ဘုန်းကံကြီးမားတဲ့ အမျိုးသမီးများသာ ဝတ်ဆင်ခွင့်ရတဲ့ မလ္လိကာ တန်ဆာ ဝတ်ဆင်သူပေါ်လာပြီ
|ဘုန်းကံကြီးမားတဲ့ အမျိုးသမီးများသာ ဝတ်ဆင်ခွင့်ရတဲ့ မလ္လိကာ တန်ဆာ ဝတ်ဆင်သူပေါ်လာပြီ
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက မဟလ္လတာတန်ဆာကို
ဆင်မြန်းရသူများမှာ
( 1 ) ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါ
( 2 ) ဗန္ဓုလ စစ်သူကြီး၏ မိဘုရား မလ္လိကာ အမျိုးသမီး
( 3 ) ဗာရာဏသီ သူဋ္ဌေးကြီးရဲ့သမီး သုမနာ ဆိုပြီး စာပေမှာတွေ့ ရတယ်။
12 . 8 . 2020 နေ့က သီရိလင်္ကာ နိုင်ငံမှာစတုတ္ထမြောက်မဟလ္လတာ တန်ဆာကို ဝတ်ဆင်ပြီး အမျိုးသမီးတစ်ဦး ဆရာတော်သံဃာတော်တို့အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနေစဉ်
မဟာလတာ တန်ဆာကို မမြင်ဖူးသူများ ကြည့်ထားကြပါ ။ ဦးဇင်းတို့လည်း အခုမှ မြင်ဖူးတယ်။ ဝတ်ချင်ကြလား ။ အမျိုးသမီး (၃) ဦးသာ ဝတ်ဆင်နိုင်တဲ့ ခေါင်းအစ ခြေအဆုံး မဟလ္လတာတန်ဆာ ပါ။
ပါဝင်သော ပစ္စည်းများကတော့ စိန်အစစ်(၄) ပြည်၊ ပုလဲ (၁၁) ပြည် မြ နှင့် သန္တာ (၂၂) ပြည်၊ နီလာနှင့်ပတ္တမြား (၃၃) ပြည် အခြား ရတနာတွေလည်း မရေတွက်နိုင်လောက်အောင် များပြားပါတယ်။ချုပ်တဲ့ချည်ကရွှေချည် ငွေချည်နဲ့ပါတန်ဆာကြီးရဲ့တန်ဖိုးဟာ (၉) ကုဋေ လက်ခအနေနဲ့(၁) သိန်း ပေးရပါတယ်။ ပန်တိမ်သည်ပေါင်းက (၅၀၀)ရာနှင့် (၄) လကြာအောင် လုပ်ရပြီးတော့ (၄) လကြာမှ အားလုံးပြီးပါတယ် ။
ဆင်မြန်းလိုက်လို့ အဝေးကမြင်ရရင် ဒေါင်းအစစ် ကနေသလိုပါပဲတဲ့ ။ လမ်းသွားရင်လည်း ရွှေခြူ ငွေဆွဲတွေရဲ့ သံစုံသာယာတေးလေးတွေကလည်း သာယာငြိမ့်ညောင်းစွာထွက်ပေါ်နေပါသေးတယ် ။ မဟလ္လတာ တန်ဆာကို ဝတ်ဆင်ရမည့်သူကလည်း အဲဒီဘဝဆင်ပြောင်ငါးစီးကဲ့သို့ အားမာန်ကြီးတဲ့ သူဖြစ်ရပါမယ်။ ဒါမှလည်းဝတ်ဆင်နိုင်ပါတယ်။
ရတနာတွေကို တင်း နဲ့တွက်မယ်ဆိုရင် ပြည်ပေါင်းဆို(၇၀)ဆယ် တင်းနဲ့တွက်ရင် (၄) တင်း နှင့် (၆) ပြည်ပါ ။ အခြား ရတနာတွေလည်း ရေတွက်လို့ မရပါဘူး။ ရွှေပိဿာချိန်ကလည်း (၁) ထောင်ဆိုတော့ လေးလွန်းလို့ သာမန်အမျိုးသမီးတွေ ဘယ်လိုနည်းနှင့်မှ မဝတ်ရုံနိုင်ပါဘူး။
ဘုန်းကံကြီးမားတဲ့ အမျိုးသမီးတွေသာ ဝတ်ရုံနိုင်ပါတယ် ။ဘုန်းကံ ကြီးမားတဲ့ အမျိုးသမီး ( ၃ ) ဦးကတော့ ဘုရားရှင် လက်ထက်အ ခါက မဟလ္လတာ တန်ဆာကို ဝတ်ဆင်ခဲ့ရတာ ဒီကမ္ဘာမှာ ( ၃ ) ယောက်ပဲ ရှိခဲ့ပါတယ် ။
သူတို့ကတော့
(၁) ဝိသာခါ ကျောင်းအမကြီး
(၂) ဗန္ဓုလ စစ်သူကြီးကတော် မလ္လိကာ
(၃) ဗာရာဏသီ သူဌေးကြီးရဲ့သမီး သုမနာတို့ပဲ ဖြစ်ပါတယ်။
ချစ်ခြင်းများစွာဖြင့် … အရှင်ဣဿရိယ / အထက်မင်းလှ Crd ;