ပြန်မလာနိုင်တော့တဲ့ သခင်ဖြစ်သူကို ၁၀ နှစ်နီးပါး ထိုင်စောင့်နေခဲ့တဲ့ ကမ္ဘာပေါ်က သစ္စာအရှိဆုံးခွေးလေးအဖြစ် အသိအမှတ်ပြုခြင်းခံရတဲ့ ခွေးကလေး ဟာချီကို
ပြန်မလာနိုင်တော့တဲ့ သခင်ဖြစ်သူကို ၁၀ နှစ်နီးပါး ထိုင်စောင့်နေခဲ့တဲ့ ကမ္ဘာပေါ်က သစ္စာအရှိဆုံးခွေးလေးအဖြစ် အသိအမှတ်ပြုခြင်းခံရတဲ့ ခွေးကလေး ဟာချီကို
ကမ္ဘာပေါ်က ခွေးတွေထဲမှာတော့ ဒီခွေးလေးဟာ လူသိအများဆုံး ဖြစ်ပါလိမ့်မယ်။ စာတွေထဲမှာလည်း သစ္စာအရှိဆုံး သံယောဇဉ်အကြီးဆုံး ခွေးတကောင် အနေနဲ့ ရည်ညွှန်းကြပါတယ်။
ဂျပန်နိုင်ငံက စိုက်ပျိုးရေးဆိုင်ရာ ဘာသာရပ်ကို သင်ပေးတဲ့ ပရော်ဖက်ဆာ Hidesaburo Ueno ဟာ ရှားပါးမျိုးစိတ် ဖြစ်တဲ့ Akita ခွေးတစ်ကောင်ကို လိုချင်ခဲ့တာ ကြာပါပြီ။ နောက်ဆုံးမှာ တော့ Hachiko ဆိုတဲ့ ခွေးလေးတစ်ကောင်ကို ၁၉၂၄ခုနှစ်မှာ တွေ့ရှိခဲ့ပြီး မွေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့တွေဟာ သိပ်ကို ခင်မင်ရင်းနှီး သွားကြပါတယ်။
နေ့တိုင်းနေ့တိုင်း Hachiko နဲ့ Ueno တို့ဟာ ဘူတာရုံကိုလမ်းလျှောက်လေ့ ရှိကြပါတယ်။ ညနေဘက်ဆိုရင် Hachiko ဟာ သူ့သခင်စာသင်ပြီး ပြန်အလာကို ဘူတာရုံကိုလာပြီး အမြဲထိုင်စောင့်လျက်ရှိပါတယ်။ တစ်နှစ်လောက်အကြာမှာတော့ Ueno ဟာ စာသင်နေရင်းနဲ့ ဦးနှောက်သွေးကြောပေါက်ကာ ရုတ်တရက် သေဆုံးသွားပါတော့တယ်။
၁၉၃၅ ခုနှစ်မှာ တော့ သခင်ကို နေ့စဉ် ၉ နှစ် ၉ လ ၁၅ ရက်တိ တိတိုင်အောင် ဘူတာရုံရှေ့က အုတ်ခုံ အဝိုင်းလေးပေါ်ကနေ စောင့်မျှော်နေတတ်တဲ့ ဟာချီကိုလေး သေဆုံးခဲ့ပါတယ်။ ခွေးကလေးရဲ့ အရိုးပြာတွေကိုတော့ သူ့သခင်ရဲ့ ဂူဘေးမှာ မြုပ်နှံ ပေးခဲ့ကြပါတယ်။
နှစ်စဉ် ဟာချီကိုလေး သေဆုံးသွားတဲ့ နေရောက်တိုင်းမှာ ဂျပန်က ခွေးချစ်သူတွေဟာ အဲဒီနေရာကို လာရောက်လေ့ရှိပြီး ဟာချီလေးအတွက် ဆုတောင်းပွဲလေးတွေ ကျင်းပနေ ကြဆဲပါ။ ၂၀၁၅ ခုနှစ်မှာတော့ ခွေးလေး နဲ့ သခင်ဖြစ်သူတို့ ပြန်လည် ဆုံဆည်းသွားလေဟန် ရုပ်တုလေးထပ်မံ ထုလုပ်ပေးခဲ့ပါတယ်။ Source ; ThutaZone
Unicode … ပြန်မလာနိူင်တော့တဲ့ သခင်ဖြစ်သူကို ၁၀ နစ်နီးပါး ထိုင်စောင့်နေခဲ့တဲ့ ကမ္ဘာပေါ်က သစ္စာအရဆုံးခွေးလေးအဖြစ် အသိအမတ်ပြုခြင်းခံရတဲ့ ခွေးကလေး ဟာချီကို
ကမ္ဘာပေါ်က ခွေးတွေထဲမာတော့ ဒီခွေးလေးဟာ လူသိအများဆုံး ဖြစ်ပါလိမ့်မယ်။ စာတွေထဲမာလည်း သစ္စာအရဆုံး သံယောဇဉ်အကြီးဆုံး ခွေးတကောင် အနေနဲ့ ရည်ညွန်းကြပါတယ်။
ဂျပန်နိုင်ငံက စိုက်ပျိုးရေးဆိုင်ရာ ဘာသာရပ်ကို သင်ပေးတဲ့ ပရော်ဖက်ဆာ Hidesaburo Ueno ဟာ ရးပါးမျိုးစိတ် ဖြစ်တဲ့ Akita ခွေးတစ်ကောင်ကို လိုချင်ခဲ့တာ ကြာပါပြီ။ နောက်ဆုံးမာ တော့ Hachiko ဆိုတဲ့ ခွေးလေးတစ်ကောင်ကို ၁၉၂၄ခုနစ်မာ တွေ့ရခဲ့ပြီး မွေးခဲ့ပါတယ်။ သိပ်မကြာခင်မာပဲ သူတို့တွေဟာ သိပ်ကို ခင်မင်ရင်းနး သွားကြပါတယ်။
နေ့တိုင်းနေ့တိုင်း Hachiko နဲ့ Ueno တို့ဟာ ဘူတာရုံကိုလမ်းလျာက်လေ့ ရကြပါတယ်။ ညနေဘက်ဆိုရင် Hachiko ဟာ သူ့သခင်စာသင်ပြီး ပြန်အလာကို ဘူတာရုံကိုလာပြီး အမြဲထိုင်စောင့်လျက်ရပါတယ်။ တစ်နစ်လောက်အကြာမာတော့ Ueno ဟာ စာသင်နေရင်းနဲ့ ဦးနာက်သွေးကြောပေါက်ကာ ရုတ်တရက် သေဆုံးသွားပါတော့တယ်။
အဲဒီနေ့မာ Hachi လေးထိုင်စောင့်နေပေမယ့် သူသခင်ကပြန်မလာနိုင်တော့ပါဘူး။ ညနေ ၅ နာရီ အချိန်တိုင်း မိုးရွာရွာနေပူပူ သခင်ကို လာစောင့်နေတဲ့ Hachi လေးကို လူတွေက သတိထားမိလာကြပြီး အစာတွေ လာလာ ချကျွေးကြပါတယ်။ နေ့စဉ်နေ့တိုင်း ရထား ဆိုက်ချိန်တိုင်း ဘယ်တော့မ ပြန်မလာတော့မယ့် သခင်ဖြစ်သူကို စောင့်မျာ်နေတတ်တဲ့ ခွေးကလေးကို မြင်ရသူတွေအဖို့ စိတ်မသက်မသာ ဝမ်းနည်းကြရတယ်။
ဟာချီလေးကတော့ တနေ့နေ့ သခင်ပြန်လာနိုးနဲ့ စောင့်မြဲစောင့်ဆဲပါပဲ။ ခွေးလေးရဲ့အကြောင်းဟာ တစ်မြို့လုံးကို ပျံ့နသွားပြီး သူ့ ရဲ့ သံယောဇဉ်ကြီးမကို လူအများက ချီးကျူး လာကြပါတယ်။သူ့ရဲ့ ပုံတူရုပ်ထု ထွင်းထုပြီး Shibuya ဘူတာရမာ ၁၉၃၄ ခုနစ်က ဖွင့်ပွဲနဲ့ဖွင့်လစ်ခဲ့ပါတယ်။
၁၉၃၅ ခုနစ်မာ တော့ သခင်ကို နေ့စဉ် ၉ နစ် ၉ လ ၁၅ ရက်တိ တိတိုင်အောင် ဘူတာရုံရက အုတ်ခုံ အဝိုင်းလေးပေါ်ကနေ စောင့်မျာ်နေတတ်တဲ့ ဟာချီကိုလေး သေဆုံးခဲ့ပါတယ်။ ခွေးကလေးရဲ့ အရိုးပြာတွေကိုတော့ သူ့သခင်ရဲ့ ဂူဘေးမာ မြုပ်န ပေးခဲ့ကြပါတယ်။
ဟာချီကိုလေး အကြောင်းကို သတင်းတွေမာ မကြခဏ ထည့်ရေးရာကနေ ဘုရင့်ဆီ ရောက်သွားခဲ့ ပါတယ်။ ဂျပန်ဧကရာဇ်ကလည်း ဟာချီကိုလေးကို တိုင်းပြည်ရဲ့ သစ္စာရမ ပြယုဂ်အဖြစ် သတ်မတ်ပေးခဲ့ ပါတယ်။ ဟာချီကိုလေး အမြဲစောင့်နေတတ်တဲ့ ဂိတ်ပေါက်ကို ဟာချီဂိတ်ပေါက်လို့ ခေါ်ကြပါတယ်။
နစ်စဉ် ဟာချီကိုလေး သေဆုံးသွားတဲ့ နေရောက်တိုင်းမာ ဂျပန်က ခွေးချစ်သူတွေဟာ အဲဒီနေရာကို လာရောက်လေ့ရပြီး ဟာချီလေးအတွက် ဆုတောင်းပွဲလေးတွေ ကျင်းပနေ ကြဆဲပါ။ ၂၀၁၅ ခုနစ်မာတော့ ခွေးလေး နဲ့ သခင်ဖြစ်သူတို့ ပြန်လည် ဆုံဆည်းသွားလေဟန် ရုပ်တုလေးထပ်မံ ထုလုပ်ပေးခဲ့ပါတယ်။ Source ; ThutaZone
Add a Comment
Your email address will not be published. Required fields are marked *