ယာဉ်တိုက်မှုမှတစ်ဆင့် ရွှေစက်တော်ဘေးမဲ့တောမှ ခိုးယူခံရသည့် ရှားပါးစာရင်းဝင်ကြယ်လိပ် ၁၅၀ ကျော်မှ ၁၀ ကောင်အား ပြန်တွေ့
ယာဉ်တိုက်မှုမှတစ်ဆင့် ရွှေစက်တော်ဘေးမဲ့တောမှ ခိုးယူခံရသည့် ရှားပါးစာရင်းဝင် ကြယ်လိပ် ၁၅၀ ကျော်မှ ၁၀ ကောင်အား ပြန်တွေ့
ရွှေစက်တော် ဘေးမဲ့တောမှ ပြီးခဲ့သည့် ဇန်နဝါရီက ခိုးယူ ခံခဲ့ရသည့် ကြယ်လိပ်ကောင် ရေ ၁၅၀ ကျော်မှ ၁၀ ကောင်ကို ပြန်လည်ရရှိခဲ့သည်ဟု ဘေးမဲ့ တောအုပ်ချုပ်ရေးမှူး ဦးအောင်စိုးတင့်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မကွေး မြို့တွင် ဆိုင်ကယ်နှင့်ကားတစ်စီးတိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူက ၎င်းသယ်ဆောင်လာသည့် အထုပ်ကိုထား၍ ထွက်ပြေးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကျန်ရှိ သည့်ပစ္စည်းများကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးရာ ကြယ်လိပ် ၁၀ ကောင်ဖြစ်နေ၍ ရွှေစက်တော် ဘေးမဲ့တောသို့ ပြန်လည် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ပြန်လည်ရရှိခဲ့သည့် ကြယ် လိပ် ၁၀ ကောင်အနက် ကိုး ကောင်မှာ ဘေးမဲ့တောခြံလှောင် အိမ်အတွင်းမှဖြစ်ပြီး တစ်ကောင်မှာ သဘာဝ တောအတွင်းသို့ လွှတ်ပေးထားသည့် ကြယ်လိပ်ဖြစ် သည်။ လက်ရှိတွင် အဆိုပါ ကြယ်လိပ် ၁၀ ကောင်ကို ဘေးမဲ့တော၌ပင် ထိန်းသိမ်း စောင့်ရှောက် ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီက ရွှေစက်တော် ဘေးမဲ့တောတွင် မွေးမြူထားသည့် ကြယ်လိပ် ၁၅၇ ကောင် ပျောက်ဆုံးခဲ့၍ စကုနယ် မြေရဲစခန်းတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က) ဖြင့် အမှုဖွင့်ထားခဲ့သည်။
Unicode … ယာဉ်တိုက်မမတစ်ဆင့် ရွစက်တော်ဘေးမဲ့တောမ ခိုးယူခံရသည့် ရးပါးစာရင်းဝင် ကြယ်လိပ် ၁၅၀ ကျော်မ ၁၀ ကောင်အား ပြန်တွေ့
ရွစက်တော် ဘေးမဲ့တောမ ပြီးခဲ့သည့် ဇန်နဝါရီက ခိုးယူ ခံခဲ့ရသည့် ကြယ်လိပ်ကောင် ရေ ၁၅၀ ကျော်မ ၁၀ ကောင်ကို ပြန်လည်ရရခဲ့သည်ဟု ဘေးမဲ့ တောအုပ်ချုပ်ရေးမး ဦးအောင်စိုးတင့်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မကွေး မြို့တွင် ဆိုင်ကယ်နင့်ကားတစ်စီးတိုက်မိရာမ ဆိုင်ကယ်မောင်းနင်သူက ၎င်းသယ်ဆောင်လာသည့် အထုပ်ကိုထား၍ ထွက်ပြေးခဲ့ပြီး ဆိုင်ကယ်မောင်းနင်သူ ကျန်ရ သည့်ပစ္စည်းများကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးရာ ကြယ်လိပ် ၁၀ ကောင်ဖြစ်နေ၍ ရွစက်တော် ဘေးမဲ့တောသို့ ပြန်လည် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
‘‘ သြဂုတ် ၂၅ ရက်က ယာဉ် ထိန်းရဲတပ်ဖွဲ့က အကြောင်းကြား လို့ သွားပြန်ယူခဲ့ပြီ၊ ဒါလေး သဲလွန်စရတော့ ကျွန်တော် ထင်တယ်။ ခိုးယူခံရတဲ့ ကြယ်လိပ်တွေက ဒီဝန်းကျင်မာပဲရမယ်လို့ ’’ ဟု ဦးအောင်စိုးတင့်က ပြောသည်။
ပြန်လည်ရရခဲ့သည့် ကြယ် လိပ် ၁၀ ကောင်အနက် ကိုး ကောင်မာ ဘေးမဲ့တောခြံလာင် အိမ်အတွင်းမဖြစ်ပြီး တစ်ကောင်မာ သဘာဝ တောအတွင်းသို့ လွတ်ပေးထားသည့် ကြယ်လိပ်ဖြစ် သည်။ လက်ရတွင် အဆိုပါ ကြယ်လိပ် ၁၀ ကောင်ကို ဘေးမဲ့တော၌ပင် ထိန်းသိမ်း စောင့်ရာက် ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီက ရွစက်တော် ဘေးမဲ့တောတွင် မွေးမြူထားသည့် ကြယ်လိပ် ၁၅၇ ကောင် ပျောက်ဆုံးခဲ့၍ စကုနယ် မြေရဲစခန်းတွင် ဇီဝမျိုးစုံမျိုးကွဲနင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရာက်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က) ဖြင့် အမဖွင့်ထားခဲ့သည်။
ကြယ်လိပ်များသည် မြန်မာနိုင်ငံတွင်သာရသည့် ဒေသရင်းမျိုးစိတ်ဖြစ်ပြီး ရးပါးစာရင်းဝင် ကြယ်လိပ်သည် မျိုးသုဉ်းရန် နီးကပ်နေကြောင်း ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) ၏ အနီရောင်မတ်တမ်း စာအုပ်၌ ဖော်ပြထားသည်။ Crd ; ခိုင်ခိုင်စိုး/ 7 day
Add a Comment
Your email address will not be published. Required fields are marked *