက်ကိုင်တပ် ဖွဲ့များက စစ်ရေးဆောင်ရွက်ရန် အမြဲ ပြင်ဆင်ထားကြောင်း ၄င်းက ပြောသည်။
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က ပြီးခဲ့သော နှစ်လ ကျော်အတွင်း အဆင့် အသီးသီး၌ စစ်ရေးနှင့် သံတမန်ရေး ဆွေးနွေးမှုများစွာ လုပ်ဆောင်နေကြသော်လည်း သိသာထင်ရှားသော တိုးတက်မှုများ မရရှိခဲ့ပေ။
ကာကွယ်ရေးဝန်ကြီး ရာနတ်ဆင်း၊ ဗိုလ်ချုပ်ကြီး ရာဝပ်နှင့် ကြည်း၊ ရေ၊ လေတပ်ဖွဲ့ အကြီးအကဲ သုံးဦးတို့ က အရှေ့ပိုင်း လာဒါဒေသ အခြေအနေများသုံးသပ်ရန် ပုံမှန်အစည်းအဝေးများ ပြုလုပ်လေ့ရှိသည်။
နှစ်နိုင်ငံစလုံးက အငြင်းပွား နယ်စပ်ဒေသသို့ လူအင်အား၊ စစ်လက်နက် အင်အား ဖြည့်တင်းမှုများ ပြုလုပ်ခဲ့လင့်ကစား ဆွေးနွေးမှုပြုလုပ်ပြီးနောက် ယခုအခါ ရုတ်သိမ်းသွားပြီ ဖြစ်သည်။
Unicode … တရုတ်နင့် နယ်စပ်အငြင်းပွားမကို စစ်ရေးနည်းလမ်းဖြင့်ဖြေရင်းရန် ပြင်ဆင်ထားဟု အိန္ဒိယဗိုလ်ချုပ်ကြီး ပြော
နယ်စပ် အငြင်းပွားမနင့် ပတ်သက်သော ဆွေးနွေးမများတွင် အပြုသဘောဆောင်သော ရလဒ် မထွက်ပေါ်ပါက စစ်ရေးနည်းလမ်းဖြင့် ရွေးချယ်ရန် အိန္ဒိယ တပ်မတော်က ပြင်ဆင်ထားဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်က ပြောကြား လိုက်ပါသည်။
အစိုးရက အငြင်းပွားမကို ငြိမ်းချမ်းစွာ ဖြေရင်းရန် ဆောင်ရွက်နေသော်လည်း အိန္ဒိယ လက်နက်ကိုင်တပ် ဖွဲ့များက စစ်ရေးဆောင်ရွက်ရန် အမြဲ ပြင်ဆင်ထားကြောင်း ၎င်းက ပြောသည်။
အိန္ဒိယနင့် တရုတ်နိုင်ငံတို့က ပြီးခဲ့သော နစ်လ ကျော်အတွင်း အဆင့် အသီးသီး၌ စစ်ရေးနင့် သံတမန်ရေး ဆွေးနွေးမများစွာ လုပ်ဆောင်နေကြသော်လည်း သိသာထင်ရးသော တိုးတက်မများ မရရခဲ့ပေ။
ကာကွယ်ရေးဝန်ကြီး ရာနတ်ဆင်း၊ ဗိုလ်ချုပ်ကြီး ရာဝပ်နင့် ကြည်း၊ ရေ၊ လေတပ်ဖွဲ့ အကြီးအကဲ သုံးဦးတို့ က အရပိုင်း လာဒါဒေသ အခြေအနေများသုံးသပ်ရန် ပုံမန်အစည်းအဝေးများ ပြုလုပ်လေ့ရသည်။
နစ်နိုင်ငံစလုံးက အငြင်းပွား နယ်စပ်ဒေသသို့ လူအင်အား၊ စစ်လက်နက် အင်အား ဖြည့်တင်းမများ ပြုလုပ်ခဲ့လင့်ကစား ဆွေးနွေးမပြုလုပ်ပြီးနောက် ယခုအခါ ရုတ်သိမ်းသွားပြီ ဖြစ်သည်။
ဇွန်လ ၁၅ ရက်က ဂါလ်ဝမ်ဒေသတွင် နစ်ဖက်တပ်ဖွဲ့များကြား အကြမ်းဖက်ရန်ပွဲများဖြစ်ပွားခဲ့ရာ အိန္ဒိယ တပ်ဖွဲ့ဝင် ၂၀ ဦး ကျဆုံးခဲ့သည်။ အမေရိကန် ထောက်လမ်းရေး သတင်းများအရ အဆိုပါရန်ပွဲအတွင်း တရုတ်ဘက်၌ ကျဆုံးသူ ၃၅ ဦးအထိ ရခဲ့ကြောင်း သိရသည်။ ကိုးကား ; နယူးအိန္ဒိယအိတ်ပရက်စ် / Source ; People Media
Add a Comment
Your email address will not be published. Required fields are marked *