တစ်နိုင်ငံလုံးက အထက်တန်းကျောင်းပေါင်း (၆) ထောင်ကျော်ကို မနက်ဖန်ကစပြီး ယာယီပြန်ပိတ်မည်
တစ်နိုင်ငံလုံးက အထက်တန်းကျောင်းပေါင်း (၆) ထောင်ကျော်ကို မနက်ဖန်ကစပြီး ယာယီပြန်ပိတ်မည်
မြန်မာ တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေကို သြဂုတ်လ (၂၇) ရက်ကစပြီး ယာယီပိတ်ဖို့ ညွှန်ကြားထားတယ်လို့ ပညာ ရေးဝန်ကြီးဌာနက သိရပါတယ်။
အခုချိန်မှာတော့ မြန်မာတနိုင်ငံလုံးမှာ ဖွင့်လှစ်ခွင့်ရထားတဲ့ ကျောင်းပေါင်း (၆၅၂၆) ကျောင်းရှိနေပြီး အကုန်လုံးကို ယာယီပိတ်သိမ်းခိုင်းထားတာလို့ သူကပြောပါတယ်။ ဖွင့်လှစ်ခွင့် ရထားတဲ့ ကျောင်းပေါင်း (၆) ထောင်ကျော်မှာ အခြေခံပညာကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေပါ ပါဝင်ပါတယ်။ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းတွေကို ဇူလိုင်လ (၂၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ (၂၁) ရက် နေ့ကစပြီးတော့လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ပြည်တွင်းကိုဗစ်လူနာ အရေအတွက်များလာတာကြောင့် ပြည်နယ်တစ်ခုလုံးကကျောင်းတွေကို ယာယီစပိတ်ခဲ့ပါသေးတယ်။ ဒီနေ့ သြဂုတ်လ (၂၆) ရက်နေ့မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ (၅၇၄) ယောက်အထိရှိနေပြီး (၆) ယောက် သေဆုံးထားပါတယ်။ Source ; O Media
Unicode … တစ်နိုင်ငံလုံးက အထက်တန်းကျောင်းပေါင်း (၆) ထောင်ကျော်ကို မနက်ဖန်ကစပြီး ယာယီပြန်ပိတ်မယ်
မြန်မာ တနိုင်ငံလုံးမရတဲ့ အခြေခံပညာ ကျောင်းတွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေကို သြဂုတ်လ (၂၇) ရက်ကစပြီး ယာယီပိတ်ဖို့ ညွန်ကြားထားတယ်လို့ ပညာ ရေးဝန်ကြီးဌာနက သိရပါတယ်။
“ အခု နာရီဝက် အတွင်းမာပဲ ကိုဗစ်ဗဟို ကော်မတီက ဖုန်းနဲ့ညွန်ကြားပါတယ်။ ညနေတော့ စာထွက်လာမာပါ။ အခု ပိတ်ခိုင်းတာတော့ တစ်နိုင်ငံလုံးပါ။ ရန်ကုန်တိုင်း တခုတည်းတော့ မဟုတ်ပါဘူး။ မနက်ဖြန် ကျောင်းမလာဖို့ အုပ်မိအောင် တိုင်းပညာရေးမးတွေ၊ မြို့နယ်ပညာရေးမးတွေကို ကျွန်တော်တို့ ဝန်ကြီးရုံးရဲ့ လမ်းညွန်ချက်အရ အကြောင်းကြား ထားတာဖြစ်ပါတယ်။” လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
အခုချိန်မာတော့ မြန်မာတနိုင်ငံလုံးမာ ဖွင့်လစ်ခွင့်ရထားတဲ့ ကျောင်းပေါင်း (၆၅၂၆) ကျောင်းရနေပြီး အကုန်လုံးကို ယာယီပိတ်သိမ်းခိုင်းထားတာလို့ သူကပြောပါတယ်။ ဖွင့်လစ်ခွင့် ရထားတဲ့ ကျောင်းပေါင်း (၆) ထောင်ကျော်မာ အခြေခံပညာကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေပါ ပါဝင်ပါတယ်။ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းတွေကို ဇူလိုင်လ (၂၁) ရက်နေ့က စတင်ဖွင့်လစ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ (၂၁) ရက် နေ့ကစပြီးတော့လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မာ ပြည်တွင်းကိုဗစ်လူနာ အရေအတွက်များလာတာကြောင့် ပြည်နယ်တစ်ခုလုံးကကျောင်းတွေကို ယာယီစပိတ်ခဲ့ပါသေးတယ်။ ဒီနေ့ သြဂုတ်လ (၂၆) ရက်နေ့မာတော့ မြန်မာနိုင်ငံမာ ကိုဗစ်လူနာ (၅၇၄) ယောက်အထိရနေပြီး (၆) ယောက် သေဆုံးထားပါတယ်။ Source ; O Media
Add a Comment
Your email address will not be published. Required fields are marked *